မြန်မာ ပြည်ကပြင်ဦးလွင်မေမြို့
ဆိုတာအမြဲတမ်းအေးနေလို့
အပူပိုင်းဒေသကလူတွေကြိုက်ကြ
ပါတယ်အလည်လာကြတယ် ခဏ
ဖြစ်ဖြစ်လာနားနေကြတယ်။
ရန်ကုန်ကရုပ်ရှင်သရုပ်ဆောင်တွေ
မင်းသားမင်းသမီးတွေ့ ရုပ်ရှင်လာ
ရိုက်ကြတယ် ဗီဒီယိုလာရိုက်ကြတယ်
စသဖြင့်လူအများအနေများကြတယ်
ပေါ့။
မေမြို့ကိုလူအများသွားကြတဲ့နေရာ
ကတော့အမျိုးသားကန်တော်ကြီး
ဥယျဉ်ပေါ့သိပ်ပူနေရင် ဘီအီးရေတံ
ခွန်မှာလူစည်ပါတယ် နောက်ဝက်ဝံ
ရွာနားကပိတ်ချဉ်းမြောင်လှိုဏ်ဂူကို
လည်းသွားကြပါတယ်။
မေမြို့မှာစစ်တက္ကသိုလ်သင်တန်း
ကျောင်းရှိလို့စနေ၊တနင်္ဂနွေနေ့ဆိုရင်
ကျောင်းသားမိဘတွေသင်တန်းသား
ဗိုလ်လောင်းတွေ တွေ့ကြဈေးဝယ်
ကြနဲ့ပိုမိုစည်ကားနေပြန်ပါတယ်။
အခုအချိန်ဆိုမိုးလေးတဖွဲဖွဲနဲ့အေးမြ
ချမ်းစိမ့်စိမ့်မို့ အပူပိုင်းဒေသက
မိတ်ဆွေများလာလည်စေခြင်ပါတယ်
လို့ပြောပါရစေလား။
writing-winnaing oo