မ​ပြောချင်​ဘူး

Words
263
Reading
2 min
9y
Listen to this post
~2 min

image

ကိုယ်က Gender Issue နဲ့ပတ်သက်ရင် နည်းနည်းSensitive ဖြစ်တယ်။
အမျိုးသမီးအခွင့်အရေးအော်တဲ့လူ မဟုတ်ပေမယ့်
အမျိုးသမီးတွေကို အကြမ်းဖက်တာ၊ နှိမ်ချတာ၊ နေရာမပေးတာနဲ့ ပတ်သက်ရင် ကိုယ်က သူများထက် ပိုလှုပ်ခတ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သတိထားမိတယ်။ "မဝါဒီ" မဟုတ်ပေမယ့် "ဖိုဝါဒီ"တွေကို အသေကစ်တဲ့အထဲ ပါတယ်။

လွန်ခဲ့တဲ့ရက်က မုဒိန်းကျင့်သတ်ဖြတ်ခံရတဲ့ FDAဝန်ထမ်းကောင်မလေးအကြောင်းနဲ့ ဆက်စပ်ပြီး အမျိုးသမီးတွေ သတိရှိဖို့ဆောင်ရန်ရှောင်ရန်လေးတွေ ရေးဖြစ်တယ်။ ထုံးစံအတိုင်းပါပဲ... ဦးနှောက်သွက်ချာပါဒလိုက်နေတဲ့ အချို့လာမန့်ကြတယ်။
အမျိုးသမီးတွေ လုံလုံခြုံခြုံဝတ်သင့်တယ်တို့
အမျိုးသမီးတွေရဲ့ဝတ်စားဆင်ယင်မှုကြောင့် ဖြစ်ရတာတို့၊ မုဒိန်းကျင့်ခံရတဲ့မိန်းကလေးက ဘယ်လိုမြှူဆွယ်လို့လဲတို့ စသဖြင့် အတော်အောက်တန်းကျတဲ့ အတွေးအခေါ်တွေကို အန်ချင်စရာ မြင်ရတယ်။

မုဒိန်းကောင်က မုဒိန်းကောင်ပဲ။
ဘာဆင်ခြေ ဘာလျှောက်လဲချက်မှ မလိုဘူး။
အသိတရားမဲ့ လူစိတ်မရှိ ပြုမူတဲ့အပြုအမူကို အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုအပေါ် ဘာမှပုံချစရာအကြောင်းမရှိဘူး။
ဝတ်စားဆင်ယင်မှုကြောင့်ဆိုရင် ဘာမှမြှူဆွယ်နိုင်စွမ်း မရှိသေးတဲ့ ကလေးတွေအပေါ်ကျူးလွန်တဲ့ သက်ငယ်မုဒိန်းတွေ၊ လုံလုံခြုံခြုံဝတ်စားထားတဲ့ သီလရှင်တွေကိုတောင် ကျူးလွန်တာမျိုးကျ ဘာအတွက်လဲ။
ခေါင်းကနေခြေထောက်ထိ မျက်လုံးပဲချန် အလုံပိတ် ဝတ်ရတဲ့ နိုင်ငံတွေမှာကျ မုဒိန်းမှု မရှိတော့ဘူးလား။
ဝေးပါသေးတယ်... ဒါဟာ ဆင်ခြေသက်သက်ပဲ။

အဲ့လိုပြောတဲ့ တွေးတဲ့ကောင်တွေဟာ
ကိုယ့်အမေ ရင်လျားနဲ့ရေချိုးရင်တောင် မြှူဆွယ်တယ် ထင်မယ့်ဟာတွေ။
ကိုယ်တွေ့တောင် မကြုံသေးဘူး
ဒီလိုတွေးနေတယ်ဆိုရင်... လူသာလစ်ရင် သူလည်း ဒိန်းကိုဒိန်းမယ့်ကောင်လို့ပဲ မြင်တယ်။

မနေ့ညက ပိုစ့်အောက်မှာ တစ်ပွဲဖြစ်သေးတယ်။
နက်ဖြန်Eventတစ်ခုရှိတာနဲ့ လက်သည်းအလှ ပန်းပွင့်လေးတွေပြင်ဖြစ်တယ်။ ဘာရယ်မဟုတ် ပျင်းတာနဲ့ ကိုယ့်ဘာသာ သဘောကျပြီး ပန်းပွင့်တွေဘာတွေပုံဆွဲဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် "ဘယ်လိုတောင် မိန်းမဆန်နေတာလား"လို့ Captionရေးတင်မိတယ်။
ဘာလာမန့်တယ် ထင်တုံး... ဦးနှောက်ပိုလီယိုတစ်ကောင်။

လက်သည်းရှည်ကြီးနဲ့ဆိုတော့ ထမင်းဘယ်လိုချက်မလဲတဲ့။ မိန်းမဆန်တယ်ဆိုတာ လက်သည်းအလှပြင်တာထင်တာလား။ တကယ်မိန်းမဆန်တယ်ဆိုတာ ထမင်းဟင်းချက်ဖို့ဆိုပဲ။
တကယ့် Bull Shitကောင်နော်။ အတော်လွတ်သွားတယ်။ ကောင်းကောင်းစိန်ပြေနပြေ ထိုင်သမလိုက်တာ မန့်ဖျက်ပြီး လစ်သွားတယ်။

