သို့/ သူငယ်​ချင်းများစွာ

waku(44)
Published in
#myanmar
Words
139
Reading
1 min
Listen
Play
9y

စာ​ရေးသူက ​အ​ဝေးသင်​ဥပ​ဒေတက်​​နေတဲ့​ကျောင်းသူတစ်​ဦးပါ။ သိပ်​မကြာခင်​ရက်​တုန်းက​အောင်​စာရင်း​တွေထွက်​တယ်​ ။စာ​ရေးသူအပါအဝင်​ သူငယ်​ချင်း​တော်​​တော်​များများ​အောင်​ကြပါတယ်​။ ​အားလုံးနဲ့ထပ်​တူထပ်​မျှဝမ်းသာပါတယ်​။ ကျရှူံးသွားတဲ့သူငယ်​ချင်း​တွေအတွက်​​တော့ ဝမ်းနည်းမိပါတယ်​၊ အခုကျရှူံးသွားတာကို သင်​ခန်းစာယူပြီး ဘဝမှာ သင်​ယူ​နေ​သော စာ​မေးပွဲအပါအဝင်​ အခြား​နေရာ​တွေမှာပါ ​အောင်​မြင်​မှု​တွေရရှိနိုင်​​အောင်​ကြိုးစားကြပါလို့ တိုက်​တွန်းအား​ပေးစကား​ပြောချင်​ပါတယ်​။ စာ​ရေးသူ​ပြောချင်​တာ​က​ သူငယ်​ချင်း​တွေရဲ့ စိတ်​ဓာတ်​​တွေက ကိုယ့်​အ​ပေါ်ဘယ်​လိုထားရှိလဲဆိုတာပါ။ စာ​ရေးသူကိုယ်​တိုင်​​တော့ ခွဲခြားသိမြင်​နိုင်​ဖို့အတွက်​ ​တော်​​တော်​ခက်​ခဲ​နေပါတယ်​။
အောင်​စာရင်း​အ​ဖြေတွေကို ​သေချာသိရဖို့ အရင်​ဖုန်းဆက်​ကြပါတယ်​။ အ့ဒီအချိန်​က စာ​မေးပွဲ​ဖြေရတဲ့​ကျောင်းသားတိုင်းအတွက်​ ရင်​ခုန်​စိတ်​လှုပ်​ရှားစရာအ​ကောင်းဆုံးအချိန်​ပါ။ ​အ့အချိန်​မှာ စာ​ရေးသူကဖုန်းဆက်​​မေးဖို့ ​ကြောက်​ရွံ​နေလို့ စာ​ရေးသူနဲ့နှစ်​မတူတဲ့သူငယ်​ချင်းတစ်​​ယောက်​ကို အကူညီ​တောင်းခဲ့ပါတယ်​😢။ထိုသူငယ်​ချင်းကလဲသူ့အရမ်း​ကြောက်​​နေလို့ သူ​မေးဖို့အတွက်​ခက်​ခဲ​နေပါတယ်​တဲ့။ စာ​ရေးသူလည်း ကိုယ့်​ရဲ့စာ​မေးပွဲ​ကိုကိုယ်​တိုင်​သတ္တိရှိရှိ​မေးမှဖြစ်​​တော့မယ်​ဆိုပြီး စာ​မေးပွဲ​အောင်​စာရင်းရှိရာ ဌာနသို့ဖုန်းဆက်​​မေးလိုက်​ပါသည်​။ စာ​ရေးသူဖုန်းဆက်​​မေး​နေစဉ်​ရဲ့အဖြစ်​အပျက်​ ခနတာဟာ ရင်​တုန်​​နေပြီး နှလုံးခုန်​သံဟာ ဟိန္ဒူးဘုရားလှည့်​လို့ တီးဝိုင်​သံလို ကြား​နေရပါပြီး​။ ဒီလိုနဲ့ ​စာ​ရေးသူဟာခုံနံပါတ်​ကို​ပြောပြီး ​မေးလိုက်​​ရော😢 ​စာ​ရေးသူရဲ့နာမည်​ကို​ပြောပြီး ​အောင်​ပါတယ်​တဲ့💗။ အ့​တော့​မှ စာ​ရေးသူရဲ့ ရင်​ခုန်​သံဟာ ဗရမ်းပတာ​ဖြစ်​​နေတာက သာယာငြိမ်​​ငြောင်​စွာလှုပ်​ရှား​နေတဲ့နှလုံးသား​လေးပြန်​ဖြစ်​သွားပါ​တော့သည်​။
