This content got low rating by people.

အရည်သောက်ဟင်းလေးချက်မယ်

Words
88
Reading
1 min
Listen
Play
5y

chef_4117262_640.jpg
link

ထမင်းစားတဲ့အချိန် ဟင်းရည်လေး မပါရင်တော့ စားရတာ အဆင်မပြေပါဘူး ဟင်းရည်ပူပူလေး တစ်ခွက်လောက်တော့ ထမင်းဝိုင်းအလည်မှာ ပါမှ ဖြစ်ပါမယ် သီးစုံဟင်းလေး ချက်ပြီး ထမင်းမိန်အောင် စားကောင်းအောင် ချက်ကြည့်ပါမယ်နော် သီးစုံဟင်းက မာဆလာအနံ့လေးရယ် မွှေးပျံ့တဲ့ သင်းရနံ့လေးနဲ့ဆိုတော့ ထမင်းစားချင်စိတ်ကို အလျှင်အမြန်ဖြစ်ပေါ်လာစေပါတယ် သီစုံဟင်းဆိုသည့်အတိုင်း အသီးအရွက်စုံလင်အောင်ပါလို့ အဟာရလည်း များစွာပါဝင်နေလို့ စားလို့လည်းကောင်းသလို ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူဖြစ်စေတဲ့ဟင်းတစ်ခွက်ဖြစ်စေမှာပါ
သီးစုံဟင်းချက်ဖို့အတွက်ကို ကုလားပဲကတော့ အဓိကပေါ့ ခနောကြက်သားမှုန့်လေးထည့်မယ် ဟင်းချိုမှုန့်တော့ မသုံးပါဘူး အာလူးလေး သုံးလုံးလောက်ထည့်မယ် ခရမ်းသီးလေး နှစ်လုံးလောက်ထည့်ပါ ရုံးပတီသီး သုံးလေးငါးတောင့်လိုမယ် မုန်လာဉနီ‌ေးလ တစ်လုံးရယ် ပဲတောင့်ရှည်သီး ငါးတောင့်လောက်လိုမယ် ငါးခြောက်လေး တစ်ချောင်းလောက်လည်းထည့်ရပါတယ် ဘဲဉလေး နှစ်လုံးလောက်ထည့်လိုက်ပါ ကြက်သွန်နီ နှစ်လုံးရယ် ကြက်သွန်ဖြူ တစ်လုံးထည့်မယ် နနွင်းမှုန်လေးနည်းနည်း မဆလာလေးလည်း နည်းနည်း ကရဝေးရွက် သုံးရွက်လောက်နဲ့ ငရုတ်သီးအရောင်တင်မှုန့်လေးနည်းနည်းထည့်မည် နောက်တစ်ခုကတော့ မန်ကျည်းမှည့်အရည်လေးပါရမည်
အရင်ဆုံး ကြက်သွန်ဖြူနီ ငရုတ်သီးတို့ ကို ဆီသက်မယ် ကြက်သွန်‌ေးလတွေ နွမ်းလာရင် ငါးခြောက်လေး ထည့်မယ် အာလူးလေးထည့်မယ် အာလူးနူးပြီဆိုရင်တော့ ပြုတ်ထားတဲ့ ပဲတွေထည့်မယ် မုန်လာဉနီ ခရမ်းသီး ရုံးပတီသီးလေးတွေထည့်ပြီး ပဲတောင့်ရှည်လေးထပ်ထည့်မယ် ပြီးရင်တော့ အဖုံးအလုပ်နှပ်ထားလိုက်တယ်
အားလုံးစုံအောင်ထည့်ပြီး ပွက်လာရင်တော့ ဟင်းရည်ပူပူလေးနဲ့ ထမင်းစားဖို့အဆင်သင့်ဖြစ်နေပါပြီ အရသာကတော့ ကိုယ်တိုင်ချက်တာမလို ကောင်းတယ်တော့ထင်တာပါဘဲ

အရည်သောက်ဟင်းလေးချက်မယ် | Ecency