ကျွန်တော်ဒီနေ့မနက်ခင်း စာရေးရန်အတွက်တွေးတောနေ မိပါသည်။ဘယ်အကြောင်းအရာကို ရေးရင်ကောင်းမလဲတွေးတောနေရင်း သူငယ်ချင်းဆီကို အလယ်သွားပါသည်။သူငယ်ချင်းအိမ်ရောက်တော့ ငနဲသားကမထသေးသဖြင့် အိပ်ရာထဲဝင်ပြီး အတင်းနိုးပါသည်။ ငနဲသားပွစိစိလုပ်ကာ မထချင်ထချင်ဖြင့်ထလာပါသည်။ငနဲကသူအားအိပ်ရာမှ အတင်းနိုးထားသဖြင့် ကျနော်အားသိပ်မကြည်ပါ ကျနော်လည်းသူစိတ်ဆိုပြေရန် လ္ဘက်ရည်ဆိုင်သွားရန်ပြောကာ နှစ်ကောင်သားလ္ဘက်ရည်ဆိုင်သို့ဒိုးကြပါသည်။ လ္ဘက်ရည်ဆိုင်ရောက်တော့ ကျနော်တို့မှာစရာပင်မလိုပါ စားပွဲထိုးလေးက ပုံမှန်၁ကျစိမ့်၁ဟု အဖျော်ဆရာအား အော်ပြောလိုက်သည်။ ကျနော်တို့ကလည်း ဆိုင်ရောက်တိုင် လ္ဘက်ရည်တစ်ခွက်စီ သောက်ကာအချိန်အကြာရီး ထိုင်တက်ကြသူများဖြစ်သဖြင့် ဆိုင်ကလဝန်ထမ်းလေးတေပင် ကျနော်တို့နှင့် အတော်ပင်ရင်းနှီးနေပြီဖြစ်သည်။ခနနေတော့စားပွဲထိုးလေးကလ္ဘက်ရည် လာချပေးပါသည်။နှစ်ယောက်သားလ္ဘက်ရည်သောက်ရင်း ရောက်တက်ရာရာထွေရာလေးပါး ပြောကြပါသည်။ရောက်တက်ရာရာပြောရင် ငနဲကဆရာကန်တော့ပွဲအကြောင်းပြောလာပါသည်။
သူကဆရာကတော့ပွဲအကြောင်းပြောတော့ ဆရာကန်တော့ပွဲတုန်းက အကြောင်းအရာတေဆီသို့စိတ်ရောက်သွားသည်။ ထိုနောက်သူငယ်ချင်းဘာပြောသည်ကို သတိမမူမိ ဆရာကန်တော့ပွဲတုန်းက ဆရာတစ်ယောက်ပေးခဲ့သောဆုကို အမှတ်မထင်စင်းစားမိသည်။ဆရာပေးခဲ့သောဆုမှာသိပါမရှည်လှပါ သိုသော်အလွန်တရာကိုအဓိပ္ပာယ်ရှိလှပေသည်။ဆရာပေးခဲ့သော့ဆုမှာ "ဆရာ့တပည့်တေရောက်တဲ့နေရာတိုင်းမှာ ကိုယ့်တာဝန်ကိုယ် ကြေပွန်အောင်ထမ်းဆောင်နိုင်ပြီး ကောင်းသောလိုအင်ဆန္ဒမှန်သမျှပြည့်စုံ ကြပါစေတဲ့ "အဲ့တုန်းကဆရာရဲ့ပေးတဲ့ဆုကထူးခြား၍ကျနော်စင်းစားမိသည် သဘောမပေါက်ပါ၍ ခေါင်းပူးခံပြီးထပ်မဆင်းစားတော့ပါ။ခုတော့အနည်းငယ်သဘောပေါက်သလို ရှိလာသည်။ဆရာပေးခဲ့သောဆုထဲက ကိုယ့်တာဝန်ကိုကြေဆိုတဲ့ အတိုင်းလူတိုင်းတာဝန်ကိုကျေပွန်ပါက ကျနော်တို့တေ၏ ပန်ဝန်းကျင်မှာ စည်ပင်သာယာလာမည်ဖြစ်ပါသည်။ဥပမာကျောင်းဆရာကဆရာရဲ့တာဝန် ကိုကျေပွန်ဖို့လိုပါသည်။ယနေ့ခေတ်ဆရာအများစုမှာ ကိုယ့်တာဝန်ကိုမကျေကြပါ။ဆရာများကိုအပြစ်တင်ခြင်းမျိုးမဟုတ်ပါ။ဆရာများသာကိုယ့်တာဝန်ကိုယ်ကျေပွန်စွာ သင်ကြားပေးခဲ့လျင် ကျူရှင်များပေါ်ပေါက်လာရန်မရှိပါ။
ထို့အတူကျောင်းသားသည်လည်း ကျောင်းသား၏တာဝန်ကို ကျေပွန်ရန်လိုအပ်ပါသည်။ဆရာကသင်ကြားပေးသမျှကို ဂရူးတစိုက်လေ့လာ မှတ်သားကျက်မှတ်ရမည်။မိဘများကလည်းမိဘဝတ်ကျေပွန်ရန်လိုအပ်သလို သားသမီးများကလည်းသားသမီးဝတ်တို့ကိုကျပွန်ရန်အထူးလိုအပ်လှပါသည်။သားသမီးနှင့်မိဘကြားတွင် အများအားဖြင့်မိဘများကသူတို့တာဝန်ကို ကျေပွန်ကြပါသည် သားသမီးဘက်ကသာတာဝန်မကျေမူများပြားပါသည်။ အလုပ်သမားနှင့်အလုပ်ရှင်များသည် တစ်ဦးနှစ်တစ်ဦး အပြန်အလှန်အကျိုးပြုနေသူများဖြစ်ရာ ကိုယ်တာဝန်ကိုကျေပွန်ကြပါက ထိုလုပ်ငန်းသည် တိုးတက်အောင်မြင်မည်မှာ မလွဲပင်ဖြစ်ပါသည်။ အလုပ်ရှင်၏တာဝန်မှာ အလုပ်သမားများကို ထိုက်သင့်သောလုပ်အားခကိုပေးခြင်း အလုပ်သမားများ၏ လိုအပ်ချက်များကို ဖြသည့်ဆည်းပေးခြင်း များအပြင် အလုပ်သမားတို့အပေါ်မောက်မာခြင်းမပြုဘဲ ဖော်ရွေပြူငှာစွာပြောဆို ဆက်ဆံခြင်းတို့ဖြစ်သည်။အလုပ်သမားများဘက်ကလည်း မိမိအားထမင်းကျွေးနေသော အလုပ်ကိုခိုကပ်ခြင်းမပြုဘဲ ရိုးရိုးသားသားကြိုးကြိုးစားဖြင့် သစ္စာရှိစွာဖြင့် ကိုယ့်တာဝန်ကိုကျေပွန်စွာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။လူတိုင်းမိမိတို့တိုင်းပြည် မိမိတို့၏ပတ်ဝန်းကျင်တိုးတက်ဖို့အတွက် ကိုယ့်တာဝန်ကိုယ်ကျေဖို့ ကျိုးစားသင့်ပါသည်။လူတိုင်းလူတိုင်းကိုယ့်တာဝန်ကိုယ် ကျေနိုင်ကြပါစေ။
MSC 249
@zawhtat