အင်္ဂလန်ဂိုးသွင်းစက်ရဲ့ ငယ်ချစ်ဦး လက်တွဲဖော်
ဟယ်ရီကိန်းရဲ့ ချစ်သူ Katie Goodland ဟာ ဟယ်ရီကိန်းနဲ့ငယ်စဉ်တည်းကချစ်ကြိုက်ခဲ့တဲ့ငယ်ချစ်ဖြစ်ပါတယ်။သူတို့ဟာ အခြေခံပညာကျောင်းတွေ တက်စဉ်ကတည်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ကျောင်းမှာပဲ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ Katie Goodland ဟာကိုယ်ကာယလေ့ကျင့်ရေးနည်းပြဆရာတစ်ဦးဖြစ်ပြီး အားကစားသိပ္ပံပညာရပ်နဲ့ ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။
သူမနဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းတို့ဟာ ၅ နှစ်လက်တွဲခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်တဲ့ ချစ်သူတွေအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ၂ဝ၁၇ ဇူလိုင်လအတွင်းက Bahamas ဒေသမှာအပန်းဖြေခရီးထွက်ရင်း စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။
စပါးတိုက်စစ်မှူးက Bahamas ကမ်းခြေမှာ Katie ရဲ့ ရှေ့မှာ ဒူးထောက်ပြီး စေ့စပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ Katie ကလည်း yes လို့ ပြောခဲ့ပါတယ်။ သူတို့ စုံတွဲမှာ ချစ်ရတဲ့ ခွေး ၂ ကောင်ရှိပြီး အမည်တွေကတော့ Brady နဲ့ Wilson တို့ဖြစ်ပါတယ်။
သူတို့ ၂ ဦးဟာ သူတို့ရဲ့ ရင်သွေးလေးမွေးဖွားတဲ့ နေ့ရက်ကိုလည်း ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပါသေးတယ်။ သူတို့ရဲ့ ပထမဆုံးကလေးကို ၂ဝ၁၆ ခုနှစ်အတွင်း မွေးဖွားခဲ့တယ်လို့လည်း သိရပါတယ်။
Written..@yehtetaung
HFS.B(18)
Credit#.Football Page & Facebook photo