" ပလတ်စတစ်အန္တရာယ် " အပိုင်း (၂ )

winko(52)
Published in
#myanmar
Words
263
Reading
2 min
Listen
Play
8y

ပလတ်စတစ်အကြောင်းနဲ့ ပက်သက်ပြီး ထပ်ပြီးဆွေးနွေးရေးသားရမယ်ဆိုရင် ကျွန်တော်တို့ တွေ နေ့ စဉ်နီးပါးအသုံးပြုနေတဲ့ ပလတ်စတစ်အမျိုးအစားရဲ့ ထက်ဝက်လောက်က တစ်ခါသုံးတွေ ဖြစ်နေလို့ ပါပဲ ဒါဟာလည်း မလွဲမရှောင်သာ မသုံးလို့ မရတဲ့ အခြေအနေတွေကြောင့် သုံးပြီးစွန့် ပစ်ကြရတာပဲဖြစ်ပါတယ် အဲ့ဒါကြောင့်ပဲ ပလတ်စတစ်ဟာ စွန့် ပစ်ပစ္စည်း အဖြစ် သတ်မှတ်ခံထားရတော့တာပါပဲ ဒါ့ကြောင့်လည်း နိုင်ငံတော်က ပလတ်စတစ်နဲ့ ပက်သက်ပြီး အသိပညာပေးတဲ့ လမ်းညွှန်မှုတွေ တတ်နိုင်သလောက် ဝေငှလမ်းညွှန်ခဲ့ပါတယ် ပလတ်စတစ်တွေကို တစ်ခါ သုံးဆိုတာထက် Reuse ,Recycle နည်းလမ်းတွေကို ပိုမိုအသုံးပြုဖို့ လိုအပ်ပါတယ် ဒါပေမယ့်လည်း တိုးတက်ပြီးသော တစ်ခြားနိုင်ငံတွေမှာတော့ ပလတ်စတစ် စွန့် ပစ်မှုကို ပြန်လည်အသုံးချတဲ့လုပ်ငန်းဟာ ထိုက်သင့်သလောက် အကျိုးရှိနေပေမယ့် ကျွန်တော်တို့ လို ဖွံ့ ဖြိုးမှုဦးတည်နေဆဲနိုင်ငံအတွက်တော့ ပလတ်စတစ်ကို တစ်ဖန်ပြန်လည်အသုံးချမှုတွေ အများကြီးလိုအပ်နေပါသေးတယ် (ဒါ ကျွန်တော့်အမြင်သက်သက်ပါ) ဒါကြောင့်လည်း စွန့် ပစ်မှုတွေရှိနေဦးမှာပါပဲ စွန့် လည်း စွန့် ပစ်နေရဦးမှာပါပဲ

imageCrd-org-source

ပလတ်စတစ်ဟာ ရေပေါ်မှာလည်း ရေနေသတ္တဝါနဲ့ ရေရဲ့ သယံဇာတကို အများကြီးထိ ခိုက်နိုင်သလို ကုန်းမြေပေါ်မှာလည်း ကုန်းနေသတ္တဝါတွေနဲ့ မြေရဲ့ အဆီအနှစ်တွေကိုအများ ကြီးထိခိုက်ဆုံရှုံးလာနိုင်ပါတယ် ဒါ့အပြင် ပလတ်စတစ်ကို မီးရှို့ ဖျက်ဆီးလို့ ထွက်လာတဲ့ အငွေ့ တွေဟာ လေထုကိုလည်း ညစ်ညမ်းစေနိုင်သလို ကျွန်တော်တို့ လူသားတွေ ရှူရှိုက် မိရင်လည်း ကျန်းမာရေးကို ထိခိုက်စေပါတယ် ပလတ်စတစ်မီးလောင်ကျွမ်းလို့ ထွက်လာတဲ့အငွေ့ တွေကို ရေရှည်ရှူသွင်းလာမိရင် လူရဲ့ သွေးနဲ့ ဆီးထဲကိုရောက်ရှိပြီး ကင်ဆာရော ဂါဖြစ်လာနိုင်စေတယ်လို့ လည်း မှတ်သားဖူးပါတယ် နောက်ထပ် ကျန်းမာရေးအရသိထား သင့်တာကတော့ ပလတ်စတစ်ကြွပ်ကြွပ်အိတ်တွေနဲ့ အတူ ပူတဲ့အစားအစာတွေကို့ မသယ်ဆောင်မိဖို့  မယူဆောင်မိဖို့ ဖြစ်ပါတယ် ဘာလို့ လဲဆိုတော့ ကြွတ်ကြွတ်အိတ်တွေကို များ သောအားဖြင့် ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားလို့ ပါ ခဲဓာတ်နဲ့ တစ်ခြားအဆိပ်အနည်းငယ် သင့်စေတဲ့ ဓာတုပစ္စည်းအချို့ ပါဝင်တာကြောင့် အပူနဲ့ ထိမိရင် ပလတ်စတစ်အိတ်ဟာ အစားအစာကို ဓာတ်ပြုပြီး ရေရှည်မှာ စားသုံးသူ အဆိပ်သင့်စေနိုင်ပါတယ် ဒါပေမယ့်လည်း ကျွန်တော်တို့ တွေကတော့ ကြွတ်ကြွတ်အိတ်နဲ့ ဝယ်ယူသယ်ဆောင်နေကြတုန်းပါပဲ

