ရောက်တတ်ရာရာအတွေး

Words
135
Reading
1 min
Listen
Play
9y

ရောက်တတ်ရာရာအတွေး
image
အိပ်ယာဝင်ချိန်ရောက်လာပေမယ့် အိပ်မပျော်တာနဲ့ တောင်တောင်အီအီ လျှောက်တွေးနေမိတယ်။ steemit မှာ တစ်နေ့ကို ပိုစ့်တစ်ခုတင်နိုင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပေမယ့် အရင်ရက်တွေက စာမေးပွဲရှိတာကြောင့် မရေးဖြစ်ခဲ့ဘူး။ ဒါနဲ့ ဒီနေ့တော့ စာရေးဖြစ်အောင်ရေးမယ်ပေါ့။ဘာအကြောင်းရေးရမလဲ စဉ်းစားရင်း ညအချိန်နဲ့ပတ်သက်ပြီး ပြောကြတာကို သတိရသွားတယ်။ မြန်မာတွေပြောနေကြတာလေးပေါ့။ ညကြီးမင်းကြီးတဲ့။ ဘယ်နှယ့်ပါလိမ့်။ ညဆိုလည်း ညပေါ့။ ညကြီးမင်းကြီး ဆိုတော့ ညမှာ ဘယ်က မင်းကြီးကပါလာတာပါလိမ့်ပေါ့နော်။ အဲ့ဒါနဲ့ဆက်စပ်ပြီး တွေးမိတာလေးရှိသေးတယ်။ ထမင်းစားပြီးလို့ ပန်းကန်ဆေးတဲ့နေရာမှာ ဆေးနေတုန်း ဆိုပြီးတာပဲကို ဘာတဲ့။ ဆေးတုန်းကြောတုန်းတဲ့။ ဆေးတာကတော့ ထားပါတော့။ ကြောတုန်းက ဘယ်ကပါလာတာလဲမသိဘူး။
image
တစ်ဆက်ထဲတွေးနေမိတယ်။ တစ်ချို့ အင်္ဂလိပ်စာလုံးတွေကို မြန်မာအဓိပ္ပာယ်အတိုင်း မသုံးဘဲ အင်္ဂလိပ် အသံထွက်အတိုင်း သုံးကြတဲ့ စကားလုံးတွေကိုပေါ့။
Platform = လူသွားစင်္ကြံ ဆိုပေမယ့် ပလက်ဖောင်း လို့ပဲခေါ်ကြတယ်။
Driver = ယာဉ်မောင်း ကိုလည်း ဒရိုက်ဘာ လို့ခေါ်တယ်။
Loud Speaker ကိုလည်း အားရပါးရခေါ်ကြတယ် လော်စပီကာတဲ့။
အဲ့လိုပဲ စကားလုံးတွေအများကြီးရှိသေးတယ်။
အဲ့ကနေအတွေးနယ်ကျော်လာခဲ့တာ ည ၁၁:၃၀ လောက်ရောက်လာတာကို သတိရလိုက်တယ်။ရုတ်တရက် အတွေးကဝင်လာပြန်ရော။ လူရယ်လို့ဖြစ်လာပြီဆိုရင် နေ့စဉ်ဘဝတွေကို ဖြတ်သန်းကြရတယ်။ မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်ကတည်းကနေ ညအိပ်ယာဝင်တဲ့အထိ လူတန်းစေ့နေထိုင်နိုင်ဖို့၊ သမုဒ္ဒရာဝမ်းတစ်ထွာဆိုတဲ့ ဝမ်းဗိုက်ကြီးကို ကျွေးမွေးနိုင်ဖို့ ရုန်းကန်လှုပ်ရှားကြရတယ်။ အဲ့ဒီနေရာမှာ လူတစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်မှု့တွေရှိလာတယ်။ ပြိုင်ဆိုင်ရာမှာ ရိုးသားစွာ တရားနည်းလမ်းကျကျ ပြိုင်ဆိုင်ကြတာရှိသလို မိမိတို့ဘဝတိုးတက်ရေးအတွက်သာကြည့်တဲ့ ကောက်ကျစ်ယုတ်မာစွာပြုမူကြတာလည်း ရှိပြန်တယ်။
ပြောင်းလဲတိုးတက်လာတဲ့ခေတ်နဲ့အညီ အသုံးအဆောင်တွေ၊ နည်းပညာတွေ မြင့်မားလာသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်။ ကုန်ဈေးနှုန်းမြင့်တက်လာသလို လူတွေရဲ့ စားဝတ်နေရေး ကြပ်တည်းလာပြီး လူတွေရဲ့ အကျင့်စာရိတ္တတွေလည်း ပျက်ပြားလာတယ်။ ခိုးဝှက် လုယက်မှုတွေ၊ လူသတ်မှုတွေကို မကြာခဏ ကျူးလွန်လာကြတယ်။ သမုဒ္ဒရာဝမ်းတစ်ထွာကိုး။
image
ဆက်ပြီး အတွေးနယ်ကျွံနေလို့မဖြစ်တော့ဘူး။ နောက်ညများမှပဲ ဆက်တွေး ဆက်ဆွေးတော့မယ်။ ညအချိန် ၁၂:၄၅ ရှိပြီလေ။ အိပ်တော့မှဖြစ်မယ်။ မင်္ဂလာရှိသော ညလေးတစ်ညပါဗျာ။ မြန်မာ steemit တို့ရေ.......
image
Author wailinn@wailinn
MSC 144

ရောက်တတ်ရာရာအတွေး | Ecency