သုညကမ္ဘာ၏သရုပ်ဆောင်မှုများ

zawthu(35)
Published in
#myanmar
Words
205
Reading
1 min
Listen
Play
9y

“သုညကမ္ဘာ၏သရုပ်ဆောင်မှုများ”
★★★★★★★★★
လောကကြီးမှာ ဘုန်းကြီးတို့တတွေနေကြတာ တကယ့်ကို သုည ကမ္ဘာကြီး။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ထင်တာ တစ်ခုမှ ဟုတ်မှ
မဟုတ်ပဲ။သာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ဗီဒီယို ဇာတ်လမ်းတွေကြည့်နေတဲ့သူတွေက ငေးမောပြီး တကယ့်အဟုတ်လို့ထင်ကြတာလေ။ငယ်ငယ်တုန်းက
ပွဲကြည့်တုန်းကဆိုရင် မင်းသားမင်းသမီး နှိပ်စက်ခန်းရောက်ပြီဆိုရင် အောက်က
ဆေးလိပ်တိုနဲ့ပေါက်ကြ ခဲနဲ့ပေါက်ကြ ငိုတဲ့သူကငို ယိုတဲ့သူကယို ဒါတွေဟာ အဟုတ်ထင်လို့ပေါ့နော်။သက်သက် သရုပ်ဆောင်နေတာ
ကိုယ့်ပေါင်ကို ရိုက်ပြီးတော့ ဟိုခြေထောက်နဲ့ကန်ချင်ယောင်ဆောင် “ဖြန်း”ကနဲ
အသံကြားလိုက် ဒီလူက အဟုတ်ရိုက်တယ်ထင်။
သရုပ်ဆောင်နေတာတွေ။
အဲ့ဒီ သရုပ်ဆောင်မှုက ပီပြင်လာလေလေ လူတွေရဲ့စိတ်ကို ထိခိုက်လေလေပဲ။
ဒီလိုလာတာ။

အခုဘုန်းကြီးတို့တတွေ နေထိုင်ကြတဲ့ လောကကြီးမှာလည်း ဘာမှမထူးဘူး သရုပ်ဆောင်နေကြတာပဲ အားလုံးဟာ ဘာမှမထူးဘူး။
သားသမီးအဖြစ် သရုပ်ဆောင်တယ်။
မိဘအဖြစ် သရုပ်ဆောင်တယ်။
ညီအစ်ကို မောင်နှမအဖြစ် သရုပ်ဆောင်တယ်။ငိုတဲ့အခန်းကြတော့ ငိုလိုက်ကြ။ရယ်တဲ့အခန်းရောက်တော့ ရယ်လိုက်ကြ။သေချာစဉ်စားကြည့်မယ်ဆိုရင် တကယ်တော့ သရုပ်ဆောင်နေတာ။တကယ့်အဟုတ်မှ မဟုတ်ပဲ။
သရုပ်ဆောင်တာ သပ်သပ်ပဲ။တကယ်တော့ ဘဝသရုပ်ဆောင်တွေ။

ရုပ်ရှင်တွေဘာတွေတော့ ဘုန်းကြီးက များများ
မကြည့်ဖူးပါဘူး။ တောနေတာဆိုတော့။နည်းနည်းပါးပါးတော့ ကြည့်ဖူးတယ်။
အင်မတန်မှ ရှားရှားပါးပါးကြည့်ရတာ ။
ကိုယ်နေတဲ့ ကျောင်းကလည်း ရုပ်ရှင်မကြည့်ရဘူး ကြည့်ရင် မိလို့ရှိရင် ကျောင်းကနှင်ထုတ်တာ။
အဲ့ဒီတော့ ရုပ်ရှင်ပွဲတွေ ဘာတွေဆိုတာ
အင်မတန်မှကြုံခဲတယ်။ သို့သော်
်တောရွာတွေမှာကျတော့ ဇာတ်ပွဲဆိုတာ ကြည့်ကြတယ်။
တောမှာ ဘုန်းကြီးတွေက သြဇာရှိတော့ ဘုန်းကြီးတွေက
ပွဲအုပ်ကြတာကိုး။
အဲ့ဒီတော့ အားရပါးရ ကြည့်လို့ရတယ်ပေါ့ ဇာတ်ပွဲတွေကြရင်။
အဲ့ဒီလို သရုပ်ဆောင်တာ ဇာတ်လမ်းထဲမှာဆိုရင် မဟုတ်တရုတ်
လုပ်ရတဲ့ဘက်က
သရုပ်ဆောင်ရတဲ့သူဆိုရင် လူကြားထဲတောင်မထွက်ရဲဘူးလို့ ကြားဖူးတယ်။အဟုတ်တွေထင်ပြီးတော့ အဲ့ဒီလူဟာ
လူကြားထဲမထွက်ရဲလောက်အောင် လူဆိုးဖြစ်သွားတယ်။
ဘာဖြစ်လို့လဲဆိုတော့
လူတွေက သရုပ်ဆောင်တာ အဟုတ်ထင်တာကိုး။

