Blooding flow in heart

Words
144
Reading
1 min
9y
Listen to this post
~1 min

(Blooding flow in Myanmar)

When they hand waving in air
Many Age were becoming blood
intentionally abullet were by name accidentally setup in heart.
Myanmar map were crying in blood.
image

သူတို့လက်တွေ တစ်ချက်ဝှေ့လိုက်တိုင်း
အသက်တွေဟာ သွေးစို့ခဲ့ပြီ။
ရည်ရွယ်ချက်ရှိရှိကျည်ဆံဟာ
မတော်တဆအမည်ခံလို့ စိုက်ဝင်
ုမြန်မာပြည် မြေပုံလေးဟာ
သွေးစက်တွေကို ပိုက်ပြီး ငိုနေတယ်

မင်းသားခေါင်းလေးပဲ ဆက်ဝတ်ထားပါ
ဘီလူးဆိုင်းတွေ နားခါးလွန်းလို့ ။
ခင်ဗျားတို့ရဲ့ အကြင်နာဟာ ပြောင်းဝက ကျည်မထွက်သေးခင်ထိ
ခင်ဗျားတို့ရဲ့ စေတနာဟာ ဘူဒိုဇာလက်တံတွေ မလှုပ်ရှားသေးခင်ထိ
တစ်လတစ်ခါ ရေဒီယိုမှာ သွေးစွန်းနေတယ်။
image
ဘယ်သူသေသေ ငတေတွေက
ခပ်တည်တည် မာနေဆဲ
ပါးမရိုက်ဘဲ နားအကိုက်ခံရတဲ့
လယ်မြေတွေမှာ မတရားမှုဟာ သွေးလိုစီးတယ်။

"ငါတို့ အားလုံးကို သတ်သွားပါတော့"
"လုပ်ရက်ကြတယ် အေတို့ရယ်"
မချိတင်ကဲ လယ်သူမကြီးတွေရဲ့
အကယ်ဒမီရှော့ ဘဝဆန်မှုဟာ
အာဏာပါးကွက်သားတွေကို ကျော်ပြီး
ပြည်သူတွေရဲ့ မျက်ရည်ကို လာထိတယ်။
မြန်မာပြည်ဟာ လက်ပန်းတောင်းနဲ့ တစ်သားတည်း အကျိုးနည်းခဲ့ပြီ။
image
မြန်မာပြည်ဟာ လွတ်လပ်ရေး
မရသေးဘူး။
မြန်မာပြည်ဟာ ငြိမ်းချမ်းရေး
မရသေးဘူး။
မြန်မာပြည်ဟာ မြန်မာပြည်ဖြစ်ခွင့်ကို
မရသေးဘူး။

မြန်မာပြည်ဟာ သားရဲတောမှာ
မြန်မာပြည်ဟာ သေနတ်ပြောင်းဝမှာ
မြန်မာပြည်ဟာ ချောက်ကမ်းပါးဝမှာ
မြန်မာပြည်ဟာ ဝံပုလွေတွေရဲ့ လက်သည်းကြားမှာ

တောက်
နှုတ်ခမ်းက ထွက်လာတဲ့ ဗြောက်ဖောက်သံ
ခင်ဗျားတို့ရင်ကို တည့်တည့်ထိရင်ကောင်းမယ်။
ကီးဘုတ်ကသာ ကျည်ထွက်ရင်
သံသရာအဆက်ဆက် ထပ်သတ်စရာ မလိုတော့အောင် ခင်ဗျားတို့သေနေလောက်ပြီ။
image
ဒေါင်းဟာ သင်္ဃန်းနဲ့ ပတ်
အသတ်ခံနေရတယ်။
ပြည်သူဟာ အာဏာနဲ့ ပတ်
အသတ်ခံနေရတယ်။
မြန်မာပြည်ဟာ အသက်ငွေ့ငွေ့နဲ့
နှလုံးခုန်ရပ်နေတယ်။

မောင်းတစ်ချက်ဆွဲလို့ ခေါင်းတစ်ဖက်ကွဲခဲ့ရရင်
ဒေါင်းအလံကြောင့် မသူတော်တွေ
တောင်းပန်စေရမယ်

မငြင်းနဲ့
မြန်မာပြည်ဟာ သွေးတောထဲမှာ။
ငြင်းလို့မရဘူး
မြန်မာပြည်ဟာ သွေးတောထဲမှာ။

Image from google
Msc 082

Zawphyowai

Blooding flow in heart | Ecency