To my junior officer(3)

Words
105
Reading
1 min
Listen
Play
9y

image
ညီငယ်​အရာရှိသို့ ​ပေးစာ(၃)

6 March 2018(Tue)
သို့...
ညီငယ်
ဒီတစ်​ပတ်​လည်း သိသင့်​သိထို်​က်​သည်​များကို ဆက်​လက်​သင်​ကြား​ပြောပြ​ပေးမယ်​။အဖွဲ့အစည်းတစ်​ခုမှာ တာဝန်​ထမ်း​ဆောင်​ရပြီဆိုလျင်​ မိမိဌာနအတွင်းသာမက အခြားဌာနအလိုက်​မှာရှိ​နေတဲ့ ရာထူး၊အဆင့်​အ​ခေါ်အ​ဝေါ်များကို မြန်​မာလိုသာမက ကမ္ဘာသုံးအင်္ဂလိပ်​လိုပါ သိရှိ ထားဖို့လိုအပ်​တယ်​။ဒါမှသာ ဌာနအတွင်း​ပြောဆိုဆက်​ဆံရာတွင်​လည်း​ကောင်း၊ပြည်​ပနိုင်​ငံများနှင့်​ ဆက်​ဆံရာတွင်​လည်း​ကောင်း အဆင်​​ပြေချော​မွေ့​နေမှာ ဖြစ်​တယ်​။

ညီ​လေးတို့ ​ကျောင်းဆင်းပြီးလို့ သက်​ဆိုင်​ရာ ဌာန​တွေ မှာ တာဝန်​ထမ်း​ဆောင်​ကြရတဲ့အခါမှာ ​ရောက်​ရှိ​ကြောင်း အထက်​အရာရှိကြီးထံသို့ လူကိုယ်​တိုင်​ သွား​ရောက်​သတင်းပို့ရမှာဖြစ်​တယ်​။ထိုသို့သွား​ရောက်​​တွေ့ဆုံသတင်းပို့တဲ့အခါမှာ အရာရှိကြီးထံသို့ တိုက်​ရိုက်​ဝင်​​ရောက်​​တွေ့ဆုံခွင့်​မရှိ​ကြောင်း သိရှိထား ရမယ်​။ပထမဦးဆုံး ထိုအရာရှိကြီးရဲ့ ကိုယ်​​ရေးအရာရှိ (သို့မဟုတ်​)ရုံးအဖွဲ့မှူးမှတဆင့်​ ​တွေ့ဆုံရန်​ သတင်းပို့ရမယ်​။အရာရှိကြီးက ​တွေ့ဆုံရန်​ ခွင့်​ပြုမှသာလျင်​ ဝင်​​ရောက်​​တွေ့ ဆုံရမှာဖြစ်​တယ်​။မိမိ​တွေ့ဆုံမည့်​ အထက်​အရာရှိမှာ ကိုယ်​​ရေးအရာရှိ၊ ရုံးအဖွဲ့မှူး စသည်​တို့ မရှိပါက အထက်​အရာရှိရဲ့ ရုံးခန်းတံခါးကို ​ခေါက်​၍ ဝင်​ခွင့်​​တောင်းရန်​လိုအပ်​ပြီး ခွင့်​ပြုမှသာ ဝင်​​ရောက်​​တွေ့ဆုံရမှာဖြစ်​​ကြောင်း သိရှိထားဖို့လိုအပ်​တယ်​။ image

ရုံးခန်းအတွင်း​ ရောက်​ရှိသည့်​အခါမှာလည်း
အထက်​အရာရှိမှ ရုံးစာဖတ်​​နေလျင်​​သော်​လည်း​ကောင်း၊ ​မြေပုံ​လေ့လာ​နေလျင်​​သော်​လည်း​ကောင်း၊ အခြားသူတစ်​ဦးနှင့်​ စကား​ပြောဆို​နေသည့်​အခါတွင်​လည်း​ကောင်း အတင်းဝင်​​ရောက်​၍ ကြားဖြတ်​ ​ပြောဆို သတင်းပို့ခြင်းမျိုး လုံးဝ မပြုလုပ်​သင့်​​ ​ကြောင်း သတိချပ်​ထားဖို့လိုအပ်​တယ်​။

စားပွဲ​ရှေ့​၌ ရပ်​​စောင့်​​နေစဉ်​မှာလည်း အရာရှိကြီးကိုစို်​က်​ကြည့်​​နေခြင်းမျိုးမပြု လုပ်​အပ်​ဘူး။အရာကြီးရဲ့စားပွဲ​ပေါ်မှာရှိ​နေတဲ့ အရာဝတ္ထုတစ်​ခုခုကိုသာလို်​က်ကြည့်​​နေသင့်​ပြီး မျက်​လုံး​ဒေါင့်​မှသာ အရာရှိကြီးက မိမိကို အာရုံပြုမိချိန်​ကို ခိုး၍ကြည့်​​နေရမှာဖြစ်​တယ်​။ထိုအရာရှိကြီး ​ဆောင်​ရွက်​​နေဆဲ ကိစ္စပြီးမှသာ သတင်းပို့ခြင်းကိုပြုလုပ်​ဖို့ မှာကြားလိုတယ်​။ညီ​လေးဝင်​​ရောက်​သတင်းပို​တဲ့အရာရှိကြီးဟာ မည်​မျှပင်​ရင်းနှီးခင်​မင်​ခဲ့ဖူးပါ​စေ ရုံးခန်းတွင်း ဝင်​​ရောက်​သတင်းပို့​နေချိန်​မှာ​တော့ ၄င်းရဲ့ ရာထူးအဆင့်​အတန်းအတိုင်းသာ ​ခေါ်​ဝေါ်သုံးစွဲရမှာဖြစ်​တယ်​။ဒီ​လောက်​နဲ့ပဲ စာအဆုံးသတ်​လိုက်​​တော့မယ်​။ရိုးသားကြိုးစား၍ တိုင်းပြည်​ကို အကျိုးပြုနိုင်​​သော အရာရှိ​ကောင်းတစ်​ဦးဖြစ်​ပါ​စေလို့ ဆု​တောင်းရင်း.....

စီနီယာ...
(21:45)
Photo credit google image.
zinminhtet@zinminhtet
MSC-126

To my junior officer(3) | Ecency