ပျောက်ကွယ်နေသောမြန်မာအကစာအုပ် (အပိုင်း ၁ )

Words
20
Reading
1 min
Listen
Play
8y

received_401835626985684.jpeg
အခုကျွန်​မ​ရေးမည့်​စာက​တော့အခု​ခေတ်​မှာ​ပျောက်​ကွယ်​လုနီးပါးရှိ​နေပြီးဖြစ်​တဲ့မြန်​မာ့ရိုးရာမြန်​မာအကပဲဖြစ်​ပါတယ်​တယ်။
မြန်​မာအက​လေ့ကျင့်​နည်းကိုမ​ရေးခင်​မြန်​မာအကစာအုပ်​ရှာလို့မရတဲ့အ​ကြောင်းနဲ့ကျွန်​မရဲ့အ​တွေးအကြံ​လေးအရင်ပြောလိုက်​အုံးမယ်​​နော်​။
မြန်​မာအက​စာအုပ်​​တွေအခု​ခေတ်​ကြီးမှာ​ပျောက်​ကွယ်​လာပြီးမြန်​မာအကသင်​ချင်​ကြတဲ့ညီကို​မောင်​နှမ​တွေများကမြန်​မာအကစာအုပ်​​တွေရှာ​ဖွေကြရာမှာလုံးဝကိုမ​တွေ့ကြ​တော့သာအမှန်​ပါပဲ။
အခြားအကသင်​စာအုပ်​​တွေ​တော့အများကြီးရှိပြီးဒီလိုမြန်​မာ့ရိုးရာမြန်​မာအကစာအုပ်​ကဘာလို့မရှိကြ​တော့သာလည်းဆိုသာစဉ်းစားမိတယ်​။
received_401835693652344.jpeg
အမျိုး၊ဘာသာ၊သာသနာ​ပျောက်ကွယ်​ခြင်းရဲ့အစကလည်းဒီလိုရိုးရာအက​တွေ ရိုးရာအက​စာအုပ်​​တွေ​ပျောက်​ကွယ်​ခြင်း​ကြောင့်​ပဲလို့ကျွန်​မက​တော့ထင်​မိတယ်​။
ဘာလို့လည်းဆို​တော့ဒီလိုစာအုပ်​​တွေရှိမှဒီ​ခေတ်​လူငယ်​​လေး​တွေမြန်​မာအကကိုသင်​ကြမယ်​။
ပြီးရင်​ကိုယ်​ပိုင်​ဇာတ်​​တွေ​ထောင်​ပြီးရိုးရာယဉ်​​ကျေးမှု​တွေထုတ်ဖော်​ကြပြီးကိုယ့်​လူမျိုး၊ကိုယ့်​ရိုးရာ၊ကိုယ့်​ယဉ်​​ကျေးမှု၊ကိုယ့်​ဘာသာ၊သာသနာ​တွေထုတ်ဖော်​ပြီးပြဇာတ်​​တွေကကြမယ်​။
ထိန်းသိမ်းကြမှမ​ပျောက်​မပျက်​ဘဲကမ္ဘာတည်​တန့်နေသရွေ့တည်​တံ့ခိုင်​မြဲမှာမဟုတ်​ဘူးလား။
ဒီလို​ပြောလို့လည်းဒီခ​လေးမဇာတ်​ကချင်​လို့လား၊ဇာတ်​ထဲဝင်​မလို့လားလို့ကျွန်​မကိုစိတ်​ထဲက​နေ​ပြော​နေမယ်​ဆိုတာကျွန်​မသိပါ​တယ်​။
ဒါ​ပေမဲ့အထင်​နဲ့အမြင်​​တော့ကွားခြား​နေတယ်​လို့ကျွန်​မ​ပြောချင်​တယ်​။
ကျွန်​မအခုလိုမြန်​မာအကစာအုပ်​​တွေ​ပျောက်ကွယ်​ပြီလို့​ပြောရခြင်းကလည်းဟို​တ​နေ့က​ဖေးဘုတ်​ထဲကညီမတစ်​​ယောက်​ကလာ​မေးတယ်​။
အမမြန်​မာအကစာအုပ်​ကိုဘယ်​လိုရှာရမလည်းတဲ့ကျွန်​မကလည်းသူ့ကို​ပြောလိုက်​တယ်​။
မြန်​မာအကစာအုပ်​ဒါမှမဟုတ်​ရင်​ကဗျာလွတ်​စာအုပ်​လို့်စာရိုက်​ပြီးအင်​တာနက်​မှာရှာကြည့်​ပါလားလို့​ပြော​တော့ညီမရှာကြည့်​ပြီးပြီတဲ့မ​တွေ့ဘူးတဲ့အဲ့ဒါနဲ့ပဲကျွန်​မကလည်းအကြံတစ်​ခု​ပေးလိုက်​တယ်​။
နောက်ထက်တင်ပြပေးသွားပါမယ်ရှင့် စောင့်မျှော်ပေးကြပါ။
author:zinwin7@zinwin7
photos:cedit facebook images

ပျောက်ကွယ်နေသောမြန်မာအကစာအုပ် (အပိုင်း ၁ ) | Ecency