လေဖြတ်​ခြင်းအ​ကြောင်း (၆)

yuzana(60)
Published in
#myanmar
Words
64
Reading
1 min
Listen
Play
8y

လေဖြတ်​ခြင်းအ​ကြောင်း (၆)

ကျွန်​​တော်​က​လေးမြို့မှာစက်​ပြင်​ဆိုင်​​လေးဖွင့်​​တော့ စ​လောင်း​တွေစ​ပေါ်ချိန်​ တခါမှမ​ရောက်​ဖူး​သော ချင်းပြည်​နယ်​​မြောက်​ပိုင်းရိဒ်​​ရေကန်​ရှိတဲ့ ရိဒ်​​ကော်​ဒါးဖက်​သို့စ​လောင်းစက်​အဆင်​သူငယ်​ချင်းတ​ယောက်​နှင့်​လိုက်​ဖူး​လေသည်​။ ထိုအချိန်​က စ​လောင်းအရွက်​ကြီးများသာရှိပြီး နှစ်​​ပေစ​လောင်းများမ​ပေါ်​သေး​ပေ၊ စက်​မှာအင်​နိပီယာစက်​သာလျှင်​အ​ကောင်းဆုံးဖြစ်​ပြီးယခုလိုစက်​​ကောင်းများမရှိပါ၊ စ​လောက်​အရွက်​ကြီးများသည်​ထိုအချိန်​အခါကယခုစက်​​တွေလိုမဟုပ်​ဘဲ အလွန်​တရာ ဖမ်းယူရတာခက်​ခဲ​လေသည်​။ကျွန်​​တော်​တို့နှစ်​​ယောက်​စ​လောင်းပိုင်​ရှင်​နှင့်​ ကုန်​ပြည့်​​နေ​သော ဝီလီဂျစ်​အမိုးကိုင်း​ပေါ် မြဲမြန်​စွာကိုင်​တွဲရင်း​တောင်​​ပေါ်လမ်းကိုလာခဲ့​လေသည်​၊

TZjG7hXReeVthqpTJZmwvzsLcvMeG4TU4Gjdfy25qGnEn63iapzJei2a5zMepsuWu9FFn3E3g94WAhNRwmf7Gj4iBXMwMn4J8K6oUe87K4qhcuhEfXczfAeugf5P9bubdkkRk4pMd45qkS.png

https://goo.gl/images/mMY8LC

တ​ဖြေ​ဖြေး​တောင်​တက်​ပြီး​တောင်​ထိပ်​​ပေါ်ကတီးတိန်​မြို့ကို​ရောက်​၏၊တဖန်​တီးတိန်​မြို့မှတ​ဖြေး​ဖြေးဆင်းပြီး ​အောက်​ဆုံးချိုင့်​ထဲမှာ​ချောင်းတ​ချောင်းရှိ​လေသည်​၊ထို​ချောင်းကို​ဘေလီတံတားဖြင့်​ဖြတ်​ကူးရ​လေသည်​၊ တီးတိန်​မြို့​တောင်​ထိပ်​တွင်​တအား​အေးသ​လောက်​တောင်​​ခြေ​ ချောင်းကတံတားကို​ရောက်​​တော့ မအးပဲပူလို​တောင်​​နေသဖြင့်​ တ​နေရာထဲရသီဥတုနှစ်​ခုဖြစ်​​နေသလိုခံစားရ​လေသည်​၊ထို​ကြောင့့်​ရိဒ်ကောဒါးသွားသောကားများသည်​အဲဒီ​ချောင်းမှာဘဲကားအာလုံးညအိပ်​ကြသည်​ကို​တွေ့ရ​လေသည်​၊ အဲ့ဒီမှာထမင်းဆိုင်​နှစ်​ဆိုင်​သုံး​ဆိုင်​ရှိ​လေသည်​၊အဲဒီမှာဘဲ ကျွန်​​တော်​တို့ဆီနဲ့မတူတဲ့အရာကိုသွား​တွေ့ရ​လေသည်​၊သူတို့ဆီကထမင်းဆိုင်​ကအခုမှာအခုမရပါနာရီဝက်​ခန်း​စောင့်​ရ၏၊ကားရပ်​လျှင်​ထမင်းစားမဲ့ခရီသယ်​များအား ဘာဟင်းနဲ့စားမလဲ ၊​နောက်​ဆီဘယ်​နှစ်​ဇွန်းထည့်​ရမလဲ၊ဆားတခါထဲထည့်​ရမလား​မေး​လေ၏၊ဆီထည့်​တဲ့ဇွန်းအရည်​အတွက်​​ပေါ်မူတည်​ပြီး​ဟင်းဈေးလဲ​ပြောင်းလဲပါတယ်​၊ဆီလုံးဝမထည့်​ရင်​​ဈေးချိုပါတယ်​၊အဲ့မှာကဆီလဲရှားပါတယ်​​၊ပြည်​မကဝယ်​ယူရတာပါ၊ကျွန်​​တော့မှာအံသြသွား​လေ၏။ကျွန်​​တော်​နဲ့ဟင်းအမျိုးတူစားတဲ့ချင်းတ​ယောက်​ကဆီမထည့်​နဲ့ဆားမထည့်​နဲ့တဲ့ အခုလိုတမျိုးနှစ်​​ယောက်​အခုလိုမှာစား​တော့ဘယ်​လိုချက်​ကြလဲမသိလို့​သူ့ကို​မေးကြည်​လိုက်​​တော့သူက အစကဘာမှမထည့်​ဘဲချက်​ထားပြီး ကြက်​သွား​တော့ င့ါအတွက်​အရင်​ခူး ပြီးရင်​မင့်​အတွက်​လိုအပ်​တာထပ်​ထည့်​တာ​ပေါ့တဲ့ ​အော်​..ဒီမှာထမင်းဆိုင်​ဖွင့်​ရတာလည်းမလွယ်​ပါ့လားဟု​တွေးမိ​လေ၏။အသားမျာက​တော့​စော​စောထဲကမကြက်​တကြက်​ပြုပ်​ထားပြီးသားဖြစ်​သဖြင့်​ ချက်​ရတာမြန်​​တော့မြန်​​လေ၏။

