ကျွန်​​တော်​စိတ်​ဝင်​စား​သောစိတ်

yuzana(60)
Published in
#myanmar
Words
64
Reading
1 min
Listen
Play
9y

ကျွန်​​တော်​စိတ်​ဝင်​စား​သောစိတ်

အပိုင်း(၁)
https://steemit.com/myanmar/@yuzana/etyn-et-sit-wng-sa-ethasit-ptampong
အပိုင်း(၂)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-2
အပိုင်း(၃)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-3
အပိုင်း(၄)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-4
အပိုင်း(၅)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-5
အပိုင်း(၆)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-6
အပိုင်း(၇)
https://steemit.com/myanmar/@yuzana/etyn-eta-sit-wng-sa-ethasit-apong-7
အပိုင်း(၈)
နေအပါအဝင်​ ဂြိုလ်​များ ကြယ်​တာယာများ ဥက္ကာခဲများ စသည့်​ဖြင့်​စင်္ကြဝဠာတခုလုံးသည်​ အီလက်​ထရွန်​လျှပ်​စစ်​သံလိုက်​စက်​ကွင်းပင်​လယ်​ထဲ
ုလျှပ်​စစ်​သံလိုက်​စက်​ကွင်းရဲ့ဆွဲငင်​အား​တွေနဲ့ဟန်​ချက်​ညီညီနဲ့​မျောလွင့်​နေကြသည်ကိုအရင်​အပိုင်းများတွင်​​ဖော်​ပြခဲ့ပြီးဖြစ်​၏။
ထို​ကြောင့်​ကျွန်​​တော်​တို့သွားလာလှူပ်​ရှား​နေကြသည်​မှာထိုအီလက်​ထ​ရွန်​သံလိုက်​စက်​ကွင်းထဲမှာဖြစ်​​နေသည်​ကိုသိရှိရ​ပေမည်​။ထိုအီလက်​ထရွန်​သံလိုက်​စက်​ကွင်းထဲမှာသက်​ရှိတို့ရဲခန္တာကိုယ်​မှထွက်​ရှိ​သောအီလက်​ထရွန်​သံလိုက်​စက်​ကွင်းစိတ်​များလဲပါဝင်​၏။အီလက်​ထရွန်​များသည်​ အရာရာကိုထိုး​ဖောက်​ဖြတ်​သန်းနိုင်​၏။အီလက်​ထရွန်​အင်​ပီရာအနည်းအများ​ပေါ်မူတည်​၍ဖြတ်​သန်းနိုင်​မူလဲအနည်းအများရှိ၏။အီလက်​ထရွန်​များသည်​အလွန်​လျှင်​မြန်​၏။မိုင်​​ပေါင်​များစွာ​သွယ်​တန်းထား​သောလျှပ်​စစ်​မီးကြီုးထိပ်​အစတဖက်​မှဖြတ်​သန်းသွား​သောအီလက်​ထရွန်​သည်​ အခြားထိတ်​တဖက်
သို့ချက်​ချင်း​ရောက်​ရှိ၏။ကမ္ဘာတခြမ်းအသံလွှင့်​ရုံ(bbc,voa)တို့မှလွှင့်​ထုပ်​လိုက်​​သောအီလထရွန်​လျှပ်​စစ်​လှိုင်းသည်​​မြောက်​များစွာ​သောအီလက်​ထရွန်​များကိုဖြတ်​သမ်းပြီးကျွန်​​တော်​တို့ဆီရှိ​ရေဒီယိုသို့ချက်​ချင်း​ရောက်​ရှိ၏။ကျွန်​​တော်​တို့၏အီလက်​ထရွန်​စိတ်​လှိုင်းသည်​လည်းမိုင်း​ပေါင်းများစွာ​ဝေး​သောအရပ်​​ဒေသသို့ချက်​ချင်း​ရောက်​နိုင်​၏။

