ကိုယ်ရလိုက်ရတဲ့နောင်တတစ်ချို့

zinwin7(51)
Published in
#ecency
Words
18
Reading
1 min
Listen
Play
5y

img_0.6370618326588834.jpg

ညကသည်းခဲ့တဲ့မိုး
မနက်ထိ
တအိအိနဲ့ရွာနေတုန်း....
ညကငိုခဲ့လို့
သုတ်ထားတဲ့မျက်ရည်လဲ
အခုမနက်ထိ
လက်မောင်းမှာစိုစွတ်နေတုန်း
သေခြင်းတရားကိုလဲ
ငါနဲ့အဝေးဆုံးမှာလို့
ထင်နေတုန်းပဲ
ချစ်ခြင်းတရားတွေကိုလဲ
အကြာကြီးတည်မြဲလိမ့်မယ်လို့
ငါထင်ခဲ့တုန်းပဲ
ကိုယ်မထင်ထားတဲ့
အကြောင်းအရာတွေက
ကိုယ်နဲ့အနီးဆုံးမှာရှိနေတာကို
နောက်မှသိခဲ့ရတယ်

zinwin7@zinwin7

ကိုယ်ရလိုက်ရတဲ့နောင်တတစ်ချို့ | Ecency