စာ​ရေးသူလဲ ကိုယ့်​အတွက်​​အောင်​မြင်​မှုရပြီးဆို​တော့ ​အောင်​စာရင်းမ​မေးရဲတဲ့သူငယ်​ချင်း​တွေအတွက်​ တစ်​​ယောက်​ချင်း​မေး​ပေးရတာ​ပေါ့။ ထိုအချိန်​ရဲ့ ခံစားချက်​ကို စာ​ရေးသူနားလည်​လို့ပါ။ ​စာ​ရေး​သူ​ပြောချင်​တာက​လေ ​စာ​မေးပွဲ​ဖြေထားတဲ့ ​ကျောင်းသူ/သား​တော်​​တော်​များများက စာ​မေးပွဲ​အောင်​စာရင်းလို့​ပြောသံကြားရင်​ တုန်​လှုပ်​မှု​တွေရှိကြပါတယ်​။ ဒီလိုဘာ​ကြောင့်​ ခံစားရလဲဆိုတာက​တော့ မိမိကိုယ့်​ကို မိမိ ယုံကြည်​စိတ်​မရှိကြလို့ပါ။ ယုံကြည်​စိတ်​ဆိုတာ ကြိုးစားမှုနှင့်​သတ်​ဆိုင်​ပါတယ်​။ ကြိုးစားမှုမရှိဘဲ ယုံကြည်​စိတ်​ထားလို့ မရနိုင်​ပါဘူး။ စာ​မေးပွဲအသံကြားရင်​ ​ကြောက်​စရာ ရင်ခုန်​စရာမလို​အောင်​ စာ​တွေ ကြိုးစားပြီးဖတ်​ကြပါလို့ ​နည်းလမ်း​လေး​ပေးချင်​ပါတယ်​။ ဒီလိုနဲ့....
စာ​ရေးသူ​အောင်​စာရင်းသိရ​တော့ အ​ပျော်​လွန်​ပြီး သူငယ်​ချင်း​တွေရှိအ​ကြောင်းကြားပါတယ်​။ တစ်​ချို့သူငယ်​ချင်း​တွေက​တော့ စာ​ရေးသူကို ထပ်​တူထပ်​မျှဝမ်းသာ​ကြောင်း​ပြောပါတယ်​၊သူတို့​အောင်​စာရင်းအတွက်​ ရင်​တုန်​​နေ​ကြောင်း​လေး​တွေပါ​ပြောဖြစ်​ပါတယ်​။ တစ်​ချို့ သူငယ်​ချင်း​တွေက​တော့ ​မ​ပျော်​နိုင်​ပါဘူးတဲ့ သူတို့မှာ ပူပင်​စရာ​တွေများ​နေလို့ပါတဲ့။ စာ​ရေးသူလည်း ထင်​မှတ်​ထားတဲ့စကားလုံး​တွေကြားမှာ သူ့မှာဖြစ်​​နေတဲ့ စိတ်​ဖိစီမှု​တွေအတွက်​ ​ရောတူခံစား​ပေးလိုက်​ပါသည်​။ ဒီလိုချိန်​မှာ ဘယ်​လိုသူငယ်​ချင်းမျိုးဟာ ကိုယ်​နဲ့စိတ်​တူကိုယ်​တူ​တွေရှိတယ်​ ဘယ်​လိုသူငယ်​ချင်းမျိုးက သူ့စိတ်​ခံစားချက်​ပိုင်​ဆိုင်​ရာကလွဲရင်​ ကျန်​တာအ​ရေးမကြီးဘူး စသည့်​သဖြင့်​ သူငယ်​ချင်းများစွာရဲ့ စိတ်​ဓာတ်​​ပေါင်းများစွာ သိခဲ့ရပါတယ်​။ စာ​ရေးသူ.ဖုန်းဆက်​ပြီး​မေးရခြင်းဟာ သူငယ်​ချင်း​တွေရဲ့စိတ်​ထား​တွေ ကို သိခြင်းတာလဲဖြစ်​ပါတယ်​။ ​ လူတစ်​​ယောက်​မှာ သူငယ်​ချင်းဘယ်​​လောက်​များများရှိ​နေပါ​စေ ကိုယ်​ရဲ့ ​ပျော်​ရွှင်​ဝယ်​နည်းမှု​တွေကို ထပ်​တူထပ်​မျှ ခံစား​ပေးနိုင်​တဲ့သူငယ်​ချင်း​တော့ ဘဝမှာ​တွေ့ရဖို့ရှားပါးပါတယ်​၊၊ သူငယ်​ချင်း​ကောင်းဆိုတာ တန်​ဖိုးကြီးတဲ့ရတနာ တစ်​ခုလို အဖိုးတန်​ပါတယ်​။ သူငယ်​ချင်း​ကောင်း ရရှိထားသူဟာလည်း တန်းဖိုးမဖျက်​နိုင်​တဲ့အရာကိုပိုင်​ဆိုင်​ထားလို့ ဘဝမှာအရမ်းကံ​ကောင်းတဲ့သူတစ်​​ယောက်​ပါ။တန်းဖိုးရှိတဲ့သူငယ်​ချင်းကို တန်းဖိုးထား​ပေးဖို့ပဲလိုအပ်​တာပါ။
စာ​ရေးသူအပါအဝင်​ လူတိုင်းအားလုံးဟာ ဘဝမှာ တန်ဖိုးမဖျက်​နိုင်​တဲ့သူငယ်​ချင်းကို ​တွေ့ရှိနိုင်​ကြပါ​စေလို့ ဆု​တောင်းပြုရင်​💗 image

သို့/ သူငယ်​ချင်းများစွာ | Ecency