Mother Days

Words
34
Reading
1 min
Listen
Play
9y

မျက်ရည်စက်တွေ နို့ရည်စက်တွေ
ရောစက်ကာ
အနာခံ အသေခံ၍
အဖြူ အမဲ မခွဲခြားပဲ
သေမင်းနှင့် ရင်ဆိုင်
ဒုက္ခတွေကြား မွေးဖွားပေးတဲ့
မေမေ ........။

အရောင်မဆိုးတဲ့ မေတ္တာတွေကြား
မိမိအသက် ဘေးထား
အစားငတ်ပြီး အ၀တ်မဲ့လည်း
မေတ္တာနဲ့ ဖုံးလွှမ်း
နှလုံးသားနဲ့ စကားပြောတတ်သော
မိဘများအတွက်
ကမ္ဘာပေါ်ရှိ သားသမီးများအားလုံး
အချိန်မနှောင်းခင် ကျေးဇူးဆပ်နိုင်ကြပါစေ။

image

Wai Zin Thwe (Alingatei)
MSC-104

Mother Days | Ecency