ကျွန်တော်နှင့် တက္ကသိုလ် အပိုင်း(၁)

Words
147
Reading
1 min
Listen
Play
8y

ကျွန်တော်တို့2017ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတေ ထွက်တော့ အမှတ်စာရင်းတေကို အပြေးအလွှား ထုတ်ယူကြပါတယ်။ ကျွန်တော်အမှတ်စာရင်းရတော့ ကိုယ့်အမှတ်ကိုယ်ကို စိတ်ပျက်မိပါသည်။ ဘာလို့လဲဆိုတော့ ကျွန်တေည်အမှတ်က ၃၆၃မှတ်ထဲ ရတာလေဗျာ။

credit image source
ဟိုမမှီ သည်မမှီ ဖြစ်နေတာကိုးဗျ။ အောင်စာရင်းထွက်ပြီး သုံးပတ်လောက်နေတော့ တက္ကသိုလ်ဝင်ခွင့် လျှာက်လွှာများကို သက်ဆိုင်ရာ အထက်တန်းကျောင်းကို သွားပြီး ထုတ်ယူကြရပါသည်။
လျှောက်လွှာထုတ်ယူပြီး အိမ်ရောက်တော့ အသက်မွေးဝမ်းကြောင်း တက္ကသိုလ် တစ်ခုတစ်လေလေးများ ရလိုရငြားဆိုတဲ့ စိတ်ကလေးနဲ့ လမ်းညွှန်စာအုပ်ကို အထပ်ထပ်အခါခါ ဖတ်ကြည့်ပါသည်။ ကံဆိုးစွာပင် တစ်ခုတစ်လေမျှ မမှီပါ။ ၁၀တန်းမှာမကြိုးစားဘဲ ခပ်ပေါ့ပေါ့နေခဲ့တဲ့ အကျိုးကြောင့် ယခုချိန်တွင် ရိုးရိုးတက္ကသိုလ်တွင်သာ တက်ရောက်ခွင့်ရတော့မည် ဖြစ်ပါသည်😒😒😒။ ကိုယ့်အပြစ်နှင့်ကိုယ်ပေါ့ဗျာ။

လမ်းညွှန်စာအုပ်ကို တစ်ပတ်လောက်ဖတ်ပြီးနောက် လျှောက်လွှာဖြည့်ကာ သူငယ်ချင်းများနှင့်အတူပဲ ပညာရေးမူးရုံးသို့သွာရောက်ကာ လျှောက်လွှာတင်ကြပါသည် ။ လျှောက်လွှာတင်ပြီးနောက် ဘာအလုပ်အကိုင်မှမရှိဘဲ ဟိုယောင်ယောင် သည်ယောင်ယောင်ဖြင့် တက္ကသိုလ်တက်ရမည့်အချိန်ကို စောင့်စားနေရပါသည်။
၁၁လပိုင်း လလယ်လောက်တွင် မိမိတို့တက်ရောက်ခွင့်ရသည့် တက္ကသိုလ်နှင့် အထူပြုမေဂျာကို စာဖြင့်အကြောင်းကြား ပါသည်။ ကျွန်တော်က ပဲခူးတက္ကသိုလ်တွင် သင်္ချာမေဂျာအထူးပြုဖြင့် တက်ရောက်ခွင့်ရပါသည် ။ သင်္ချာမေဂျာလောက်ရသဖြင့် တော်ပါသေးသည်😊။ ဝင်ခွင့်ဖြတ်ပိုင်းလေးနှင့်အတူ ကျောင်းအပ်ရန်အတွက် လိုအပ်သည်များကို ပြင်ဆင်ကာ သူငယ်ချင်းများအတူ ပဲခူးတက္ကသိုလ်သို့ ကျောင်းသွားအပ်ကြပါသည်။
ကျောင်းသို့ရောက်သောအခါ ကျွန်တော်တို့လို ကျောင်းလာအပ်သူများမှာ မနည်းလှပါ ။ ကျောင်းအပ်ရန်အတွက် လျှောက်လွှာထုပ်ယူရန်အတွက် သူငယ်ချင်းများနှင့်အတူ တိုးဝှေ့ကာ လျှောက်လွှာများကို ထုတ်ယူကြပါသည် ။ လျှောက်လွှာထုပ်ယူပြီးနောက် အရိပ်ကောင်းသော နေရာရှာကာ လျှောက်လွာဖြည့်ကြပါသည်။ လျှောက်လွှာဖြည့်ပြီးနောက် ပြည့်စုံမူရှိမရှိကို စစ်ဆေးပေးရန်အတွက် လျှောက်လွှာကို တဖန်ပြန်ထပ်ရ လျှောက်လွှာထပ်ပြီးနောက်တွင် မိမိနာမည်ခေါ်သည်ကို ထိုင်စောင့်နေရပါသည် ။
နာမည်ခေါ်ပြီးနောက် သက်ဆိုင်ရာပါမောက္ခ၏ လက်မှတ်ကိုသွားယူရပါသည် ။ ပါမောက္ခလက်မှတ်ရပြီးလျှင် ငွေသွင်းရန်သာ ကျန်တော့သည် ။ ငွေသွင်းပြီးလျှင် ကျောင်းအပ်ခြင်း ပြီးဆုံးပြီဖြစ်သည်။ ခနနေတော့ ကျတော့်နာမည်ခေါ်ကာ ပါမောက္ခလက်မှတ်ယူရန်နှင့် ငွေသွင်းရန်များကို ညွှန်ကြား လိုက်ပါသည်။
ပါမောက္ခလတ်မှတ်ယူပြီးနောက် ငွေသွင်းရန် မိန်းဆောင်အောက်ကို သွားရပါသည်။ မိန်းဆောင်အောက်တွင်ေ ငွသွင်းပြီးသောအခါ ကျောင်းအပ်ခြင်း ပြီးဆုံးသွားသည်။ ကျောင်းအပ်ပြီးနောက် သူငယ်ချင်းတစ်စု ကန်တင်းသို့သွားကာ မုန့်စားကြပါသည် ။ မုန့်စားပြီးသောအခါ အိမ်သိုပြန်လာကြပြီး ကျောင်းတက်ရန်အတွက် ရင်ခုန်စွာ စောင့်စားနေပါတော့သည်။
MSC 249
zawhtat@zawhtat