THE MOON

yemon(4)
Published in
#myanmar
Words
34
Reading
1 min
Listen
Play
9y

image ချစ်သူ့မျက်ဝန်း ငွေလမင်းလို
မညှိုးမမှိန်ဟိုးတချိန်ကို မျှော်ကာတွေးကြည့်
လွမ်းနေမိလဲ ခုလိုညများမသာအား
သြော်....သူလဲချစ်သူလိုပါလား.....
ညခင်းအချိန် လမင်းမထိန်တော့
အမှောင်ကမ္ဘာဝယ် ချာချာလည်
ဝိုးတဝါးစိတ်တွေ အရိပ်တစ္ဆေပေါ့
သြော်....ထင်ယောင်ထင်မှား သူလေလား.....
မပေါ်လာသေး မျှော်ကာတွေးရင်း
နှစ် လ ရှည်ကြာ ကိုယ့်စိတ်မှာကား
ဝေဒနာအလွမ်း အဖြေရှာမနွမ်းသလို
သြော်....အပူတွေများခဲ့ သူလေလား...
မျှော်ကာလေတမျိုး ပေါ်လာနိုးနဲ့
ရင်တွင်းတောင်းဆု ဖြစ်ခွင့်ပြုရင်
ယုံခြင်ကာမနှေး ဆုံခြင်ပါသေးတယ်
သြော်...လမင်းပမာကွယ် ချစ်သူရယ်.....

                          Z..K..L..ရွှေလည်
THE MOON | Ecency