ဟိုးတုန်းကတော့ ရုပ်ရှင်မင်းသား မငိးသမီးလို့ခေါ်တာ။
အခုတော့"သရုပ်ဆောင်” လို့ခေါ်တယ်။
ဒါလေးက ပိုပြီးသဘာဝကြတယ်။
အဟုတ်ထင်ရအောင် သရုပ်ဆောင်ကြတာ။

သရုပ်ဆောင်ကောင်းသွားပြီဆိုရင် ကျန်တဲ့သူတွေရဲ့စိတ်ထဲမှာ ခံစားချက်တွေကပိုပြင်းထန်လာတယ်။
အဲ့ဒီတော့ စဉ်းစားကြည့် ဇာတ်ပွဲထဲတင်သရုပ်ဆောင်တာလားဆိုတော့
တကယ်ကြည့်လိုက်မယ်ဆိုရင်
တရားသဘောနဲ့ကြည့်လိုက်မယ်ဆိုရင် သတ္တဝါတွေအားလုံးဟာ သရုပ်ဆောင်နေကြတာပဲ။
သက်ရှိလောက -သတ္တလောကရယ်
သင်္ခါရလောကရယ် ဒီလောကတွေဟာ ကြည့်လိုက်မယ်ဆိုရင်
ဘာမှမရှိတဲ့အရာတွေပဲ။

မရှိတာကို အရှိလုပ်ပြီးတော့နေတော့
တစ်စုံတစ်ခု ပြုလုပ်နေတာဟာလည်းပဲ တကယ်တော့ သရုပ်ဆောင်နေခြင်းသာဖြစ်တယ်။
တကယ်တော့ မဟုတ်ဘူးလို့ ဆိုတဲ့
သဘောလေးတွေဟာဆိုရင် ထင်ရှားလာတယ်ပေါ့။

★ သုညဆိုတဲ့ အဓိပ္ပာယ်လေးကိုပြောကြရအောင် ဝိသုဒ္ဓိမဂ် သဗ္ဗေ သင်္ခါရာ သုညာတဲ့။
သင်္ခါရတရား အားလုံးတို့သည် သုညာ။ငါဆိုတာလည်း မပါဘူး။
ငါ့ဥစ္စာဆိုတာလည်း မပါဘူး။သင်္ခါရတရား သက်သက်ပဲရှိတယ်။ရုပ်နဲ့နာမ်နှစ်မျိုးပဲ ရှိတယ်။တရားနာလို့သာ ရုပ်နာမ်လို့ သိတာကိုး တကယ်သိတာ
အဲ့ဒီလိုမှ မဟုတ်ဘဲ။ငါလို့သိတယ် သူများလို့သိတယ်။သင်္ခါရတရားအားလုံးဟာ သုညပဲ။သုညဆိုတာ ဘာမှ မရှိတဲ့အရာ ဆိတ်သုန်းနေတာ။

ဥပမာ အိမ်တစ်အိမ်မှာ ဘယ်သူမှ မရှိဘဲသော့ခတ်ထားရင် ဒါသုညပေါ့။အိမ်တော့ ရှိတာပေါ့။အခုလည်း သဗ္ဗေ သင်္ခါရာ -သင်္ခါရတော့ ရှိတာပေါ့။
မရှိတာက အတ္တ-ဆိုတဲ့ “ငါ” ၊
အတ္တနိယ-ဆိုတဲ့ ငါပိုင်တဲ့ ပစ္စည်း
ဒီထဲမှာမရှိဘူး။
နောက်တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် မြဲတဲ့အရာဆိုတာ ဒီထဲမှာ မရှိဘူး။
ချမ်းသာတဲ့အရာဆိုတာလည်း
သင်္ခါရလောကထဲမှာ
တစ်ခုမှ မရှိဘူး။
ကိုယ်ပိုင်တဲ့အရာဆိုတာလည်း
တစ်ခုမှ မရှိဘူး။
ဒါကြောင့်မို့ မရှိလို့ သုညလို့ပြောတာ။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသFB_IMG_1520232546938.jpg

သုညကမ္ဘာ၏သရုပ်ဆောင်မှုများ | Ecency