အသုံးနှင့်အဖြုန်း

Words
73
Reading
1 min
8y
Listen to this post
~1 min

ကျွန်တော်တိုတစ်တွေသည် အသုံးနှင့်အဖြုန်းကို သေချာစင်းစားခြင်းမပြု လုပ်ကြဘဲပိုက်ဆံကို အလွယ်တကူ သုံးနေကြပါသည်။ကျနော်တို့တစ်တွေ သည် အသုံးဟူသောခေါင်းစင်အောက်တွင် ပိုက်ဆံကိုဖြုန်းမှန်းမသိဘဲ အသုံးပြုနေကြပါသည်။
()
အသုံးနှင့်အဖြုန်းမှာ ကွဲပြားခြားနားလှပါသည်။အသုံးဆိုသည်မှာ မိမိအတွက် မဖြစ်မနေလိုအပ်သော ပစ္စည်းမျိုးကိုဝယ်ယူအသုံးပြုခြင်းမျိုးဖြစ်သည် ။အဖြုန်းဆိုသည်မှာ မိမိအတွက် အမှန်တကယ်မလိုအပ်သော အရာများကို ဝယ်ယူသုံးစွဲခြင်းမျိုး ဖြစ်သည်။ဥပမာပြောလျှင်ကျောင်းသားတစ်ယောက်အတွက် ဗလာစာအုပ် ခဲတံ ပေတံ ဘောပင်အစရှိသောပစ္စည်းမျိုးကို ဝယ်ယူခြင်းသည် သူအတွက် မှန်ကန်သောအသုံးဖြစ်သည်။ထို့သို့ဝယ်ယူခြင်းမရှိဘဲ တခြားမလိုအပ်သောနေရာတွင် အသုံးခြပါကထိုပိုက်ဆံကိုဖြုန်းလိုက်သည်နှင့်တူပေသည်။
ထင်းခုတ်သမားတစ်ယောက်တွင် ဓားပုဆိန်တို့သည် မဖြစ်မနေရှိနေရမည့်ပစ္စည်းများ ဖြစ်ကြသည်။ထိုပစ္စည်းများကိုဝယ်ယူအသုံးပြုလျှင် ထိုအသုံးသည် သူအတွက်အမှန်တကယ် သုံးသင့်သုံးထိုက်စွာသုံးစွဲခြင်းမျိုးဖြစ်ပေသည်။ ထို့ကြာင့်ကျွန်တော်တို့သည် အသုံးနှင့်အဖြုန်းကို ကွဲပြားရန်အတွက် အရာဝတ္ထုတစ်ခုခုကို ဝယ်ယူခြင်းမပြုမီ ထိုအရာဝတ္ထုသည် မိမိအတွက်အမှန်တကယ်လိုအပ်သော အရာဝတ္ထုဟုတ်မဟုတ် သေချာစင်းစားချင့်ချိန် မှသာလျှင် ပိုက်ဆံကိုဖြုန်းပစ်ခြင်းမျိုးမဖြစ်တော့မှာဖြစ်သည်။
လောင်းကစားပြုလုပ်ခြင်းသည် ပိုက်ဆံကိုအလွန်အကျိုး မဲ့စွာဖြုန်းတီးခြင်း ဖြစ်သည်။ ထိုလောင်းကစားလုပ်မည့်ပိုက်ဆံအား လောင်းကစားမလုပ်ဘဲ စုဆောင်းကာ မိမိဘဝတိုးတက်ရေးအတွက် ရင်းနှီးမြုပ်နှံထားပါက နောင်နချိန်တွင်ဘဝကို အေးချမ်းစွာဖြင့် နေထိုင်နိုင်မည်ဖြစ်သည်။ မိမိအတွက်လူတိုင်းလူတိုင်းအသုံးနှင့်အဖြုန်းကို နားလည်သဘောပေါက်ပြီး မှန်ကန်သောနည်းလမ်းများဖြင့် မိမိတို့၏ပိုက်ဆံကို အမှန်တကယ် လိုအပ်သောနေရာတွင် မိမိဘဝတိုးတက်ကောင်းမွန်ရေးအတွက် အကျိုးရှိစွာဖြင့် အသုံးချနိုင်ကြပါစေ။
MSC 249
zawhtat@zawhtat

အသုံးနှင့်အဖြုန်း | Ecency