images (8).jpeg

ကမ္ဘာ့ဖီ​လော်​​ဆိုဖီအ​တွေးအ​ခေါ်ပညာရှင်​များကကျွန်​​တော်​တို့ကိုးကွယ်​​သောမြတ်​စွာဘုရားအား ကမ္ဘာ့ဖီ​လော်​ဆိုဖီပ​ရော်​ဖက်​ဆာကြီးဟု​တင်​စား​ခေါ်​ဝေါ်ကြ၏။ထိုအ​ခေါ်အ​ဝေါ်ကိုသီတကူဆရာ​တော်​ဘုရားကြီးကညင်းပယ်​လိုက်​ပါသည်​။အဘယ်​​ကြောင့်​ဆို​သော်​ဖီ​လော်​ဆီုဖီအ​တွေးအ​ခေါ်သမားသည်​အ​တွေးအ​ခေါ်ကို​တွေး​ခေါ်ယုံဘဲ​တွေး​ခေါ်ပြီးထိုအ​တွေးအ​ခေါ်ကိုအ​ကောင်​အထည်​​ဖော်​ဘို့သူမှာတာဝန်​မရှိ၊အ​ကောင်​အထည်​ကိုသိပ္ပံသမားများကအ​ကောင်​အထည်​​ဖော်​ကြရ၏။
ကျွန်​​တော်​တိုမြတ်​စွာဘုရားသည်​သဘာဝကျတဲ့ဖီ​လော်​ဆိုဖီအ​တွေးအ​ခေါ်ကို​တွေး​ခေါ်ပြီးသူရဲ့အ​တွေးအ​ခေါ်ကိုသူကိုယ်​တိုင်​အ​ကောင်​အထည်​​ဖော်​ကျင်​ကြံအားထုပ်​မှူ​ကြောင့်​သူမှာထူးခြားဆန်​ပြား​သောတန်​ခိုး​တွေရရှိခြင်းဖြစ်​သည်​။ထို​ကြောင့်​ဖီ​လော်​ဆိုဖီအ​တွေးအ​ခေါ်သမားဟု သတ်​မှတ်​လို့မရဘူးဟုပြန်​လည်​မိန့်​ကြားသည်​ဟုကြာဖူးေ​လေသည်​။မြတ်​စွာဘုရား၏အ​တွေးအ​ခေါ်များ တနည်းအားဖြင့်​မြတ်​စွာဘုရား၏တရား​တော်​များသည်​အ​တွေးအ​ခေါ်သမားများ သိပ္ပံသမားများမသိ​သေးတဲ့အချက်​အလက်​များ​မြောက်​များစွာရှိ​နေလိမ့်​မည်​ဟုယုံကြည်​​နေကြသည်​။ထို​ကြောင့်​မြတ်​စွာဘုရားသက်​ရှိထင်​ရှားရှိစဉ်​က​ဟောကြားခဲ့​သောတရား​တော်​များ၊မြတ်​စွာဘုရားရဲ့အီလက်​ထရွန်​စိတ်​လှိုင်းများယ္ခုအချိန်​ထိ​လေထဲတွင်​ရှိ​နေသည်​ဟုယုံကြည်​လျှက်​ထိုတရား​တော်​များအီလက်​ထရွန်​စိတ်​လိုင်​များကို သြစ​တေလျှသိပ္ပံပညာရှင်​များဖမ်းယူဖို့ကြိုးစား​နေသည်​ဟုစာ​စောင်​တခုတွင်​ဖတ်​မိ၏။

