ကျွန်တော်ရင်ခုန်စွာ စောင့်ဆိုင်းနေသောကျောင်းတက်ရမည့်ရက်ကို ရောက်ရှိလာပါပြီ။ ယခုမှစတက်ရမည်ဖြစ်သဖြင့် အလွန်စိတ်လှုပ်ရှားပျော်ရွှင်မိပါသည်။ စိတ်လူပ်ရှားရသည့်အကြောင်းမှာ ဆယ်တန်းမဖြေခင်ထဲက ဆရာဆရာမများက "ဆယ်တန်းအရင်အောင်အောင်ကြိုးစား ဆယ်တန်းအောင်ပြီးတက္ကသိုလ်တက်ရရင် စာမကျက်ရသည့်အပြင် မိမိကြိုက်တာကိုလွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိသည်"ဟုပြောထားဖူးသောကြောင့် လွတ်လွတ်လပ်လပ်နေရတော့မည် ဟုတွေးဖြင့် ပျော်ရွှင်မိသည်။
တက္ကသိုလ်စတက်သည့်နေ့တွင် အိမ်မှမနက်7:00 လောက်ထဲကကျောင်းသို့သွားရန် သူငယ်ချင်းတေနှင့်အတူတိုင်ပင် ထားသည်။ တိုင်ပင်ထားသည့်အတိုင် အိမ်ကနေ 7:00လောက် သူငယ်ချင်းတေစုပြီးကျောင်းသို့သွားကြပါသည်။ကားပေါ်တွင်လည်းကျွန်တော်တို့သူငယ်းချင်းတစ်သိုက်အသံဖြင့်ဆူညံနေပါသည်။ခဏနေတော တက္ကသိုလ်ကျောင်းရှေ့သို့ရောက်ရှိပါသည်။
ကားပေါ်မှဆင်းပြီး သူငယ်ချင်းတစ်သိုက် တက်ကြွသောခြေလှမ်းများဖြင့် ကျောင်းထဲကို လှမ်းဝင်ခဲ့ကြပါသည်။ကျောင်းထဲရောက်သည်နှင့် ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် အဖော်ညှိစရာမလိုဘဲ ဦးတည်သွားနေသောနေရာမှာ ကျောင်းကန်တင်းဆီသို့ဖြစ်သည်။
ကန်တင်းတွင်မနက်စာစားကြပြီး ကိုယ်တက်ရမည့်အခန်းကို လိုက်ရှာရမည်ဖြစ်ရာ အခန်းတိုင်းကို အကုန်ဝိုင်းရှာရန် တိုင်ပင်ပြီး အခန်းရှာပုံတော်ဖွင့်ကြလေသည်။ဤတွင် သူ့အခန်းအရင်ရှာမည် ငါအခန်းကိုအရင်ရှာမည်ဟူသော ပြသနာ စတင်တော့သည်။ထိုပြသနာကို ၁၅မိနစ်ခန့်ဝိုင်းဝန်း၍ငြင်းခုံနေကြပါသည်။
ခနနေတော့မှ သူငယ်ချင်းတစ်ယောက်က စာအုပ်လှန်ကာဆုံးဖြတ်ရန်ပြော လာပါသည်။သူပြောသောအကြံကိုအားလုံးသဘောတူ၍ စာအုပ်လှန်ကာဆုံးဖြတ်ကြပါသည်။ကျနော်တိုသယ်ချင်းများမှာ မေဂျာမတူကြသဖြင့်ရှာရမည့် အခန်းများမှာ မနည်းလှပါ။မြန်မာ ဓာတု ရူပ သတ္တ ရုက္ခ အင်္ဂလိပ် သင်္ချာဟူသောမေဂျာများကိုရှာရမည်ဖြစ်သည်။
ကျောင်းဝန်းမှာသိပ်မကျယ်လှသော်လည်း ကျနော်တော်မှာလူသစ်များလည်းဖြစ်သဖြင့် အချိန်အတော်ကြာအောင် ရှာလိုက်ရသည်။မိမိတိုအခန်းကိုရှာတွေ့ပြီးနောက် ကိုယ်စီအတန်းထဲသို့ သွားကြပါသည်။ အခန်းရှေ့တွင်ကပ်ထားသောအတန်းချိန်ကို ဖုန်းဖြင့်ဓါတ်ပုံရိုက်ယူလိုက်သည်။
ဓါတ်ပုံရိုက်ယူပြီးနောက် အတန်းထဲသို့ဝင်လိုက်သည် နေရာလွတ်ကမရှိတော့သလောက်ပင်။ သို့သော်ယောက်ျားလေးများ ထိုင်နေသောဘက်တွင် အရှေ့ဆုံးတန်းကလွတ်နေသည်။လွတ်နေရသောအကြောင်းရင်းမှာ ကျနော်တို့ယောက်ျာလေးများသည် stateကျောင်းသာဘဝထဲက နောက်ဆုံးတန်းကိုသာလုကြသည်။နောက်ဆုံးတန်းကိုဘဲရွေး၍ထိုင်လေ့ရှိသောကြောင့် အရှေ့ဆုံးအတန်းမှာလွတ်နေခြင်းဖြစ်သည်။ကျနော်လည်းရွေးစရာမရှိတော့သဖြင့် လွတ်နေသောရှေ့ဆုံးအတန်းကို မထိုင်ချင်ထိုင်ချင်ဖြင့်ထိုင်ကာ ဆရာမအလာကိုစောင့်နေလိုက်သည်။
ဆက်ပါဦးမည်……
MSC-249
@zawhtat