ဆယ်တန်းတွေစာမေးပွဲဖြေနေတဲ့ကာလဆိုတော့ ငယ်ငယ်ကကျောင်းသားဘဝကိုပြန်သတိရမိတယ်။ဆယ်တန်းတုန်းက ကျွန်တော်တက်တဲ့ကျူရှင်က တစ်လရှစ်ထောင်ပေးရတယ်။ခုခေတ်ကျူရှင်လခတွေကတော့ ဘယ်လိုတောင်ဖြစ်နေပြီလဲမသိဘူး။ငယ်ငယ်က စာမေးပွဲနီးပေမယ့်လည်း စိတ်ထဲမှာသိပ်ဖိအားမရှိခဲ့ဘူး။ဘာလို့လဲဆိုတော့ ဆရာတွေကျက်ခိုင်းတာမှန်သမျှ ပုံမှန် ကျက်ခဲ့တာဆိုတော့ စာမေးပွဲနီးတော့ သာသာယာယာ ပြန်နွေးယုံပဲလေ။မြန်မာစာဆို ခက်စစ်ကလွဲလို့ အတိအကျ မကျက်ဘူး။စကားပြေနားလည်အောင်ဖတ်တယ်။အမှတ်ပေးစည်းမျဉ်းအတိုင်း အဆင်ပြေအောင်ရေးချလိုက်တာပဲ။မြန်မာစာဖြေတဲ့နေ့ကတော့လက်မလေးထောင်နို်င်ခဲ့တယ်။ဒါပေမယ့် စာစီစာကုံး အားနည်းခဲ့လို့ ဂုဏ်ထူးမှတ်မမီလိုက်ဘူး။၃မှတ်လိုသွားတယ်။
အင်္ဂလိပ်စာကတော့ မဖြေခင်ညက ချွေးပြန်တဲ့ညပဲ။အင်္ဂလိပ် grammar ကိုအတော်အားနည်းခဲ့တယ်။ဆရာကောင်းကောင်းနဲ့ မသင်ဘူးတာရယ်။ကြောက်လို့ရှောင် ၊ရှောင်လို့ကြောက်ဖြစ်ခဲ့တာ။ကိုက်ဆရာမကို အဲ့ညက ဆရာမသားဘာကျက်ရမှန်းမသိတော့ဘူးလို့်  ချွေးတွေပျံပြီးပြောတော့ ဘာကျက်ရမှန်းမသိရင် စောစောအိပ်တဲ့။စာမေးပွဲကာလမှာ အင်္ဂလိပ်မဖြေခင်ည အိပ်ရေးအဝဆုံးပဲ။စာမေးပွဲခန်းထဲရောက်တော့ တွေ့သမျှမေးခွန်းအကုန်ဖြေတာပဲ တစ်ပုဒ်မကျန်ဘူး။essay၊ letter ပုံစံအတိုင်းဝင်အောင်ရေးတယ်။ ဟုတ်သော်ရှိ၊မဟုတ်သော်ရှိ စာရွက်ထဲတော့ စာတွေပြည့်သွားတာပဲ။အဲ့လိုနဲ့ပဲ အင်္ဂလိပ်စာက အမှတ်အနဲဆုံးရခဲ့တယ်ဆိုပါတော့။
သင်္ချာနေ့ကတော့ ကျွန်တော်က ရှေ့၇ခန်းနဲ့ နောက်ဆုံး၁ခန်းပဲ ကြည့်တာဆိုတော့ အဲ့အခန်းက ပါတဲ့ပုဒ်စာတွေကတော့ မဆိုးပါဘူး။အကုန်ရတယ်ဆိုပါတော့။နောက်ဓာတုဗေဒနေ့ အဖြေနိုင်ဆုံးနေ့ပဲ။မှန်းထားတဲ့အတိုင်း ဂုဏ်ထူးလဲပါအောင်ဖြေနိုင်ခဲ့တယ်။ရူပဗေဒ ဖြေတဲ့နေ့ကြတော့ တစ်ညလုံး ကိုက်ကတွက်စာတွေပြန်ရှင်းနေတာနဲ့ Defတွေလုံးဝပြန်ကျက်ချိန်မရလိုက်ဘူး။ အရင်က ဘယ်လောက်ကျက်ခဲ့ကျက်ခဲ့ စာမေးပွဲ ခန်းထဲရောက်တော့ အစဖော်လို့ကိုမရတာ။ရူပဆရာက Def ကိုသီချင်းလိုလုပ်သင်ခဲ့တာ ဆိုတော့ ပြန်တွေးလိုက်တိုင်းဟိုသီချင်းလိုလို ဒီသီချင်းလိုလိုနဲ့ တို်င်ပတ်နေတော့တာပဲ။ဒီကြားထဲ ဓာတုက Defတွေကခေါင်းထဲရောက်ရောက်လာတယ်။တွက်စာတွေအကုန်ဖြေနိုင်ပေမယ့် Defတွေတစ်ခုမှမဖြေခဲ့ရဘူး။ဒုတိယအမှတ်အနဲဆုံး ဘာသာ ဆိုပါတော့။နောက်ပြီးတော့ ကြားထဲနှစ်ရက်ပိတ်တယ်။ကျွန်တော်က ဝိပ္ပံဘာသာတွဲဆိုတော့ နောက်ဖြေရမှာက ဘောဂဗေဒဘာသာရပ်။သူ့မှာက အခန်း၆ခန်းရယ်ပါတာ။ရက်ကလဲနှစ်ရက်ပိတ်ထားတာဆိုတော့ သာသာယာယာ ပဲ။ဂုဏ်ထူးမှတ်ထိ ပါအောင်ဖြေနိုင်ခဲ့တယ်ဆိုပါတော့။စာမေးပွဲပြီးတော့ ပထမဆုံးလုပ်တာက အိမ်ပြန်ပြီး တစ်ပတ်လုံးအိပ်ရေးပျက်ခဲ့သမျှ အတိုးချပြီးအိပ်တော့တာပဲ။
Photo credit google.
@zinminhtet
MSC-126