ငါအတွက် လက်ဆောင်

Words
57
Reading
1 min
9y
Listen to this post
~1 min

image

ကိုယ့်ဆီကို ရောက်လာတဲ့ ထိမ်းမြားခြင်း လက်ထပ် ဖိတ်စာ

ဝေးကြပြီးဆိုတဲ့ သင်ကေတတွေနဲ့ ပြောလိုက်သလိုပဲ

ချစ်ခြင်းကို အနိင်အရှုံး ဘယ်တော့မှ မသတ်မှတ်ဘူးတဲ့ ကိုယ်ဟာ

ဖိတ်စာကို မြင်ရတာဟာ သေမင်းကို မြင်လိုက်ရတာထက် လန့်ခဲ့

တကယ်ပါ ချစ်ခြင်းဟာ စ တိုးနဲ့ တွက်ရင် ဒီကောင်ဘက်ကို အလေးချိန်များတယ်

မယုံကြည်ခြင်းကို လွယ်လွယ်ရရှိခဲ့တဲ့နေ့ဟာ

တစိမ့်စိမ့်တွေးပြီး ကိုယ် ငိုတယ်

ဝမ်းနည်းခြင်းမျက်ရည်ဟာ ကူရာမဲ့ခဲ့

ဖြေစရာဆိုလို့ ဆေးလိပ်နဲ့ အရက်ပဲအဖော်ရှိခဲ့

မြတ်နိးခြင်းနဲ့ ယုံကြည်ခြင်းကို ရှေ့တန်းတင်ခဲ့တဲ့ ကိုယ်

သိပ်မှားတယ်လို့ နောင်တတော့ မရမိ

တကယ်တော့ ဘဝက ကိုယ်လိုသလောက်မှ ခရီးမရောက်ခဲ့တာ

ကြယ်တွေ ကြွေနေတာကြည့် ဒီကောင်ဆုတောင်းဖို့

ထိပ်လန့်ခြင်းများစွာနဲ့ မျက်နှာလွှဲခဲ့

ဘာပဲဖြစ်ဖြစ် ကိုယ်ချစ်ခြင်းကတော့

အပြစ်ကင်းခဲ့ပါတယ်……

image
photo.from .google.

zinmyothu@zinmyothu

ငါအတွက် လက်ဆောင် | Ecency