ပျောက်ကွယ်နေသောမြန်မာအကစာအုပ် အပိုင်း ( ၂)

Words
15
Reading
1 min
Listen
Play
8y

received_1900074996958686.jpeg

စာအုပ်​​ဟောင်း​တွေ​ရောင်းတဲ့ဆိုင်​​တွေငှားတဲ့ဆိုင်​​တွေမှာရှာကြည့်​ပါလို့​ပြောလိုက်​တယ်​။
တစ်​လ​လောက်​​နေ​တော့အဲ့ညီမက​ပြောလာတယ်​။
အစ်မရှာလို့မ​တွေ့ဘူးတဲ့​နေရာလည်းစုံ​နေပြီတဲ့အမကဇာတ်​မင်းသား​တွေနဲ့ထင်​တယ်​ဆို​တော့သူတို့ကို​မေး​ပေးပါဆို​တော့ကျွန်​မလည်းကိုယ့်​အတွက်​အပန်းကြီးတဲ့ဟာလည်းမဟုတ်​​တော့ကျွန်​မနဲ့ခင်​တဲ့ဇာတ်​မင်းသား​လေးကို​မေး​တော့မရှိဘူးတဲ့အဲ့ဒီစာအုပ်​ကအ​တော်​​လေးကိုရှားသွားပြီတဲ့အခုဆိုရှာလို့ကိုမရ​တော့သာတဲ့ကဗျာလွတ်​အကသင်တဲ့​video​တွေပဲရှိတယ်​တဲ့ကျွန်​မ​လေအံ့သြမိတယ်​။
ဒီလိုအင်တာနက်ကြီးမြှာ​မန်​မာအကစာအုပ်​​တွေကိုရှာလို့မ​တွေ့ဘူးဆို​တော့အင်​တာနက်​မှာမကစာအုပ်​​ဟောင်းဆိုင်​​တွေမှာ​တောင်​ရှာလို့မ​တွေ့​တော့သာဝမ်းနည်းမိတယ်​။

received_1900123516953834.jpeg

ဒီလိုမြန်​မာအကစာအုပ်​​တွေအများကြီး​ပေါ်ထွန်း​စေချင်တာကျွန်​မတစ်​​ယောက်​ထဲတော့မဟုတ်​​လောက်​ဘူးလို့​တော့ကျွန်​မ​တော့ထင်​တယ်​။
အဲ့လိုစာအုပ်​​တွေအများကြီး​ပေါ်​ပေါက်​လာမှရိုးရာလည်းမ​ပျောက်​​နောင်​လာမည့်​မျိုးဆက်​သစ်​​လေး​တွေမြန်​မာအကကိုသင်​ပြီမြန်​မာ့ရိုးရာယဉ်​​ကျေးမှုအနုပညာကိုမ​ပျောက်​မပျက်​ဘဲထိန်းသိမ်းကြမည့်​လူငယ်​​တွေအများကြီး​ပေါ်ထွန်းလာမယ်​လို့ကျွန်​မထင်​တယ်​။
အခုဆိုရင်​မြန်​မာ့ယဉ်​​ကျေးမှု​တွေ​ပျောက်​ကွယ်​လာပြီးအ​နောက်​တိုင်းယဉ်​​ကျေးမှု​တွေလွှမ်းမိုးလာတာဟာလူမျိုး၊ဘာသာ၊သာသနာ​ပျောက်​ကွယ်​​တော့မည့်​အစပဲဆိုသာသိ​စေချင်​တယ်​။
ကျွန်​မကလည်းလူငယ်​တစ်​​ယောက်​ပါပဲလူငယ်​တစ်​​ယောက်​အ​နေနဲ့အ​နောက်​တိုင်းအဝတ်​အစား​တွေဂီတ၊အနုပညာ​တွေမကြိုက်​ဘူးလားလို့​မေးချင်​​မေးမှာပဲကျွန်​မအ​နေနဲ့မကြိုက်​ဘူးလို့​တော့မ​ညာချင်​ပါဘူ။
သင့်​ရုံမျှ​လောက်​ပဲကြိုက်​တယ်​မြတ်​နိုးလား​မေးရင်​​တော့မမြတ်​နိုးဘူးကျွန်​မတကယ်​မြတ်​နိုးတန်​ဖိုးထားသာမြန်​မာ့ယဉ်​​ကျေးမှုပါရှင့်။
အဲ့ဒါကိုကျွန်​မသူငယ်​ချင်းမိတ်​​ဆွေ​တွေကကျွန်​မကိုနင်​က​ခေတ်​​နောက်​ကျသာပဲ​နော်​တဲ့ကျွန်​မ​တော့​ခေတ်​​နောက်​ကျတယ်​လို့မထင်​ပါဘူး။
ဘာလို့လည်းဆို​တော့ကိုယ့်​ယဉ်​​ကျေးမှုကိုမြတ်​နိုးတန်​ဖိုးထားသာ​ခေတ်​​နောက်​ကျတာ​နောက်​မကျတာနဲ့ဆိုင်​သလားရှင်။

received_1900074986958687.jpeg

author:zinwin7@zinwin7
photos:cedit facebook images

ပျောက်ကွယ်နေသောမြန်မာအကစာအုပ် အပိုင်း ( ၂) | Ecency