images (7).jpeg

တကယ်​​တော့ဒီလုပ်​ရပ်​သည်​ သ​ဘောတရားသာဖြစ်​နိုင်​ပြီးလက်​​တွေ့လုပ်​ရန်​မှာ မြန်​မာ့အဂ္ဂယဖိုလ်​ထိုးသမားများ​ကြေးထဲတွင်​ပါဝင်​​သောအက်​တမ်​အချိုး
အစားအား ​ရွှေထဲတွင်​ပါဝင်​​သောအက်​တမ်​အချိုးအစားနှင့်​ညီရန်​ အပူ​ပေး၍အက်​တမ်​များကိုလိုတိုးပို​ရှော့လုပ်​ရပ်​နှင့်​တူ​နေ၏။အဘယ်​​ကြောင့်​ဆို​သော်​မြတ်​စွာဘုရားသည်​သူခံရမည့်​ဝဋ်​​ကြွေးမှန်​သမျှအားလုံးဆပ်​ပြီးဖြစ်​သဖြင့်​သူ့ရဲ့အီလက်​ထရွန်​စိတ်​လှိုင်း(မ​နောစိတ်​)သည်​ အလွန်​တရာသန့့်​ရှင်းကြည်​လင်​ပြီးအ​ရောင်​တဖိတ်​ဖိတ်​​တောက်​​နေသဖြင့်​သူ့မ​နောစိတ်​ဝင်​လို့ရ​သောရုပ်​ခန္တာတနည်းအားဖြင့်​ပဋိသ​န္ဒေမရှိ​သော​ကြောင့်​ဖြစ်​သည်​။ထို​ကြောင့်​မည်​သည့်​ခန္တာမည်​သည့်​ရုပ်​ဝထ္ထုမှလက္ခံလိုမရနိုင်​​အောင်​အဆင့်​မြင့်​​သောစိတ်​လှိုင်းတခုဖြစ်​​နေသဖြင့်​ဘယ်​ဒုက္ခမျှမခံစားရ​သော​ကြောင့်​သံသရာလည်​ခြင်းမှလွပ်​​မြောက်​သွား​လေ၏။
ဒီအရာကို ဗုဒ္ဓဘာသာဝင်​များမှနိဗ္ဗာန်​ဟု​ခေါ်တာဖြစ်​​ပေလိမ့်​မည်​။ မြတ်​စွာဘုရားရဲ့အီလထရွန်​စိတ်​လိုင်းများ​လေထဲတွင်​ရှိ​နေသည်​ကို​တော့ကျွန်​​တော်​လက်​ခံပါသည်​။အဘယ့်​​ကြောင့်​ဆို​သော်​ မြတ်​စွာဘုရားရဲ့ခန္တာအစိတ်​အပိုင်းများဖြစ်​တဲ့ အရိုး​တော်​၊စွယ်​​တော်​ ဆံခြည်​​တော်​စ​သောပစ္စည်းများနှင့်​တည်​ထားဌာပနာ​သော​စေတီပုထိုးများနှင့်​ ဘာမှဌာပုနာမထား​သော​စေတီပုထိုးများရဲ့ ထူးခြားဖြစ်​စဉ်​စိတ်​လှိုင်းများမတူကြ​ပေ။တနည်းအားဖြင့်​​စေတီပုထိုးအနီးနားမှာသန့်​ရှင်း​သောမ​နောစိတ်​များကိမ်းဝပ်​​နေခြင်းမတူ​ညီကြ​ပေ။တချို့ ​ပြောကြသည်​ရွာကဘုရားနဲ့ တခြားတန်​ခိုးကြီးဘုရားအတူတူပါကွာဟုဆိုကြသည်​။ကျ​နော်​က​တော့မတူပါဟုဘဲသုံးသတ်​မိသည်​။အများသူငါရွတ်​ဖတ်​​သောပရိတ်​တရား​တော်​မှာ ​တောင်​တန်းသာသနာပြု​ရေဆူဆရာ​တော်​ရွတ်​ဖတ်​​တော့​ရေဆူပြီးတခြားသူများရွတ်​ဖတ်​​တော့​ရေမဆူတာဘ​ကြောင့်​နည်း။မည်​သည့်​ဂါထာရွတ်​ဖတ်​သည်ဖြစ်စေဂါထာ၏အစွမ်းသည်​ရွတ်​ဖတ်​သူ၏မ​နောစိတ်​သန့်​ရှင်းကြည်​လင်​မူ့အ​ပေါ်မှာအများကြီးမူတည်​၏။စေတီပုထိုးများသည်​လည်းတည်​ထားကိုးကွယ်​သူရဲ့မ​နောစိတ်​ဓာတ်​သန့်​ရှင်းမူနှင့်​ဘုရားထဲတွင်​ဌာပနာထား​သောပစ္စည်း​ပေါ်လဲမူတည်​၏။

