ရက်ရှောင်နည်း
သဘာဝ သန္ဓေတားနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
မမျိုးဥ ကြွေချိန်တွင် အမျိုးသားနှင့် အတူမနေခြင်းဖြင့် ကိုယ်ဝန်မရအောင် တားသောနည်းလမ်း ဖြစ်ပါတယ်။
28 ရက်တစ်ခါ ရာသီပုံမှန်လာသော အမျိုးသမီးတွေမှာ မမျိုးဥကြွေရက်ဟာ ရာသီလာပြီး 12 ရက်မှ 16 ရက်အတွင်း ဖြစ်ပါတယ်။ မမျိုးဥနှင့် သုတ်ပိုးတို့၏ သက်တမ်းကို ထည့်တွက်ရသဖြင့် ကိုယ်ဝန်မလိုချင်သော စုံတွဲများမှာ ရာသီလာပြီး 9 ရက်မှ 17 ရက်အတွင်း ရက်ရှောင်ရပါမယ်။ ပြောင်းပြန်အားဖြင့် သားသမီး လိုချင်သူစုံတွဲများအနေဖြင့် ၎င်းရက် (ရာသီလာပြီး 9 ရက်မှ 17 ရက်) အတွင်း အတူနေရမှာ ဖြစ်ပါတယ်။
30 ရက်တစ်ခါ ရာသီလာသော အမျိုးသမီးတွေမှာ ရာသီလာပြီး 11 ရက်မှ 19 ရက်အတွင်း ရက်ရှောင်ရမှာ ဖြစ်ပါတယ်။ 35 ရက်တစ်ခါ ရာသီလာသော အမျိုးသမီးတွေမှာတော့ ရာသီလာပြီး 16 ရက်မှ 24 ရက်အတွင်း ရက်ရှောင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ရဲ့ ရာသီလာရက်ကို ပုံမှန် သေသေချာချာသိရှိမှတ်သားဖို့ လိုပါတယ်။ အကြောင်းကြောင်းကြောင့် ရာသီမမှန်သော အမျိုးသမီးများမှာတော့ ဒီနည်းလမ်း အသုံးပြုခြင်းဖြင့် မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားနိုင်ပါတယ်။
Ref : drmyanmar.com