ဒီညစာအတွက်အဖေကချဉ်ပေါင်ခါးဟင်းရည်တစ်ခွပ်လောက်ချက်ပေးပါအုံးဆိုလို့ခြံထဲဆင်းပြီးချဉ်ပေါင်ခါးရွက်လက်နှစ်ဆုတ်စာခူးပြီးရေစင်အောင်စစ်လိုက်ပါတယ်။
အဲ့လိုရေစစ်ထားပြီးကြက်သွန်ဖြူ၃တက်ကြက်သွန်နီအသေးတစ်လုံးတင်ပြီးလှီးဖြတ်လိုက်ပါတယ်။လှီးဖြတ်ထားတဲ့ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ဆီ၊အရောင်တင်၊နနွန်း၊ငပိစိမ်းအနည်းငယ်ဆီထည့်ပြီးဆီမွှေးတက်ဆီမွှေးတက်တာမွှေးလာပြီဆိုတော့မှေရစစ်ထားတဲ့ချဥ်ေပါင်ခါးရွက်ကိုထည့်ဟင်းခပ်မှုန့်ေလးထည့်ပြီးလှိမ့်လိုက်ပါတယ်။လှိမ့်သွားပြီဆိုေတာ့မှရေကိုပန်ကန်လုံးနှစ်ခွပ်စာထည့်ပြီးအဖုံးအုပ်ထားလိုက်တယ်။
အတော်လေးကြာမှအဖုံးလေးဖွင့်ကြည့်လိုက်ပြီးရေပွက်လာပြီရေလဲအနည်းငယ်ကျလာတော့မှမီကိုပိတ်လိုက်ပြီးစားကြည့်လိုက်တာစားလို့ကောင်းလိုက်တာချဉ်ပေါင်ခါးဆိုပေမယ့်အချဉ်ဓာတ်လေးကပါတော့ချဉ်ခါးလေးနဲ့စားစားလို့ေကာင်းတယ်။
ဘာစားစားခံတွင်းမေတွ့တဲ့အချိန်စားပေးရင်ပိုကောင်းတယ်လို့တော့လူကြီးတွေပြောတာကြားဖူးတယ်။
ချဉ်ပေါင်ခါးဟင်းချက်ရင်းငယ်ငယ်ကအမေမကြာခနချက်ကျွေးတာကိုသတိရမိတယ်ကျွန်မအမေချက်ကျွေးတာကကျွန်မချက်တာထပ်ပိုစားကောင်းတယ်။ချဉ်ပေါင်ခါးချက်ရင်ငယ်ဘဝတစ်ချို့ကိုသတိရလိုက်တာ။