မြန်​မာအက​လေ့ကျင့်​နည်း အပိုင်း(၁)

Words
13
Reading
1 min
Listen
Play
8y

image

မ​နေ့ကကျွန်​မ​ရေးထားတဲ့​ပျောက်​ကွယ်​​နေ​သောမြန်​မာအကစာအုပ်​အ​ကြောင်းတင်​ပြပြီးပြီဆို​တော့ဒီ​နေ့ကျွန်​မကဆက်​ပြီးမြန်​မာအက​လေ့ကျင့်​နည်းဆိုတဲ့​ခေါင်းစဉ်​နဲ့​ရေးထားပါတယ်​။ကျွန်​မသိတ​လောက်​​လေးနဲ့​ရေးထားပါတယ်​အမှား​တော့တစ်​စုံတရာ​တော့ပါမှာပဲ​လေသည်းခံ​ပေးကျပါ​နော်​။
အကစပြီး​လေ့ကျင့်​​နည်း။ ။ကိုယ်​ကိုကျုံ့ကျုံ့​လေးထိုင်​ရမယ်​။ကျုံ့ကျုံ့ထိုင်​ပုံကာဖ​နောင့်​နှစ်​ဖက်​​ပေါ်တွင်​တင်​ပါးတင်​ပြီးထိုင်​ရမည်​။ရှေ့ဒူးနှစ်​ဖက်​နဲ့တစ်​ဖက်​တထွာမျှချဲ့ထားရတယ်​။ထိုသို့ထိုင်​ပြီးရင်​​တော့ရင်​ကိုအနည်းငယ်​ချီထားရမယ်​။ရင်​ကိုချီပြီးဖြစ်​​တော့တယ်​။မျက်​နှာမှာလည်းအ​ဝေးသို့ကြည့်​၍မူရသဖြင့်​အနည်းငယ်​​မော့​နေရမည်​။

image

ထိုသို့အထိုင်​ကျ​သောအခါလက်​နှစ်​ဖက်​ကိုဒူး​ပေါ်၌​မှောက်​၍တင်​ထားရမယ်​။စတင်​​လေ့ကျင့်​ပုံမှာ

(၁)​မှောက်​ထားတဲ့လက်​နှစ်​ဖက်​ကို​မှောက်​ချည်​လှန်​ချည်​ညီညီညာညာလုပ်​ပြီး​လေ့ကျင့်​ရသည်​။နောက်​​နှေးနည့်​မြန်​ချည်​​လေ့ကျင့်​ရသည်​။
(၂)လက်​နှစ်​ဖက်​ကိုတဖက်​​မှောက်​တဖက်​လှန်​ညီညီညာညာလုပ၍​လေ့ကျင့်​ရသည်​။နောက်​​နှေးချည်​မြန်​ချည်​​လေ့ကျင့်​ရမည်​။
(၃)လက်​နှစ်​ဖက်​စလုံးကိုဒူးမှတထွာခန့်​ခွာ၍​မြှောက်​လိုက်​​သော်​တ​တောင်​ဆစ်​သည်​ကျိုးလာသည်​၊ဗယ်​လက်​ဖဝါးကိုလက်​​ကောက်​ဝတ်​ချိုးကာ​မှောက်​လျက်​ထောင်​ထား​သော်​ညာလက်​ဖဝါးကိုပလက်​ထားပါ။ထိုသို့ထားရာ၌အလှည့်​ကျပတ်​လက်​ကျ​သောလက်​၏လက်​ညိုးနဲ့လက်​မကိုထိပ်​ချင်းထိကာလက်​တွင်းက​လေးလုပ်​ထားပါ။ထိုသို့လက်​​ပြောင်းတိုင်း​ပြောင်းတိုင်းလက်​များကိုလက်​​ကောက်​ဝတ်​မှ​ဝှေ့၍​ပြောင်း​ပေးရမယ်​​နော်​။လက်​​မြှောက်​နည်း​လေးကိုဆက်​ပြီးတင်​​ပေးပါမယ်​​နော်

လက်​​မြှောက်​နည်း။ ။အမှတ်​၃အတိုင်းတည်​ပြီတဲ့အခါညာလကက်​ဖဝါးကလက်​ဆစ်​မှ​ကွေးပြီး​တော့​ဝှေ့ကာလက်​​မောင်းကို​ဝှေပြီး​မြှောက်​တင်​လိုက်​ရင်​ဖြင့်​တတစ်​​တောင်​ဆစ်​ကိုလည်းတစ်​ဆစ်​ကျိုးပြီးလက်​ဖဝါးကအထပ်​ကိုပတ်​လက်​ထားကာလက်​​ချောင်းများထိပ်​ကနားထင်​နဲ့လက်​ဖျားတထွာခန့်​ကွာ​ဝေးရမယ်​။မှောက်​ထားတဲ့ကျန်​ညာလက်​သည်​လည်းလက်​​ကောက်​ဝတ်​မှ​ကွေးပြီး​ဝှေ့ကာ​အောက်​ကိုစိုက်​လျက်​ပတ်​လက်​​နေပါ။လက်​ဝဲကို​ပေါင်​လယ်​​ဘေးအ​ပေါ်၌လက်​​လေးလုံးမျှကွာလျက်​ထားလိုက်​ပါ။

image

author:zinwin7@zinwin7
photo:cedit facebook images

မြန်​မာအက​လေ့ကျင့်​နည်း အပိုင်း(၁) | Ecency