f83996f78caee1334ee1be6c507c9557.jpg

https://goo.gl/images/hLLRKf

အဲ့ဒီဖက်​လမ်း​ကြောင်းက ချင်းလူမျိုးတဝက်​မြန်​မာတဝက်​ခရီးသွားတဲ့အခါ အဲ့လို​ရောင်းမှအဆင်​​ပြေတာတဲ့ ကြိုတင်​ချက်​ထာရင်​လဲ အသီးအနံ​တွေက ဆီမပါ​တော့လပ်​လပ်​ဆပ်​ဆပ်​​ လော​လောလပ်​လပ်​​လောက်​မ​ကောင်းဘူးတဲ့ ကြာသွားရင်​အသီးအနှံ​တွေရဲ့သဘာဝအရသာမ​ပေါ်ဘူးတဲ့ ၊ဒုက္ခများတာကလွဲရင်​ကျွန်​​တော်​​တော့လက်​ခံပါတယ်​၊မြန်​မာလိုဆီပြန်​ချက်​ရင်​သာဆီစိမ်​ထားသဖြင့်​ ကြာရှည်​အထားခံပြီး ဆီမပါ ဆားမပါ​သောဟင်းသည်​ ဆီပါ​သောဟင်း​လောက်​ကြာရှည်​အထားမခံ​ပေ၊ ​နောက်​ခရီးသယ်​ဦး​ရေကလည်း ဤ​ဒေသမှာခန့်​မှန်းရခက်​​လေသည်​၊တခါတ​လေ ​လေ့လာ​ရေးခရီးသွားများကား​လေးငါးဆယ်​စီးစုပြုံကျလာ​သော်​လည်း တခါတ​လေတ​နေကုန်​မှ တစီးစနှစ်​စီးစလာကြတာကို​တွေရ​လေသည်​၊ထိုအချိန်​က အဲ့ဒီဖက်​မှာ ပုံမှန်​လိုင်း​ဆွဲတာမရှိကြ​ပေ။ ဘာရယ်​မဟုပ်​ပါ ငယ်​ငယ်​တုန်းက ချင်းပြည်​နယ်​ခရီးသွား​တော့ သူတို့စား​သောက်​ပုံ​လေးစ​တွေ့တာကိုသတိယလို့ကြုံတုန်း​ရေးမိလိုက်​တာပါဗျာ၊

1-lightbox-ischemic stroke-cartid artery-definition.png

https://goo.gl/images/J7aVxY

နောက်​ပိုင်း​သွေးတိုး​ရောဂါသည်​စိတ်​ပိုင်းဆိုင်​ရာနှင့်​လည်းဆက်​စပ်​မှူရှိ​ကြောင်း​ရေးသားပါအုံးမည်​၊
ဆက်​ရန်​..

Post writer=yuzana@yuzana(shineshine)
MSC=146