အချိန်ရာသီတေပြောင်းလဲခဲ့ပေမယ်
ထာဝစဉ်မပြောင်းလဲအလှတရားတေနဲ့
လှပနေတဲ့ ကျောင်းတော်ကြီးကို
ငေးစိုက်ကာ တမ်းတမိတယ်.......
ဟိုတစ်ချိန်ကဖြစ်ပျက်ခြင်း
အာစရိယသခင် ပညာဘုရင်တို့၏
မေတ္တာရင်းခံ စေတနာမှန်ဖြင့်
ဆိုးသူကိုယဉ်စေ တော်သူကိုချွန်စေ၍
စာသင်ကြပျော်ရွင်ရ ငယ်စဉ်က
တို့များရဲ့ကျောင်းသားဘဝ။
တစ်ဦးထဲသောအမိဖွားမဟုတ်ခဲ့ပေမယ့်
တစ်ခုတည်းသောကျောင်းတော်ကဖွား
ကျောင်းနေဖက်သူငယ်ချင်းများ
ဘယ်ဆီဘယ်ဝယ်မသိတော့
မှန်းဆကလွမ်းခဲ့ရပေါ့။
အလွမ်းများကိုရင်ဝယ်ပိုက်
ပြန်မရနိုင်တော့တဲ့
ငယ်စဉ်ကကျောင်းသားဘဝကို
နောက်တစ်ခါပိုင်ဆိုင်ချင်မိတယ်
ကျောင်းတော်ကြီးရယ်။