electricity 440v အခြေခံ မှတ်သားဖွယ်ရာများ

Words
158
Reading
1 min
Listen
Play
9y

220v 15160032023841725040245.jpgနဲ့ပတ်သက်လို့  အခြေခံ သိသင့်တဲ့အချက်တွေနဲ့ ပြုပြင်ရာမှာသတိထားရမဲ့အချက် အချို့ ကို ပြောပြပြီးပြီဆိုတော့ ဒီတစ်ခေါက်မှာ 440v နဲ့ပတ်သက်တာလေး အနည်းငယ်တင်ပါမယ် ။

 220v ကို အိမ်တွင်းမှာအသုံးပြုပြီးတော့ 440v ကိုတော့ စက်ရုံနှင့် အသေးစား လုပ်ငန်းများမှာအသုံးပြုပါတယ်။ 440 v line တစ်ခုမှာ wire (or) cable 4 core ပါဝင်ပါတယ်။ wire 4 core ရှိ 3core တွင် line တစ်line ဆီမှာ 220 v ရှိပြီး neutral တစ်လိုင်း ပါဝင်ကာ စုစုပေါင်း 4core ပါဝင်ပါတယ်။ 220v အသုံးပြု၍ရသလို 440v ကိုလည်း အသုံးပြုလို့ ရပါတယ်။ 11kv ~440v  X'Mer မှ 440v step down ပြုလုပ်ပြီး neutral ကိုတော့ သန့်စင်သော earth မှ ရရှိပါတယ်။ 440v ကို welder machine များ motor များမှာ အသုံးပြုပြီး အများအားဖြင့် တော့ စက်ရုံတွင်းအသုံးပြုခြင်းသာ ရှိပါတယ်။ကျွန်တော်တို့ မြန်မာပြည်ရှိ အိမ်သုံးလျှပ်စစ် မီးကြိုးများကို X'Mer မှအထွက် 440 line မှ တစ်ဆင့် load balance ပြုလုပ်ကာ 220v ရယူအသုံးပြုခြင်းဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာ တပ်ဆင်ထားတဲ့မီးတိုင် များ ဟာ wire လေးချောင်းပါရင် 440v line ဖြစ်ပြီး အိမ်တွင်းအသုံးပြုရန် ထို 440 v line မှ line တစ်ကြိုးနှင့် neutral ကြိုးကို ချိတ်ဆက်အသုံးပြုခြင်းဖြစ်ပါတယ်။ line ကြိုးနှင့် neutral ကြိုး တစ်ချောင်းဆီ အသုံးပြုရမှာဖြစ်ပြီး line ကြိုး နှစ်ချောင်း ချိတ်ဆက်အသုံးပြုမိပါက 440v ဖြစ်ကာ အိမ်သုံးလျှပ်စစ် ပစ္စည်းများ ပျက်ဆီးဆုံးရှုံးနိုင်ပါတယ်။ အဲ့တာကြောင့် မိမိအိမ်တွင်း မီးအားကျ၍ အခြားလိုင်းတစ်ခုသို့ ပြောင်းရွှေ့  ချိတ်လိုပါက သိနားလည်သော လျှပ်စစ် ဝန်ထမ်း ကို ခေါ်ယူ ရပါမည်။ လိုင်းတစ်လိုင်းချင်းဆီကို colour ဖြင့် သတ်မှတ်ထားပြီး RYB ဟု အတိုကောက်ခေါ်ဆိုပါသည်။ ဆက်လက်ဖော်ပြပါမည်။ အားလုံးကို လေးစားစွာဖြင့် လျှပ်စစ်နှင့်ပတ်သက်သည့် အသိပညာတိုးပွားစေလိုသည့်



                                              မောင်ဇင်1516003241266272033639.jpg

electricity 440v အခြေခံ မှတ်သားဖွယ်ရာများ | Ecency