"အလျင် မလိုပါနှင့် "

winko(52)
Published in
#myanmar
Words
241
Reading
2 min
Listen
Play
8y

Crd-org-sourceimage

ဘဝမှာ တစ်ခါတစ်ရံ ရည်းမှန်းချက်တွေ အောင်မြင်မှုတွေကို အလျင်လိုပြီး လုပ်မိတတ် ကြပါတယ် တစ်ချို့ လည်း အဆင်ပြေတယ် အောင်မြင်တယ် ရည်ရွယ်တဲ့ အတိုင်းဖြစ် တယ် ယေဘုယျအားဖြင့်လည်းမှန်ပါတယ် ကံ ဥာဏ် ဝီရိယ တို့ ပေါင်းဆုံပြီးဖြစ်လာရတဲ့ကြိုစားမှုတွေလို့ လည်းခေါ်ဆိုသတ်မှတ်နိုင်ပါတယ် ဒါကတော့ ဘဝရဲ့ အောင်မြင်ရေး လမ်းခရီးပေါ်လျှောက်တဲ့အခါ အလောတကြီး လုပ်ဆောင်မှုရဲ့  ရလဒ်တွေပါပဲ ဒါပေမယ့် တစ်ချို့ လတ်တလော ဆုံးဖြတ်ရတဲ့ကိစ္စတွေမှာတော့ အလျင်လိုတာမျိုးက အဆင်ပြေ သွားတာလည်းရှိမယ် မှားယွင်းသွားတာလည်းရှိမယ် အတွေ့ အကြုံနည်းလို့ ကျရှုံးခဲ့တာ လည်းရှိမယ် ကျွမ်းကျင်မှုတွေကြောင့်အောင်မြင်သွားတာလည်း ရှိကြတယ် လုပ်ငန်းခွင် တွေမှာ ပိုပြီးတွေ့ မြင်နိုင်တဲ့အကြောင်းအရာတွေပါ လူမှုဆက်ဆံရေး ပြောဆိုဆက်ဆံမှု တွေမှာလည်း အလောတကြီး အလျင်လိုတာဟာ အရမ်းတော့ ထိရောက်မှုမရှိပါဘူး ပုံမှန် လေးနဲ့ မှန်ကန်ဖို့ သာ အဓိကကျတာပါ ဥပမာအနေနဲ့ ပြောရရင် Facebook လို Society မှာ ပိုပြီး အလျင်လို ဆုံးဖြတ်လို့ မရပါဘူး အဖြစ်အပျက်တစ်ခု post တစ်ခုကို ကိုယ့်အမြ င်နဲ့ တစ်ခါတည်း ဆုံးဖြတ်လို့ မရနိုင်တဲ့ အခြေအနေတွေအများကြီးရှိပါတယ် ဒါပေမယ့် လည်း မြန်မာပြည်သူ/သားအပေါင်း(လူအနည်းစုသော လူမျိုးတွေ)ကတော့ မန့် ကြ ဆဲကြ ရေးကြ ဆိုကြနဲ့ အလျင်စလို ပြီးစလွယ်တုံ့ ပြန်ပြောဆိုနေကြတာတွေဟာ မြင်မ ကောင်းပါဘူး လတ်တလော ထင်မြင်ချက်တွေကို ဇွတ်ရေး ဇွတ်ပြောဆိုနေကြပါတယ်

Crd-org-source
image

ကျွန်တော်လည်း ဝန်ခံရရင် မကင်းခဲ့ပါဘူး Facebook စသုံးခါစကဆိုရင် ပိုပြီး ရေးချင် ပြောချင် မန့် ချင်တဲ့ Feelingက အဟာရတစ်ခုလို ဖြစ်နေတော့ ရေးမိရေးရာ ထင်မြင် ချက်တွေကို တရားတာရော မတရားတာတွေရော အထင်နဲ့ သာ ဇွတ်ရေးမိခဲ့ဖူးတယ် ရိုင်း တဲ့ PAGE တွေမှာ ရိုင်းတဲ့အလျောက် ဘာသာရေး PAGE နိုင်ငံရေး PAGE အစုံပါပဲ တိုက်ခိုက်ပြောဆိုနေတာတွေ့ ရင် ပြန်တုံ့ ပြန်တဲ့ အကျင့်က ပျော်ပွဲတစ်ခုလို ဖြစ်နေတယ် ထင်မိတယ်(ဝန်ခံတာပါ အခုတော့ အဲ့လို မဟုတ်တော့ပါဘူးနော် )ဆိုလိုချင်တာကတော့ " ထင် "တစ်လုံးနဲ့ ဇွတ်တွေ ပြောဆိုခဲ့တာပါ အလောတကြီး မစဉ်းစားဘူး မှန်မယ်ထင်ရင် ပြောလိုက် မန့် လိုက် လုပ်ခဲ့မိတာ မှန်တာတွေလည်း ရှိတယ် မှားသွားတာတွေလည်းရှိ ခဲ့ တယ် အကြောင်းအရာတစ်ခု ဖြစ်ရပ်တစ်ခုကို ကြားဖူးသိဖူးတာနဲ့  တစ်ခါတည်း တန်း ပြောမိတာပဲ "အဲ့ဒီအကြောင်းအရာက အစကဘယ်လိုဖြစ်ခဲ့လည်း ဘယ်သူမှားခဲ့လည်း အမှန်ကဘယ်လိုလဲ "ဒါတွေသိပ်ပြီးလေးလေးနက်နက် မစဉ်းစားခဲ့တာပါ ကျွန်တော့်လို ဖြစ်ပျက်ခဲ့ဖူးတဲ့သူတွေလည်း ရှိခဲ့ကြမှာပါ

Crd-org-source image

ဘယ်တော့မှ အလျင်စလို ပြောဆို တုံ့ ပြန် တာမျိုးမလုပ်သင့်ပါဘူး တစ်ချို့ ကိစ္စတွေဟာ ကိုယ်ကဖြစ်စဉ်ပြီးမှ သိတာရှိမယ် ကိုယ်ကအမှန်လို့ ခံယူထားပေမယ့်လည်း တစ်ကယ် တော့ အဲ့တာက အမှားဖြစ်နေပါတယ် ကြုံဖူးကြမှာပါ ဆရာတော်တစ်ပါးရေးသားတာ တွေ့ ဖူးတယ် " ကိစ္စ ဖြစ်ရပ်တစ်ခုကို အလျင်စလို မဆုံးဖြတ်ပါနဲ့ သူ့ ဘက်ကအမြင် ကိုယ့် ဘက်အမြင် တစ်ကယ့်ဖြစ်ရပ်မှန်နေတဲ့အမြင်ဆိုပြီး ရှိပါတယ်.အားလုံးတော့မှန်တယ် ဒါ ပေမယ့် အမြင်တွေပေါင်းစုံလိုက်တော့ အမှားတွေ ဖြစ်ပေါ်သွားတတ်တယ်" လို့ မှတ်သား ဖတ်ရှုဖူးပါတယ် "ထင်"တစ်လုံးနဲ့ ငရဲမကျဖို့ အလျင်စလို မဆုံးဖြတ်ကြပဲ တွေးခေါ်ဆင် ခြင် သတိမူနိုင်ကြပါစေလို့ ဆုတောင်းထောပနာပြုလို့ အဆုံးသတ်ပါရစေဗျာ

MSCး 234

Author >>> Winko (Maun Mou Nja)

"အလျင် မလိုပါနှင့် " | Ecency