Hot Pot Which We Had Eaten

Words
84
Reading
1 min
Listen
Play
1y

မစားရတာ ကြာခဲ့ပြီဖြစ်သော ဟော့ပေါ့ စားဖြစ်ခဲ့တုန်းက အမှတ်တရပုံလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
ဒီအချိန်ဒီကာလက ဒီလိုတွေ စားနိုင်ဖို့ မလွယ်ကူ ၊ စားပြဖို့ မကောင်းပါဘူး။
ယခု နေထိုင်သည့်ဒေသမှာလည်း ဒီလို ဟော့ပေါ့ စားလို့ရနိုင်တဲ့ အခြေအနေ မရှိပါဘူး။
WiFi ရလို့ Facebook YouTube တွေ ကြည့်ပြန်ရင်လည်း အနိဌာရုံမြင်ကွင်း‌တွေသာ များပါတယ်။
စိတ်မချမ်းမြေ့စရာတွေ ဘေးဖယ်ထားပြီး စားခဲ့ဖူးတာလေး ပြန်ကြည့်ကာ အကျိုးတစုံတရာ ရရာရကြောင်း အစားအစာပုံတွေ တင်ပြလိုက်တာပါ။

ဒါက လွန်ခဲ့သောနှစ် ရန်ကုန်မြို့ ရောက်ခဲ့စဉ်က စားဖြစ်ခဲ့တာပါ။
တုန်ယမ်းဟင်းရည် နှင့် ချဉ်စပ်ဟင်းရည် နှစ်မျိုးဖြင့် ဟော့ပေါ့ကို ပြင်ဆင်ခဲ့တာပါ။

ဟော့ပေါ့ဟင်းရည် ထဲ ထည့်ပြုတ်ခဲ့သည့် အရာများမှာ ဝက်သားပြား၊ ပုဇွန်၊ ခရု၊ ကမာ၊ ဂဏန်း၊ ပြည်ကြီးငါး၊ ငုံးဥ၊ ကြက်ဥ၊ ကြာစွယ်၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ အာလူး၊ ကန်စွန်းရွက်၊ မုန်ညင်းဖြူ၊ ပင်လယ်စာအတု၊ မာလာခေါက်ဆွဲပြားမျိုးစုံ၊ ခေါက်ဆွဲခြောက် နှင့် ပြောင်းဖူး တို့ ဖြစ်ကြသည်။

ဟော့ပေါ့ဟင်းရည် ထဲမှာ အမျိုးစုံအောင် ထည့်ကာ ပြုတ်စားရတော့ အရသာမျိုးစုံရှိလှပါတယ်။
မိသားစုလိုက် တပျော်တပါးကြီး စားကြရတော့ ပိုအရသာရှိတာပေါ့။
ခုများတော ...