မင်္ဂလာပါရှင်...
မနေ့က သင်္ကြန်အကြတ်နေ့မှာတော့ ရုံးမှာ ဂျူ တီဝင်နေရလို့
ရေကစား မထွက်နိုင်ခဲ့ပါဘူး။
ဒီနေ့ မဟာသင်္ကြန် အတတ်နေ့မှာ မန္တလေးမြို့သို့
ရေကစားထွက် လည်ပတ်ခဲ့တာလေးများကိုပဲ မှတ်တမ်း
တင်လိုက်ပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲတော်မှာ အပျော်
သဘောလေးနှင့် မျက်စိပသာဒဓာတ်ပုံလေးတွေပဲ
ရှုစားကြပါတော့လို့နော်...
မနက် ၉ နာရီလောက်တွင် အကျနေ့ကလိုပဲ
ကျွန်မတို့လင်မယားနှစ်ဦးနှင့် မိတ်ဆွေအပေါင်းအသင်း ၈ ဦး၊
ပေါင်း ၁၀ ဦးတို့ဟာ စစ်ကိုင်းမြို့မှ မန္တလေးမြို့သို့ ထွက်ခွာခဲ့
ကြပါတယ်။ မနက်ခင်းပိုင်းမှာ ကားပေါ်မှပဲ ရေပတ်ခံခဲ့ကြပါတယ်။
ညနေခင်းမှာတော့ လမ်းလျှောက်လည်ပတ်ခဲ့ကြတာပါ။
အပြန်မှာတော့ ကန်တော်ကြီး Water Park သို့ ခဏ
ဝင်ရောက် ပျော်ပါးခဲ့ကြပါတယ်။
ထိုမှ အမှတ်တရဓာတ်ပုံအချို့ ရိုက်ယူခဲ့ပြီး steemit မှာ
တင်ပြလိုက်ရပါတယ်ရှင်။
မျက်စိနောက်ရင်တော့ ခွင့်လွှတ်ကြပါနော်...
မနက်ဖြန်ဆိုရင် မြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်နေ့ ရောက်ပါမယ်။
#Happy-Myanmar-New-Year!
မိတ်ဆွေများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။
@zarzar1989