တန်​ခူးလမှာပွင့်​သည့်​ရာသီပန်း

yuzana(60)
Published in
#myanmar
Words
40
Reading
1 min
Listen
Play
8y

တန်​ခူးလမှာပွင့်​သည့်​ရာသီပန်း

တန်​ခူးလရဲ့ပွဲ​တော်​သင်္ကြန်ွဲနဲ့ခွဲမရတဲ့ရာသီပန်းက​တော့ ပိ​တောက်​ပန်းဖြစ်​ပါသည်​၊သင်္ကြန်​ပွဲဟုဆိုလိုက်​တာနှင့်​ ပိ​တောက်​ပန်းကို​ပြေးပြီးမြင်​​ရောင်​မိပါသည်​၊သင်္ကြန်​ပွဲကိုစပ်​ဆို​သောသင်္ကြန်​သီချင်းအများစုတွင်​ပိ​တောက်​ပန်းကိုပါစပ်​ဆိုတတ်​ကြပါသည်​၊

Screenshot_20180310_081829.png

https://goo.gl/images/W5SX32

ပိ​တောက်​ပန်းကိုမြန်​မာလူးမျိုးအားလုံးကမြတ်​နိုးကြပါသည်​၊ပိ​တောက်​ပန်းသည်​ပန်းတကာ့ပန်းတွင်​ အများနှင့်​မတူ​သောဂုဏ်​ဒြပ်​​တွေကရှိ​နေ​သော​ကြောင့်​ဖြစ်​​လေသည်​၊ပိ​တောက်​ပန်း၏အ​ရောင်​သည်​၊မြန်​မာလူမျိုးများနှစ်​သက်​မြတ်​နိုး​သော ​ရွှေဝါ​ရောင်​အဆင်းရှိ​နေခြင်းပင်​ဖြစ်​​လေသည်​၊ပီ​တောက်​ပန်းသည်​ ပန်းခိုင်​ခြည်းသက်​သက်​ထက်​သူ့၏အရွက်​ အစိမ်း​ရောင်​​လေးနှင့်​မှပိုပြီးလှပ​လေသည်​၊ တချို့​သော့ပိ​တောက်​ပင်​များပွင့်​​နေသည်​မှာတပင်​လုံး​ရွှေရည်​များ​လောင်းထားသလိုဝါထိန်​​နေပြီး အိတွဲ​နေသည်​မှာအလွန်​တရာကြည့်​​ကောင်းပါသည်​၊ ​နောက်​ထူးခြားမူတခုမှာ ပိ​တောက်​ပန်းသည်​တနှစ်​မှာတကြိမ်​သာလျှင်​ပွင့်​တပ်​ကြပြီး၊ထိုတကြိမ်​သည်​လည်း တရက်​သာပွင့်​ကြပါသည်​၊မနက်​ပိုင်းပွင့်​ပြီးည​နေပိုင်း ညှိုးနွမ်းသွားပါသည်​၊ထိုအပင်​မှပန်းကို ​နောက်​နှစ်​တန်​ခူးလမှသာလျှင်​ပြန်​ပွင့်​၍ပြန်​မြင်​ရပါလိမ့်​မည်​၊ ထို​ကြောင့်​တနှစ်​မှတရက်​ထဲတခြားပန်းနဲ့မတူ ခက်​ခဲတဲ့ပန်းဖြစ်​လို့ ပို၍တန်​ဘိုးထားကြပါသည်​၊

Screenshot_20180310_081905.png

https://goo.gl/images/f9oR1T

အရင်​​ခေတ်​အခါတုန်းက ပိ​တောက်​ပန်းတွေသည်​သစ္စာရှိကြတယ်​လို့ဆိုပါတယ်​၊သင်္ကြန်​ရက်​​ရောက်​မှပွင့်​တပ်​ကြပြီး သင်္ကြန်​ရက်​မဟုပ်​လျှင်​မပွင့်​ကြဘူးလို့​ပြောကြပါတယ်​၊အမှန်​က​တော့ ​ရှေးတုန်းကရာသီဥတုမှန်​သဖြင့်​သူရက်​နဲ့သူ ပွင့်​ချိန်​တန်​လို့ပွင့်​ခြင်းဖြစ်​​ပေလိမ့်​မည်​၊ယခုအချိန်​တွင်​ရာသီဥတုလဲမမှန်​​တော့သဖြင့့်သင်္ကြန်​ရက်​နဲ့ပိ​တောက်​ပန်းပွင့်​ရက်​​တွေလဲမတူညီကြ​တော့​ပေ ၊ ​နောက်​တန်​ခူးလရဲ့ရာသီပန်းက​တော့ ကံ့​ကော်​ပန်းဖြစ်​ပါတယ်​၊ကံ့​ကော်​ပန်းက​တော့ပိတောက်​ပန်းကဲ့သို့ အဝါ​ရောင်​မဟုပ်​ဘဲအဖြူ​ရောင်​ဖြစ်​ပါသည်​၊သူက​တော့တရက်​နှင့်​ညှိုးနွမ်းသွား​သောပန်းလဲမဟုပ်​​ပေ၊ထားတတ်​လျှင်​နှစ်​ရက်​သုံးရက်​ခန့်​ အထိအထားခံပါသည်​။ ကံ့​ကော်​ပန်းကိုမြန်​မာမိန်းက​လေးများကြိုက်​နှစ်​သက်​ခြင်းမှာ ရနံ့မှာတမူထူးခြားစွာ​မွှေး​သော​ကြောင့်​ဖြစ်​ပါသည်​၊ကံ့​ကော်​ပန်း၏ရနံ့သည်​ပွင့်​ဖတ်​များ​ခြောက်​သွားသည့်​တိုင်​​အောင်​​မွှေးကြိုင်​​နေသဖြင့်​ မြန်​မာမိန်းက​လေးများသနပ်​ခါးနှင့်​​ရောပြီး​သွေးလိမ်းကြ​လေသည်​၊

1388124799-123-o.jpg

https://goo.gl/images/WF12Cv

ကံ​ကော်​ပန်း၏ပန်းဝတ်​ဆံသည်​လည်းမြန်​မာတိုင်းရင်း​ဆေးတွင်​အသုံးချသည်​ဟု သိရှိရပါသည်​။
စာဖတ်​သူအားလုံးကို​ကျေးဇူးတင်​ပါသည်​။

Post writer=yuzana@yuzana(shineshine)
MSC=146

တန်​ခူးလမှာပွင့်​သည့်​ရာသီပန်း | Ecency