Shwedagon Pagoda

yemon(4)
Published in
#myanmar
Words
43
Reading
1 min
Listen
Play
9y

image ကမ္ဘာအလယ် မြန်မာရယ်လို့
ထင်ရှားပြည့်စုံ မြတ်ရွှေတိဂုံ
မြန်ပြည်အလှ အမှန်ပီသလို့
ဝင့်ထည်ခမ်းနား ရွှေတောင်အလား
နိုင်ငံကျက်သရေ တိုးတက်စေဖို့
မြန်မာမင်းများ တည်ထားကိုးကွယ်
တန်ခိုးကြွယ်လို့ အံ့ချီးမကုန်
မြို့ရန်ကုန်ဝယ် ကုန်းမြေအလှ
သိင်္ဂုတ္တရအခေါ် မြင့်မားသပ္ပာယ်
ဝင့်ထည်ထည်နဲ့ တင့်တယ်ခန့်သား
တည်ထားစေတီ ပဝေသဏီက
ဗုဒ္ဓဓာတ်တော် မြတ်ဆံတော်ကို
ဥက္ကလာပမင်း ဌာပနာသွင်းလို့
တည်ထားကိုးကွယ် အမျိုးနွယ်တို့
ဗဟုမှတ်သား သိဖို့အများကွယ်
ရွှေရောင်တဝင်းဝင်း ကြည်ညိုလွန်းလို့
ဘုရားဖူးအများ အမြဲစည်ကားပေါ့
ကျက်သရေအဖြာဖြာ ဝေဆာပွင့်လန်း
မြို့အလှဆန်းသလို ဥယျာဉ်ဗဟိုမယ်
အံ့ဖွယ်ပြည့်စုံ မြတ်ရွှေတိဂုံလို့
ထင်ရှားရှိတယ် မြန်မာပြည်ကွယ်.....

                       Z..K..L..ရွှေလည်
Shwedagon Pagoda | Ecency