ကဆုန်​လရဲ့ပွဲ​တော်

yuzana(60)
Published in
#myanmar
Words
68
Reading
1 min
Listen
Play
8y

ကဆုန်​လရဲ့ပွဲ​တော်

ကဆုန်​လဆိုတာ​ရှေး​ရှေးတုန်းက ကုဆန်​ လ လို့​ခေါ်ကြတာတဲ့ဗျာ့ တ​ဖြေး​ဖြေးကြာလာ​တော့ ကဆုန်​လဖြစ်​လာတာ​ပေါ့ဗျာ၊ ကု ဆိုတာ ​ရေ လို့အဓိပ္ပာယ်​ရှိပြီး ဆုန်​ ဆိုတာ သွန်း​လောင်းခြင်းလို့ အဓိပ္ပာယ်​ရှိပါတယ်​၊ဒါ​ကြောင့်​ ကဆုန်​လဆိုတာ ​ရေသွန်း​လောင်း​သောလလို့​အဓိပ္ပာယ်​ရှိတာ​ပေါ့ဗျာ ၊အဲ့ဒါ​ကြောင့်​ကဆုန်​လ​ရောက်​ရင်​​ညောင်​​ရေသွန်း​လောင်းပွဲ​တွေကျင်းပကြခြင်းဖြစ်​မယ်​ထင်​ပါသည်​၊

FB_IMG_1524306411451.jpg

https://goo.gl/images/Zd5dWC

ရှေးလူကြီး​တွေကအ​တော်​အ​မျှော်​အမြင်​ကြီးကြတယ်​လို့ဆိုရမယ်​ဗျာ့ ၊ဘာဖြစ်​လို့လဲဆို​တော့ မြန်​မာစကားပုံရှိပါတယ်​ တခူး ​ရေကုန်​ ကဆုန်​​ရေခန်း ဆိုတဲ့စကားတကယ်​မှန်​ပါတယ်​ ကဆုန်​လသည်​​ ​နွေဥတုရဲ့ ​နောက်​ဆုံးလဖြစ်​သလို အပူဆုံးလလည်းဖြစ်​သဖြင့်​​ရေများလည်းခန်း​ခြောက်​ကုန်​လို့ သစ်​ပင်​​တွေအားလုံး​လည်း​ရေခန်း​နေတဲ့ကာလ ​ရေလို​နေတဲ့ကာလလဲဖြစ်​ပါတယ်​၊ ကျွန်​​တော်​တို့ရဲ မြတ်​စွာဘုးရား ဘုရားဖြစ်​ရန်​အမှီပြုခဲ့တဲ့ ​ဗောဓိ​ညောင်​ပင်​သည်​လည်း ​ရေခန်း​ခြောက်​သဖြင့်​ ညှိုးနွမ်း​နေ​သောလဖြစ်​ပါသည်​၊​ဗောဓိ​ညောင်​ပင်​ဆက်​လက်​ရှင်​သန်​​စေရန်​အတွက်​​ညောင်​​ရေသွန်း​လောင်းပွဲ ကျင်းပပြီး ကုသိုလ်​ ယူကြခြင်းဖြစ်​ပါတယ်​၊ ကဆုန်​လသည်​ ကျွန်​​တော်​တို့ဗုဒ္ဓဘာသာများအထွဌ်​အမြတ်​ထား​သောလ တလဖြစ်​ပါသည်​ အဘယ်​​ကြောင့်​ဆို​သော်​ ဗုဒ္ဓမြတ်​စွာဘရား ဖွားမြင်​​သောလဖြစ်​သလို ဗုဒ္ဓမြတ်​စွာဘုရား ​တောထွက်​​တော်​မူ​သောလတလလဲဖြစ်​​နေပါတယ်​၊ ​နောက်​ပြီး ပရိနိဗ္ဗာန်​စံ​သောလကလည်း ဒီလဘဲ ဖြစ်​​နေပြန်​ပါတယ်​ ဒါ​ကြောင့်​ ကဆုန်​လသည်​ကျွန်​​တော်​တို့ဗုဒ္ဓဘာသာဝင်​များအတွက်​ အလွန်​တရာထူးမြတ်​​သောလတလဖြစ်​​နေပါတယ်​၊

ကဆုန်လ.jpg

https://goo.gl/images/UG1L6k

တခြားလည်းထူးမြတ်​တဲ့အ​ကြောင်းအရာ​တွေရှိပါအုံးမည်​ ကျွန်​​တော်​သိသ​လောက်​သာ​ရေးသားရခြင်းဖြစ်​ပါသည်​၊ ထို​ကြောင့်​ကဆုန်​လ၏ပွဲ​တော်​မှာ ​ညောင်​​ရေသွန်း​လောင်းပွဲ ဖြစ်​ပြီး ကဆုန်​လရဲ့ ရာသီပန်းမှာ စကားဝါပန်းဖြစ်​ပါသည်​၊
ဆက်​ရန်​...

Post writer=yuzana@yuzana(shineshine)
MSC=146

ကဆုန်​လရဲ့ပွဲ​တော်​ | Ecency