ဘာလဲ.... မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှုက ထမင်းဟင်းချက်ဖို့ သီးသန့်လား။ အိမ်ထောင်မှုနိုင်နင်းတဲ့မိန်းမတွေကို ကိုယ်သဘောကျတယ်။ ကိုယ်လည်း ထမင်းဟင်းချက်ရတာ ဝါသနာပါတယ်။ စိတ်လိုလက်ရ အမြဲချက်စားဖြစ်တယ်။ စမီးက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ဘာမွှေးမှမီးမလောင် ထမင်းဟင်းမချက်တတ်ဘူးဆိုပြီး ဂုဏ်ဆာနေတဲ့ မိန်းကလေးတွေကိုလည်း အထင်သေးတယ်။
ဒါပေမယ့် မိန်းမဆန်တယ်ဆိုတာ ထမင်းဟင်းချက်ဖို့ဆိုတဲ့ အတွေးအခေါ်ကိုတော့ လုံးဝလက်မခံနိုင်ဘူး။
ထမင်းဟင်းချက်တာထက် ပိုအကျိုးရှိတဲ့ အလုပ်ရှိလို့ မအားရင် ထမင်းဟင်းမချက်ဘဲ အဲ့အလုပ်ကို လုပ်မှာပဲ။
ဘာဆန်းလဲ။

ယဉ်ကျေးပါတယ်ဆိုတဲ့ အရှေ့တိုင်းမှာ ထမင်းဟင်းချက်တာကို မိန်းမတွေအလုပ်၊ ယောက်ျားက ထမင်းဟင်းချက်ရင်ဘဲ အသုံးမကျတော့သယောင် တလွဲအယူအဆတွေ မနည်းလှဘူး။
ယောက်ျားက ပိုက်ဆံပိုရှာနိုင်တဲ့ အလုပ်ရှိရင် ယောက်ျားက စီးပွားရှာ၊ မိန်းမက အိမ်အလုပ်လုပ်ပေါ့။
မိန်းမက ပိုက်ဆံပိုရှာနိုင်တဲ့ အလုပ်ရှိရင် မိန်းမက အပြင်ထွက်ရှာ၊ ယောက်ျားက အိမ်အလုပ်လုပ်ပေါ့။
ဘာလို့ ဂုဏ်ငယ်ရမှာတုံး။
နှစ်ယောက်စလုံး ငွေထွက်ရှာနိုင်တဲ့ အရည်အချင်းရှိရင် နှစ်ယောက်လုံး ငွေထွက်ရှာ၊ ထမင်းချက်ငှားပေါ့။

မြင်ဖူးတယ်.... ယောက်ျားဆိုတာ ထမင်းပွဲရှေ့ရောက်ဆိုတဲ့ ဂျင်းစားသုံးသူကြီး တစ်ယောက်။
သူငယ်ချင်း လင်မယား။ ယွကျားက သိပ်သာအသုံးမကျတာ၊ တလွဲဆံပင်ကောင်းမာနကြီးက အကြီးသား။
အိမ်ထောင်ကျ ဝင်ငွေမရှိ၊ မိန်းမက တစ်နေကုန်အလုပ်လုပ် ပြန်လာချက်ရပြုတ်ရ။
ထမင်းဝိုင်းအဆင်သင့် လက်ဆေးရေအသင့်နဲ့ စားပြီးပန်းကန်ပစ်ချထားခဲ့တဲ့ မဟာဖိုဝါဒီယွကျား။
သည်းခံတာအတိုင်းအတာရှိတာပဲ.. မကြာဘူး ကွဲတာပဲ။

ကိုယ်က စွန်းချမ်းသာနေလို့ မိန်းမက တစ်နေ့ ဟင်းတစ်ခွက်လောက်ချက်ပြီး ရွှေတွေငွေတွေ ညွတ်နေအောင် ဆင်ထားနိုင်လို့ဆိုရင် ထားဦး။ အလုပ်လုပ်ရတာချင်း အတူတူ ငါက ယွကျားဆိုပြီး မိန်းမကို နင်းခိုင်းတာမျိုးကျ ယောက်ျားဆန်တာလား။

ဘဝပေးအခြေအနေအရ မိန်းမက ရှေ့တန်းက ဝင်ရပ်
ရတဲ့ အခြေအနေတွေလည်း ရှိတာပဲလေ။
လင်နဲ့မယားသာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှု၊လေးစားမှုရှိရင် အဆင်ပြေတာပဲ။
အိမ်ထောင်ရေး သာယာမှုအရ တစ်ခါတရံ မိန်းမက ကိုယ်တိုင်ချက်ပြုတ်ကျွေးရင် ကျေနပ်စရာပဲမဟုတ်ဘူးလား။

ထမင်းချည်း ချက်ကျွေးနေစေချင်ရင် အိမ်ဖော်ယူထားလေ ...
တန်ရာ တန်ရာတော့ ရမှာပေါ့။
အဓိပ္ပာယ်မရှိ အရေမရအဖက်မရ မိန်းမဆန်တယ်ဆိုတာ ထမင်းချက်တာကို ခေါ်တာဆိုပြီး ဂျင်းလာသိပ်လို့ကတော့ ဟဟပဲ ရမယ်

မပြောဘူးနေတာ... ဝို့ဒယ်

မ​ပြောချင်​ဘူး | Ecency