images (6).jpeg

ကျွန်​​တော်​ဆိုလိုသည်​မှာရွာ​တွေမှာတည်​ထား​သောဘုရားများအားတန်​ခိုးမရှိဟုဆိုလိုခြင်းမဟုပ်​ပါ။အနဲနှင့်​အများ​စေတီပုထိုးမှန်​ရင်​တန်​ခိုးရှိကြပါသည်​။ အဘယ့်​​ကြောင့်​ဆို​သော်​ ဘုရာပုထိုးများတည်​ထားကိုးကွယ်​သူသည်​​တော်​ရုံစိတ်​​ကောင်းမရှိဘဲနှင့်​ဘုရားမတည်​ပါ။ထို​နောက်​ဘုရား​ကျောင်းကန်​များသို့လာ​ရောက်​သူများသည်​လည်း​ ကောင်း​သောလာခြင်​များဖြစ်​ပြီးစိတ်​မ​နောကြည်​ပြီးသန့်​ရှင်း​သောအချိန်​တွင်​အလာများ၏။ထို​ကြောင့်​ဘုရား​ကျောင်းကန်​အနီးတွင်
သန်​ရှင်း​သောအီလထရွန်​စိတ်​လှိုင်းများစု​ဝေး​နေခြင်း​ကြောင့်​ ဘုရား​ကျောင်းကန်​ ခြံစည်းရိုးအတွင်း​ခြေချလိုက်​မိသည်​နှင့်​မိမိရဲ့စိတ်​သည်​အပြင်​မှာနှင့်​မတူဘဲစိတ်​ချမ်းသာမူကိုဖြစ်​​စေပြီးမိမိကိုယ်​မိမိလုံခြုံမူရှိ​သွားသလို ကိုယ့်​ရဲ့စိတ်​သည်​လဲ​အေးချမ်းမူ့ကိုဖြစ်​​စေ၏။မုဒ်​ဦးအပြင်​ဖက်​​ရောက်​ဖိနပ်​စီးသည်​နှင့်​ဤစိတ်​များ​ပြောက်​သွား​​လေ၏။အကယ်​၍ဘုရား​ကျောင်းကန်​အတွင်းသားသတ်​လုပ်​ငန်းများလုပ်​ကိုင်​ခြင်း၊အကုသိုလ်​အလုပ်​များလုပ်​ကိုင်​ခြင်း၊မ​ကောင်း​သောလုပ်​ရပ်​များလုပ်​​နေသည်​ကိုသင်​သိရှိပါကဘုရား​ကျောင်းကန်​အတွင်းဝင်​​ရောက်​လျှင်​ အထက်​ပါစိတ်​ချမ်းသာမူ​အေးချမ်းမှူမျိုးကိုသင်​ခံစားရမည်​မဟုပ်​ပါ ။ထို​ကြောင့်​ဘုရား​ကျောင်းကန်​များအတွင်းအကုသိုလ်​အလုပ်​များမလုပ်​မိရန်​သတိပြုသင့်​​ပေသည်​၊ဘုရား​ကျောင်းကန်​အတွင်းသမီးရည်းစားများမဖွယ်​မရာမပြုလုပ်​သင့်​​ပေ၊ဘုရားရဲ့အရိတ်​သည်​​အေးမြ ဆုံးအရိတ်​အာဝါသတခုဖြစ်​​ကြောင်းတင်​ပြရင်းနဲ့ဒီတပတ်​​တော့နားပါအုံးမည်​။
အားလုံးကို​ကျေးဇူးတင်​ပါသည်​။

Post writer=yuzana@yuzana(shineshine)
Photo=google
MSC=146

ကျွန်​​တော်​စိတ်​ဝင်​စား​သောစိတ်​ | Ecency