မရိုးစေ့မှို့လေးများ လေမှာ ဝဲပျံကစား

Words
86
Reading
1 min
Listen
Play
1y

ကျွန်မတို့ နေထိုင်တဲ့ အိမ် ၏ နဘေး၌ မရိုးပင်ကြီး တစ်ပင် ရှိသည်။
ယခုအခါ ထိုမရိုးပင်ကြီးသည် အသီးများ ရင့်မှည့်နေပါပြီ။
ကျွန်မ ထိုမရိုးပင် အနား ဖြတ်သွားတော့ မရိုး အစေ့လေးတွေ ပါဝင်သော မှို့လေးများသည် လေပေါ် ပျံဝဲနေကြသည်။
သို့နှင့် ကျွန်မလည်း လေမှာ ဝဲပျံနေကြသော မရိုးစေ့မှို့လေးများကို ဓာတ်ပုံရိုက်ယူရန် စိတ်ကူးရခဲ့သည်။

ကျွန်မ၏ သား နာမည်ဖြင့် Hive Blockchain မှာ Account ဖွင့်ထားပြီး Post တွေ တင်လေ့ရှိခဲ့သည်။
ယခုအခါ သား၏ အဖေက မအားလပ်တော့ သားအမည်ဖြင့် အကောင့်မှာ Post မတင်နိုင် ဖြစ်နေသည်။
ကျွန်မတို့မိသားစုသည်လည်း နယ်ပယ်သစ်တွေဆီ ခရီးမထွက်ဖြစ်တော့ ဒေသန္တရရှုခင်းပုံ အသစ်တွေကိုလည်း ဓာတ်ပုံမရိုက်ယူနိုင်ဘူးပေါ့။

ဒါကြောင့်သာပဲ ကျွန်မလည်း သား၏ အဖေ အား တဖက်တလမ်းမှ ကူညီရာရောက်အောင် အမြင်သစ်တာတွေ့ရင် ဓာတ်ပုံရိုက်ယူထားဖို့ စိတ်ကူးရှိထားတာပါ။
အခုလည်း မရိုးပင်ကြီးမှ အစေ့မှို့ဖြူဖြူလေးတွေ လေမှာ ဝဲပျံနေတာကို ဓာတ်ပုံရိုက်ယူဖို့ ကြံစည်ခဲ့တာပါ။
သို့ပေမယ့် နေ့လည်ခင်းဘက် လေညိမ်သွားတော့ မရိုးစေ့မှို့လေးတွေ လေမှာ များစွာ ပျံဝဲမနေကြပါ။
ဒီတော့လည်း သား နှင့်အတူ မရိုးစေ့မှို့လေးတွေ လွင့်ပျံသွားအောင် ကြံဆောင်ပြီး ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

မရိုးစေ့မှို့လေးများ လေမှာ ဝဲပျံကစား | Ecency