ဟုတ်ပြီဗျာ X'mer တပ်ဆင်မှု အပိုင်းကို ပြန်သွားရအောင်။ X'mer တစ်လုံး ထိုင်တော့မယ် ဆိုရင် မရှိမဖြစ်လိုအပ်တာက X'mer ထိုင်မဲ့  X'mer ဝန်း။ ပြီးရင်တော့ HT line ပြေးဖို့  အနည်းဆုံးနှစ်တိုင်စင်။ ပြီးရင် DS (Disconnecting Switch)
သုံးပြီး ရပ်နားထားတာကြာပြီဖြစ်တဲ့ X'mer တစ်လုံးကိုပြန်သုံးတော့မယ် ဆိုရင် အရင်ဆုံး Megger test ပြန်စစ်ရပါတယ်။ Megger Result မကောင်းဘူးဆိုရင်တော့ X'mer Oil ကို ပြန်လည်သန့်စင်တာ အကောင်းဆုံးဖြစ်ပါတယ်။
X'mer Oil သန့်စင်ရသလို silica gel လည်း လဲလှယ်ရပါမယ်။ ဆီယ်စိမ့်မှုမရှိအောင်လည်း bushing seal များကိုစစ်ဆေးရပါမယ်။ အဲ့တာတွေ အကုန်ပြီးပြီ ဆိုရင်တော့ X'mer ကို Megger ပြန်ရိုက်ရပါမယ်။ အကောင်းဆုံး အနေအထားကိုရောက်ပြီ ဆိုရင်တော့ X'mer ပြင်ဆင်ခြင်း လုပ်ငန်းပြီးပြီပေါ့ဗျာ။ ပြီးရင်တော့ X'mer တပ်ဆင်ခြင်းအပိုင်းပေါ့။
စတပ်တဲ့ အချိန်တုန်းက ကျွန်တော် တိုင်ပေါ်ကနေမဆင်းရဘူး။ နေပူပူထဲ တိုင်ပေါ်နေရတာ တော်တော်မလွယ်တဲ့ အလုပ်ဗျ။ ဒါတောင် လိုင်းဆွဲပြီးသားကို တက်ရတာနော်။ အရင်ဆုံး LA ကိုတပ်တယ်။ ပြီးတော့ DS ခုံဆင်တယ်။ ပြီးတော့ DOF တပ်တယ်။ တစ်ခုချင်းဆီအတွက် earthing ကို သေချာအောင်လည်း တပ်ဆင်ရပါတယ်။ earthing ကို မဖြစ်မနေတပ်ဆင်ရပါတယ်။ လျှပ်စစ်အတွက် earthing ဟာ အရမ်းအရေးကြီးပါတယ်။ နေရာတိုင်းမှာတပ်ဆင်ရပါတယ်။မဟုတ်ရင် fault တစ်ခုခုကြောင့် X'mer ထိခိုက်နိုင်ပါတယ်။X'mer မထိခိုက်ရလေအောင် earthing ကောင်းဖို့ လိုပါတယ်။ DOF ကနေ ထွက်လာတဲ့ line ကို Circuit Breaker နဲ့ ချိတ်ဆက်ပြီး Circuit Breaker မှတစ်ဆင့် X'mer ထဲကို ထည့်သွင်းပါတယ်။ ဒါကတော့ HT အပိုင်းပေါ့ဗျာ။
LT အပိုင်းကိုတော့ 440v နဲ့ပဲပြောပြတော့မယ်။ X'mer ကနေ ထွက်လာတဲ့ LT အပိုင်းမှာတော့ ငုတ် 4ခုဖြစ်ပါတယ်။ a b c n ဆိုပြီး ငုတ် 4 ခုရှိပါတယ်။ သတ်မှတ်ချက်အနေနဲ့ a b c n ဆိုပြီး ထားပေမဲ့ လျှပ်စစ်သမားတွေကတော့ R Y B N ဆိုပြီးတော့ပဲမှတ်ထားကြပါတယ်။ Red Yellow Blue နဲ့  Neutral ပေါ့ဗျာ။အဲ့ဒီမှာ Neutral ငုတ်ကို Neutral earth ချပေးရပါတယ်။ ပြီးရင်တော့ Distribution board ကို သွားမယ်ပေါ့ဗျာ။
အားလုံးကို လျှပ်စစ်အသိပညာတိုးပွားစေချင်တဲ့ 
မောင်ဇင်
MSC-237
@zinminnaing
Photo credit- Google