imageCrd-org-source

ဥပမာပြောရရင် မနက်ခင်းမှာ ကျွန်တော်တို့ Brakefast စားမလာဖြစ်ဘူး အချိန်မရလို့ ဆိုင်မှာလည်းထိုင်မစားဖြစ်ဘူးဆိုရင် စားမယ့်အစားအစာကို အိမ်ကိုပဲဖြစ်ဖြစ် အလုပ်ကိုပဲဖြစ်ဖြစ် (သို့ ) ရုံးကိုပဲဖြစ်ဖြစ် ပါဆယ်လှမ်းမှာတာတို့  ပါဆယ်ဆွဲလာခဲ့တာတို့ အများ ကြီးကြုံဖူး လုပ်ဖူးကြမှာပါ ကျွန်တော်ကိုယ်တိုင်လည်း မကင်းပါဘူး မုန့် ဟင်းခါးကြိုက်တဲ့ ကျွန်တော့်အဖို့ ကတော့ ကြွတ်ကြွတ်အိတ်နဲ့ ယူလာပေါင်းများပြီလေ သိလည်း မတတ်နိုင်ဘူး အခြေအနေ အချိန်အခါအရ ဒီလိုပဲဖြတ်သန်းခဲ့ကြတော့ ဖြစ်ကာမှဖြစ်ရော နေကြတာပါပဲ ဒါပေမယ့် ဒါဟာ မကောင်းဘူးဆိုတာကို ကျန်မာရေးရှုထောင့်မှ ရှင်းပြရေးသားရ ခြင်းပါ

imageCrd-org-source

ပလတ်စတစ်ဟာ ကောင်းကျိုးထက် ဆိုးကျိုးကို အဖြစ်များစေပါတယ် ဒါပေမယ့်လည်း ပလတ်စတစ်ရဲ့ အသုံးဝင်မှု အသုံးကျမှုဟာ မရှိမဖြစ် အသုံးအဆောင်လို သတ်မှတ်ထားခြင်းခံရတော့လည်း ထုတ်လုပ်မှုကို တားဆီးလို့ မရသလို သုံးစွဲနေမှုကိုလည်း ပိတ်ပင်ထားလို့ မရပါဘူး ကမ္ဘာတစ်ဝှမ်းမှာလည်း ပလတ်စတစ်တွေကို ပြန်လည်အသုံးချတဲ့ နည်းလမ်းတွေ,မြန်မြန်ဆွေးမြေ့ ပျက်စီးစေတဲ့နည်းပညာတွေနဲ့ တစ်ဖန်အသုံးချနေကြပါပြီ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကတော့ စက်ပစ္စည်း နဲ့ နည်းပညာတွေမပြည့်စုံသေးတာ ကြောင့် ကျွန်တော်တို့ မြို့ ရွာ ပတ်ဝန်းကျင်ကို ကိုယ့်အသိစိတ်လေးတွေနဲ့ ပဲ လှပသန့် ရှင်း အောင် ပြုပြင်စေလိုပါတယ် ပလတ်စတစ်တွေရဲ့ ရေရှည်ဆိုးကျိုး အန္တရာယ်နည်းပါးနိုင်အောင် အတတ်နိုင်ဆုံး ပလတ်စတစ်ကို လျော့ချသုံးစွဲပြီး စည်းကမ်းတကျ စွန့် ပစ် ကြ ပါစို့ ။

အချိန်ပေးပြီး ဖတ်ရှု့ပေးလို့  အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်

MSCး 234

Author >>> Winko (Maun Mou Nja)

" ပလတ်စတစ်အန္တရာယ် " အပိုင်း (၂ ) | Ecency