Samsung Galaxy Note 9 မှာမျက်နှာပြင်အောက် လက်ဗွေရာကိရိယာပါမည်မဟုတ်
ယခင်နှစ် အောက်တိုဘာလတုန်းကယခုနှစ်နှောင်းပိုင်းမှာမိတ်ဆက်မယ့် Samsung Galaxy Note 9 မှာမျက်နှာပြင်အောက် လက်ဗွေရာကိရိယာ ပါလာမယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။
Galaxy Note 9 ဟာ အဲဒီနည်းပညာပါတဲ့ ဆမ်ဆောင်းရဲ့ ပထမဆုံးဖုန်းဖြစ်လာမယ်လို့ သိခဲ့ရ ပါတယ်။ အခုတော့ တောင်ကိုရီးယားကထွက်ပေါ်လာတဲ့ သတင်းတစ်ခု အရအဲဒီနည်းပညာကို Galaxy Note 9 မှာထည့်သွင်းမယ့် စီမံကိန်းကို ရပ်နားလိုက်ပြီ ဖြစ်ပြီးလက်ဗွေရာကိရိယာကိုအနောက်ဘက်မှာသာ ထည့်သွင်းထားမယ်လို့ သိရပါတယ်။
စမတ်ဖုန်းအစိတ်အပိုင်းထောက်ပံ့သူများဟာလွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဆမ်ဆောင်းအတွက် မျက်နှာပြင်အောက်မှာ မြှုပ်နှံနိုင်မယ့် လက်ဗွေရာ ကိရိယာကိုတီထွင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပညာပိုင်း အခက်အခဲများကြောင့် အဲဒီနည်းပညာဟာ နှောင့်နှေးနေခဲ့ပါတယ်။ ဖုန်းအစိတ်အပိုင်းထောက်ပံ့တဲ့ နယ်ပယ်ကနေထွက်ပေါ်လာတဲ့ သတင်းအရအဲဒီနည်းပညာရဲ့ တိကျမှုဟာသမားရိုးကျ လက်ဗွေရာ ကိရိယာများထက် အားနည်းတယ်လို့ ပြောပါတယ်။
Samsung , Qualcomm, Synaptics , Taiwan’s IGES TEC , Korea’s Beyond Eyes စတဲ့ ကုမ္ပဏီများဟာအဲဒီဆန်ဆာများကိုတီထွင်နေကြပါ တယ်။ လက်ရှိမှာတော့ Synapticsရဲ့ နည်းပညာဟာအောင်မြင်မှု ရရှိနေပြီးအဲဒီနည်းပညာပါတဲ့ ပထမဆုံးစမတ်ဖုန်းကို Vivo က မိတ်ဆက် ခဲ့ပြီးပါပြီ။ သူ့ရဲ့ အမည်က Vivo X20 Plus UD ဖြစ်ပါတယ်။
Ref : Mobile Guide Journal
Credit - google photo