Cygnus 6 Year Anniversary Cup

Words
98
Reading
1 min
Listen
Play
2y

မင်္ဂလာ Cygnet တို့ရေ

ကျနော်တို့ မဆုံဖြစ်တာ ကြာပေါ့။ Futsal ကတော့ အရင်လိုပဲ ကန်ဖြစ် နေကြပါတယ်။ အကြောင်းကြောင်းကြောင့် အရင်လောက်တော့ လူမစုံတော့ဘူးပေါ့လေ။ ပိုစ့်လေးတွေ မတင်ဖြစ်တာက လွဲရင် ကျနော်တို့ ပုံမှန်လေးတော့ ကစားဖြစ်၊ ဆုံဖြစ် နေပါတယ်ဗျ။

မရ ရအောင် ဆုံဖို့ လုပ်တဲ့ နေရာမှာ Cygnus အသင်းက ဘဲကြီး တွေက ဆရာကျတယ်။ သူမနဲ့ ဆုံအောင် မလုပ်နိုင်ခဲ့တာကတော့ ချွင်းချက်ပေါ့ဗျာ။

မလာဖြစ်တာကြာနေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံလို့ရအောင် ကျနော်တို့တွေ တခု စဉ်းစား မိသွားတယ်။ အသင်း ဖလားပွဲလေး လုပ်မယ်ပေါ့။ (ပြိုင်ပွဲတွေ ဝင်ပြီး ဆုမရလို့ ကိုယ့်ကို ပွဲလုပ် ဆုယူကြမယ်ပေါ့ဗျာ။ ဟီးဟီး...) ကိုယ့်အသင်း‌က လူတွေ အချင်းချင်းပဲ လူခွဲပြီးတော့ ယှဉ်ပြိုင်ကစားမယ့် အပျော်တမ်း ပြိုင်ပွဲ အသေးစား လေးပါ။

ပြီးခဲ့သော လက အသင်း ၆ နှစ်ပြည့်ထားတော့ အမှတ်တရလေးလည်း ဖြစ်သွားအောင်လို့ ခုပွဲလေးကို Cygnus 6 Year Anniversary Cup ဆိုပြီး ခေါင်းစဉ် တပ်လိုက်ပါတယ်ဗျ။

ပြိုင်ပွဲချိန်က Cygnet တို့ ရဲ့ အားလပ်ချိန်လေးနဲ့များ တိုက်ဆိုင်နေခဲ့ရင် လာရောက် အားပေးကြပါဦးလို့။ ပြိုင်ပွဲ ရက်၊ အချိန်၊ နေရာတွေကို နောက်ရက်မှာ အသေးစိတ် တင်ပေးသွားမှာမို့ စောင့်မျှော်နေပေးပါဦးနော့်။

အားလုံးပဲ အစစ အရာရာ ဂရုစိုက်ကြပါ။

Cygnus 6 Year Anniversary Cup | Ecency