ကျောက်​စိမ်း​မှော်

yuzana(60)
Published in
#myanmar
Words
53
Reading
1 min
Listen
Play
8y

ကျောက်​စိမ်း​မှော်


ဒီလိုနဲ့ဖိုးသမားသူငယ်​ချင်းပြန်​သွားပြီဆို​တော့ကျွန်​​တော်​တိုရင်​ထဲ စိတ်​မ​ကောင်းခြင်းများစွာနဲ့အ​ကောင်းဆုံးဖြစ်​​အောင်​လုပ်​လိုက်​ရသည်​ဟု​ဖြေသိတ်​လိုက်​ရပါသည်​။ ဒီလိုနှင့်​ကျွန်​​တော်​တို့လဲ ​မေ့​မေ့​ပြောက်​​ပြောက်​​ပျော်​ရွှင်​စွာနှင့်​ကျင်းကိုဆက်​တူးကြပါသည်​။ အိမ်​ပြန်​လျှင်​​ကျောက်​စိမ်းကြီးကြီမားမားရ ပိုက်​ဆံများများရ စသည့်​​မျှော်​လင့်​ချက်​က​လေးနှင့်​​ပျော်​ရွှင်​စွာဆက်​လက်​တူး​နေကြပါသည်​။

Gem-4a.jpg

ထို​ခေတ်​ထိုအခါက အထက်​မှာ​ပြောခဲ့ပြီးသလို အမဲ​ရောင်​နယ်​​မြေဖြစ်​သဖြင့်​သူပုန်​များလည်းအ​ရောင်​အ​သွေးစုံလင်​လှ​ပေသည်​။ တချိုကလည်း​လေး​ကောင်​ဂျင်​ဝိုင်း​ထောင်​လို့ တချို့ကလည်း​ကျောက်​တူးလို့ စသည်​ဖြင့်​ ယူနီ​ဖောင်းကို​တော့ တခါတရံဝတ်​​လေသည်​။ သူတို့အခွန်​ထမ်းဆပ်​​ကြေး​ပေးလုပ်​ကြတာဆို​တော့​အေး​ဆေး​ပေ ၊ အားလုံးကိုသူငယ်​ချင်းလိုပင်​ဆက်​ဆံ​နေထိုင်​ကြ​လေသည်​၊ အကယ်​၍ မြန်​မာ့တပ်​မ​တော်​စစ်​​ကြောင်းဝင်​လာလျင်​​တော့ အားလုံး ကြက်​​ပြောက်​ငှက်​​ပြောက်​ ​ပြောက်​ကုန်​ကြ​လေသည်​၊

16_1.jpg

တခါကျွန်​​တော်​တို့ကြုံးဘူးကြ​လေသည်​။လူတ​ယောက်​​မောကြီးပန်​ကြီး​ပြေးလာပြီး ဟိုဖက်​​တောင်​​ကြော​ပေါ်မှာ တပ်​မ​တော်​စစ်​​ကြောင်း​တွေ့ခဲ့တယ်​ဆိုပြီး ​မှော်​ထဲပတ်​​အော်​​ပြီးသတိ​ပေး​လေသည်​၊ ကျွန်​​တော်​လည်းဘာလည်းမသိဆိုပြီးကြည့်​​နေမိ​လေသည်​။ တ​မှော်​လုံးရှိလူ​တွေကလည်းဝရုန်းသုန်းကား​ပြေးကြ​လေသည်​၊ ကျွန်​​တော်​တို့ကျင်​ကအတူတူးဖက်​ ​မှြော်​ကာ​နေခဲ့တဲ့လူ​တွေကလည်း မိမိပစ္စည်းမိမိယူပြီး​ကြောက်​လန့်​တကြားတဲဆီသို့​ပြေးကြ​လေသည်​ ကျွန်​​တော်​တို့မှာလည်း ဘုမသိ ဘမသိ​ပြေးကြရ​တော့၏၊ ထန်​သီး ထန်းလက်​​ခြောက်​​ပေါ်​ကြွေလို့ မိုးပြီုပြီအထင်​နှင့်​​ပြေး လာတဲ့ ယုန်​​နောက်​ကို ကျွန်​​တော်​တို့လည်းဘုမသိဘာမသိနဲ့ ​ပြေး​လိုက်​နေရသလိုဖြစ်​​နေ၏၊ အားလုံး၏မျက်​နာသည်​လည်းစိုးရိန်​စိတ်​​တွေနဲ့ တ​ယောက်​​မေးတာတ​ယောက်​မ​ဖြေအားသလိုဖြစ်​​နေ၏၊ ​​မှော်​တွင်းအ​တွေ့အကြုံကို​နောက်​အပတ်​ဆက်​လက်​​ရေးပါအုံးမည်​၊ စာလာဖတ်​သူ အားလုံးကို​ကျေးဇူးအထူးတင်​ပါသည်​။

Post writer=yuzana@yuzana(shineshine)
MSC=146

ကျောက်​စိမ်း​မှော်​ | Ecency