ပဉ္စသီခနတ်သားရဲ့ တစ်ဖက်သတ်အချစ်

Words
366
Reading
2 min
9y
Listen to this post
~2 min

18556432_429640217392021_891042565693708125_n.jpg
တစ်ခါတုန်းက ပဉ္စသီိခနတ်သားဟာ ဂန္ဓဗ္ဗနတ်မင်းကြီးရဲ့ သမီး သူရိယဝစ္ဆသာ ဆိုတဲ့ နတ်သမီးလေးကို တစ်ဖက်သတ် ချစ်နေခဲ့ပါတယ်။ဒါပေမယ့် သူရိယဝစ္ဆသာ
နတ်သမီးလေးက ပဉ္စသိခနတ်သားကို လုံးဝပြန်မချစ်ပါဘူး။ နတ်သမီးလေး ချစ်နေတဲ့ နတ်သားက ရထားထိန်း
မာတလိရဲ့သား သိခဏ္ဍိနတ်သားလေးကိုပါ။
ပဉ္စသိခနတ်သားက အနုပညာသမားဆိုတော့ သူခံစားနေရတာတွေကို ဒီအတိုင်း မထားပါဘူး။ ခံစားမှုတွေကို အရင်းတည်ပြီး သီချင်း (၁၄)ပုဒ်တိတိကို ရေးစပ်ခဲ့ပါတယ်။
၁။ ဝန္ဒေ တေ ပိတရံ ဘဒ္ဒေ
တိမ္ဗရုံ သူရိယ ဝစ္ဆသေ ၊
လှသက်ဆွေကို ၊ ဖြစ်စေဘိခြင်း
သင့်ဘမင်းကို ၊ နောင်မင်းမြတ်နိုး
လက်စုံမိုး၍ ရှိခိုးလိုက်ပါသတည်း ။
၂။ လေချို အေးကို ၊ ချွေးထွက်သသူ
ကြည်ဖြူ လေးမြတ် ၊ မွတ်သိပ်သူမှာ
ရေကိုသာလျင် ၊ မြတ်စွာတရား
လိုလားသူမှာ ၊ ရဟန္တာသို့
နေဝါထွန်းလင်း ၊ ပြာလဲ့ဝင်းကို
နောင်မင်း ချစ်လှပါတော့သည် ။
၃။ အလှဆန်းကြယ် ၊ နေနတ်မယ်
ငြိတွယ်ရောဂါ ၊ ဆေးဖြင့်သာလျင်
ပျောက်ပါလေသား ၊ ဆာသူအားကို
အစားပေးလေ ၊ အဆာပြေလျက်
ရေမှာမီးကား ၊ ငြိမ်းစေလားသို့
ငါ့အားကျွမ်းဆူ ၊ ချစ်မီးပူကို
ချစ်သူနတ်မေ ၊ ပျောက်ငြိမ်းစေလော့ ။
၎။ အပူထန်ပြင်း ၊ နှိပ်စက်ခြင်းကြောင့်
ဆင်မင်း ပြောင်မာ ၊ အေးမြစွာသား
ရွှေကြာပဒုံ ၊ ပွင့်ဝတ်မှုံနှင့်
မွှေးထုံပျံ့သင်း ၊ ရေကန်တွင်းသို့
သက်ဆင်းသည့်နေ ၊ မယ့်သက်ဆွေလည်း
ရွှေတည်သီးပုံ ၊ မယ့်ရင်စုံတွင်
ခိုလှုံပါမှ ၊ ချမ်းသာရလိမ့် ။
၅။ ချွန်းကိုလွန်မြောက် ၊ နားခြေထောက်ကို
ထိုးဖောက် ခရင်း ၊ အောင်မြင်ခြင်းကြောင့်
ထန်ပြင်း မုန်ယစ် ၊ ဆင့်အဖြစ်သို့
ရွှေနှစ်ထွန်းပြောင် ၊ မယ်၏ပေါင်ကြောင့်
ပိတ်မှောင် အချစ် ၊ ကျိုးအပြစ်ကို
စင်စစ်ငါ့မှာ ၊ မသိပါတည်း ။
၆။ ကွေးချိတ်သံမြှား ၊ အမျို မှားသည့်
ငါး၏ပမာ ၊ လွကလ် ာ၌
တွယ်တာမက်မော ၊ ငါ့စိတ်ဇောသည်
သဘောသွေလှစ် ၊ တဖန်ဖြစ်၍
