Action & Reaction

Words
61
Reading
1 min
8y
Listen to this post
~1 min

အာရာဝတ္ထုတိုင်း၏ သက်ယောက်မူတိုင်းတွင် တန်ပြန်သက်ရောက်မူများရှိသည်ဟု နာမည်ကျော်သိပ္ပံပညာရှင်ကြီးဖြစ်သော နယူတန်က အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ ကျွန်တော်တို့နေစဉ်လှုပ်ရှာနေသောပတ်ဝန်းကျင်တွင် အရာရာတိုင်းသည်တန်ပြန်သက်ယောက်မူရှိနေကြသည်။
()
ကျွန်တော်တို့သည် နေရာစွဲ ဒေသစွဲ ပုဂ္ဂိုလ်စွဲအစရှိသည်ဖြင့် အစွဲအလန်းကြီးသူများဖြစ်ကြသည်။ ထိုသိုအစွဲအလမ်းကြီး လျှင်အဆင်မပြေပါ။ အစွဲကြီးသောကြောင့် မဖြစါသင့်တာများ မလုပ်သင့်သောအမှားများကို ကြူးလွန်မိကြလေသည်။ မိမိကမကောင်းတာလုပ်လျှင် ထိုမကောင်းမူသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် မိအားအကျိုးပြန်ပေးမည်မှာ မလွဲမသွေပင်ဖြစ်သည်။ ထို့ကြောင့်ရှေးလူကြီးများက ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမြဲ ဟုသတိပေးခဲ့ချင်း ဖြစ်ဟန်တူပါသည်။
မိမိကကောင်းတာလုပ်လျှင် ကောင်းကျိုးချမ်းသာကို ခံစားရမည်ဖြစ်သည်။ မိမိဘဝတွင် အောင်မြင်နိုင်ရန်အတွက် အချိန်ပေးကာ ကြိုးစားရမည်ဖြစ်ပါသည်။ ထို့သို့ အချိန်ပေးကြိုးစားမှသာလျှင်လည်း အောင်မြင်မူပန်းတိုင်ကို လျှောက်လှမ်းနိုင်မည်ြဖစ်ပါသည်။ ထို့ကြောင့်ကြိုးစားမူ နှင့်အောင်မြင်မူတို့သည် အပြန်အလှန်ဖြစ်ပါသည်။အောင်မြင်မူဆိုသည်မှာ တစ်နေ့တည်း တစ်ညထဲနှင့်ရသည့် အရာမျိုးမဟုတ်ပါချေ။ ကြီးမားအဆောက်အဦးကြီးတစ်ခု ဖြစ်လာရန်အတွက် သေးငယ်သောအုပ်ချပ်လေးများကို စနစ်တကျနှင့် အဆင့်ဆင့်တည်ဆောက်ထားခြင်း ဖြစ်ပေသည်။ အောင်မြင်းခြင်းဟူသော အဆောက်အဦးတစ်ခုကို တည်ဆောက်လိုပါက ကြိုးစားအားထုတ်ခြင်းဟူသော အုတ်ခဲငယ်လေးများကို စနစ်တကျတည်ဆောက်မှသာ ဖြစ်နိုင်မည်မဟုတ်ပါလား။

Action & Reaction | Ecency