steemit ချစ်သူများအားလုံး မင်္ဂလာပါခင်ဗျာ
ကျနော် ဒီနေ့ ပြောချင်တာကတော့ steemit ပေါ် ရောက်ရှိနေကြတဲ့
ရွှေမြန်မာအတွက်ပါ
အစကတော့ မပြောဘူးလို့  တွေးထားတာ
ဒါပေမယ့်လဲ မပြောမပီး မတီးမမြည်ဆိုသလိုပဲ ပြောပါအုံးမယ်
မြန်မာ steemit user အချင်းချင်း ဖေးမကူညီဖို့ ထက် တစ်ယောက်နဲ့တစ်ယောက် ထိခိုက်အောင် လုပ်နေကြတာတွေကိုလဲ တွေ့ရှိရပါတယ် အဓိက ကဘာလဲဆိုတော့ ဒါဟာ နားလည်မူတွေကွဲလွဲနေကြတာလား စိတ်သဘောထားခြင်း မတိုက်ဆိုင်တာကြောင့်လား ဆိုတဲ့ သို့ လော သို့ လော အတွေးတွေ ကျနော် တွေးမိပါတယ် ကျနော်ကတော့ steemit ကို စဝင်ခဲ့တာ မကြာသေးပေမယ့် steemit ကို ကျနော် နားလည်သလောက်လေး ကြိုးစားနေတုန်းပါပဲ
နောက်ပြီးတော့
steemit မှာ myanmar တွေ အများကြီး ရောက်ရှိနေကြပါပြီး
တတ်သိနားလည်းတဲ့ သူများကလဲ လမ်းပြပေးကြပါတယ်
အဓိက ကတော့ copy မလုပ်ဖို့ ပါပဲ ရေးတင်စရာမရှိဘူးဆိုတာ မရှိပါဘူး ဥပမာ သူငယ်ချင်းအကြောင်းများ မိသားစုအကြောင်းများ မိမိအကြောင်းများ ချစ်သူ အကြောင်းများ စားသောက်ဖွယ့်ရာ အကြောင်းများ ဓါတ်ပုံအကြောင်းများ မိမိခရီးထွက်ရာတစ်လျှောက် လေ့လာမှတ်သားမိသောအကြောင်းများ အစအစ ရှိတဲ့ နေ့ စဉ်လူပ်ရှားမူအကြောင်းရာများကို မှီငြမ်း၍ ရေးလျှင်လဲ မည်သူမျှ အထင်မသေးပါ copy ဆိုလျှင်သာ အထင်သေးပြီး နာမည်ပျက်ပါမည်ခင်ဗျ
ကျနော်ဆိုလျှင် စိတ်ကူးရှိရာသာ ရေးပါတယ် ယခုရေးသားနေခြင်းဟာလဲ စိတ်ထဲရှိရာ တွေးမိသလောက် ရေးနေခြင်းပင် ဖတ်မကောင်းလို့ ဆိုလဲ သည်းခံပေးပါ
ဘာကြောင့်ဆို ကျနော်က pro စာရေးဆရာ လည်း မဟုတ်သလို
ရိုးရိုးစာရေးဆရာ တစ်ယောက်လဲ မဟုတ်ပါဘူး
အခုမှ စာမျက်နှာ နှစ်ရာရဲ့အစ စာတစ်မျက်နှာပဲ ရှိပါသေးတယ်
ကျနော်တို့ တွေဟာ steemit web blog ထဲကို ဝင်လာခြင်းဟာ
တခြားအကြောင်းအရာများ တူညီချင်မှ တူညီပါလိမ့်မယ်
ရည်ရွယ်ချက်ကတော့ ပိုက်ဆံရတယ် ဆိုတဲ့ စိတ်ကတော့ အကုန်တူညီပါတယ်
steemit မှာ အဖွဲ့စည်းများနဲ့ လုပ်နေကြသလို တစ်ကိုယ်ထဲ ရပ်တည်နေတဲ့ သူတွေလဲ ရှိပါတယ်
လက်တွဲတူညီ အောင်ပွဲဆီသို့  အတူတူလှမ်းနေကြသည်မှာ
ပျော်ရွင်စရာ ကောင်းပါတယ်
တစ်ကိုယ်ထဲ ရပ်တည်နေတဲ့သူများကလဲ စိတ်မရှုပ်တာချင်တာလဲ ဖြစ်မှာပါ ဘာကြောင့်ဆို အဖွဲ့စည်းဆိုတာ လူမညီရင်တို့  စည်းကမ်းလိုက်နာဖို့  အတင်း တင်းကြပ်ရင် တို့  ဆိုရင် စိတ်ရှုပ်တတ်သူများမကိုက်ဘူး ထင်ပါတယ်
တစ်ခုပြောချင်တာက
ကျနော်ရေးထားတာတွေဟာ ဆရာလုပ်တာ ဘာတစ်ခုမှ မပါပါဘူး
လောလောဆယ်တော့ ကျနော် တွေးမိသလောက်လေးနဲ့ရေးလိုက်တာ
steemit မှာ သူနဲ့ချိတ်ဆက်ပြီး တိုးဝင်ဖို့ ကြိုးစားနေတဲ့ apk လေးတွေကိုလဲ ကျနော်လေ့လာမိတယ်
@zappl apk သူကတော့ စထွက်တုန်းက သူ apkကို အသုံးပြုရင်
$အတော်များများ လာ voteတယ်လို့  သိရတယ် ဒါပေမယ့်နောင်ပိုင်းမှာ steemit acc passwordတွေ ပါကြတယ်လို့  ပြောကြပါတယ် ယခုထက်ပြီး ပေါ်နေတာကတော့ @bsteem ပါ သူက ဘာတွေကောင်းလဲဆိုတာ ကျနော်မသိသေးပါဘူး
အခုလောလောဆယ်မှာတော့ @esteem apk နဲ့
@busy ပဲ အသုံးပြုကြတာ များပါတယ်
ကျနော်ကတော့ $esteem ကို အကြိုက်ဆုံးပါ 10%ဖြတ်တာဟာ ကိုယ့် post ကို bot မသုံးဘူးဆို @esteem apk ကို သုံးသင့်ပါတယ် သူပေးတဲ့ promotionက တခြားapkတွေထက်ကို $အများကြီးတတ်ပါတယ်
ဒီလောက်ထိ လိုက်ဖတ်ပေးလို့  ကျေးဇူးတင်ပါတယ်
နောက်လဲ သိသလောက်လေးတွေ ရေးသွားပါအုံးမည်