ဆုတ်နစ်ခြင်းငှာ ၊ မစွမ်းပါတည်း ။
၇။ ပေါင်တံဖြိုးပေ ၊ လှနတ်မေ
ကြင်ဆွေ ညွန့်ခိုင် ၊ ငါ့လည်တိုင်ကို
ပွေ့ကိုင်လှည့်ပါ ၊ ရှုတိုင်းသာသည့်
ဝင်းဝါနိတုံ ၊ လှနေမုံ၏
မျိုးစုံသက်နှင်း ၊ ပွေ့ဖက်ခြင်းကို
နောင်မင်းလွန်စွာ ၊ တောင့်တပါ၏ ။
၈။ ရဟန္တာ၌ ၊ သဒ္ဓါလျှံဝေ
ပေးလှူ လေက ၊ များထွေအကျိုး
ပြည့်ဖြိုးသည့်သွင် ၊ နောင့်ချစ်ကြင်ကား
များဖြစ်လျက်သာ ၊ မယ့်မေတ္တာမူ
ငါ့မှာ နည်းလှသည်တကား ။
၉။ ကောင်းကြန်ပြည့်လျှံ ၊ ဝင်းညက်စံ
သည်းခံကျေးဇူး ၊ ဂုဏအထူးနှင့်
ချီးကျူးကြေညာ ၊ ရဟန္တာ၌
ပြု ပါသမျှ ၊ မြတ်ပုညသည်
အလှ ကလျာ ၊ မယ်နှင့်သာလျှင်
နှစ်ဖြာ တူကွ ၊ ကျိုးဖလကို
မုချ မသွေ ၊ ရပါစေလော့ ။
၁၀။ ကလျာစုံအင် ၊ လှမျက်ရှင်
သောင်းခွင်လက်ျာ ၊ ဤမြေချာ၌
ပြု ပါသမျှ ၊ မြတ်ပုညသည်
အလှကလျာ ၊ မယ်နှင့်သာလျှင်
နှစ်ဖြာတူကွ ၊ ကျိုးဖလကို
မုချမသွေ ၊ ရပါစေလော ။
၁၁။ ဈာန်ဖြင့်မြတ်စွာ ၊ မျိုးသကျာဟု
ပညာရင့်ဘိ ၊ ယှဉ်သတိနှင့်
မုနိထွတ်ချာ ၊ သံသရာတွင်
များစွာ မြင့်ရှည် ၊ ဘေးမဲ့ပြည်သို့
ဆောက်တည် သည့်တူ ၊ လှမဉ္ဇူ ကို
ငါမူပတ်ချာ ၊ လှည့်လည်ရှာခဲ့ ။
၁၂။ ပြည့်ဖြိုးအင်္ဂါ ၊ လှကလျာ
မြတ်စွာမုနိ ၊ သမ္ဗောဓိကို
ရဘိသောခါ ၊ ရွှင်လှစွာသို့
ငါ့မှာထိုပုံ ၊ လှကြေးမုံနှင့်
ပေါင်းဆုံးတူစွာ ၊ ရွှင်အားရလိမ့်။
၁၃။ အလှ ကျော်ရှိန် ၊ နေသူရိန်
ဝတိန် တလွား ၊ အပိုင်စားဟု
သိကြားနတ်မင်း ၊ ဆုမြတ်နှင်းလည်း
ကြော့ရှင်း နေဝါ ၊ မယ့် ကိုသာလျှင်
အာသာပြင်းထန် ၊ချစ်ဆုပန်ပိမ့်။
၁၄။ နွဲ့အိ နုထွတ် ၊ အလှနတ်
မပြတ်ပွင့်ဆင် ၊ အင်ကြင်းပင်သို့
သို့လျှင်သော်မော် ၊ လှမနော်ကို
ဖြစ်ပေါ်ဖြစ်ခြင်း ၊ သင့်ဘမင်းအား
ဝပ်စင်းမြတ်နိုး ၊ လက်စုံမိုးသည်
ချစ်ကြိုးတင့်ညီ-ညီစေသော် ။
ပဉ္စသီခရဲ့ စောင်းချင်းဂါထာ ၁၄ပုဒ်ကို မြတ်ဘုရားရှင် ကိုယ်တော်တိုင် ချီးကျူးတော် မူခဲ့ပါတယ်။

ပဉ္စသီခနတ်သားအကြောင်း Post ပေါင်းများစွာမှ လိုချင်တဲ့ အကြောင်းအရာတွေကို copy ယူလာတာပါ။

ပဉ္စသီခနတ်သားရဲ့ တစ်ဖက်သတ်အချစ် | Ecency