ပျော်ရွှင်ပါစေ မြန်မာပြေ...!!!

Words
70
Reading
1 min
Listen
Play
8y

image
ဒီနေ့ သင်္ကြန်အကြိုနေ့ ပထမဦးဆုံးနေ့အဖြစ်  ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်... နေပြည်တော်မဟာသင်္ကြန်မဏ္ဍပ်... မန္တလေးမြို့မဟာသင်္ကြန်မဏ္ဍပ်... များမှဖွင့်ပွဲများဖြင့် ရိုးရာနှစ်သစ်သင်္ကြန်ကို အောင်မြင်ပျော်ရွှင်စွာ ရေကစားနိုင်ကြစေရန် ဖွင့်ပွဲအခမ်းအနားများကို ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံစွာ စည်စည်ကားကားကျင်းပခဲ့ကြပါသည်။
image
မြို့အနှံ့တစ်မျိုးနဲ့တစ်မျိုး မရိုးရအောင် ပုံစံမျိုးစုံဖြင့် ရိုးရာသင်္ကြန်အားပုံဖော်ထုဆစ်ကြသည်ကိုလည်းမြင်တွေ့ကြရမှာပါ။
image
နောက်ပြီးဒီနှစ်သင်္ကြန်ထူးခြားတာက လမ်းလျှောက်သင်္ကြန်မြင်ကွင်းလေးများပင်ဖြစ်ပါသည်။ရောင်စုံထီးများအပြင် ပုသိမ်ထီးကလေးများဖြင့်ပါ အလှဆင်ထားပြီး လမ်းလျှောက်ရေကစားသူများအပြင် ကြည့်မြင်ရသူများအတွက်ပါ ပျော်ရွှင်စော့ကစားချင်စိတ်ဖြစ်အောင်ဆွဲဆောင်ထားနိုင်ပေသည်။
image
ရေကစားမဏ္ဍပ်များတွင်လည်း အဆိုတော်များမှ သီချင်းဖျော်ဖြေခြင်း... အောက်မှ ရေပက်ခံထွက်လာကြသောသူများမှ အားပေးကခုန်ကြခြင်း... ရေပက်ဖျန်းသူများကလည်း ရေစင်များပက်ဖျန်းပေးခြင်းတို့ဖြင့် ကိုယ်စီကိုယ်စီ သူ့နေရာနဲ့သူ ပျော်ရွှင်စရာများအား ဖန်တီးပျော်ပါးကြလေသည်။ရပ်ကွက်တွင်းဆိုရင်လည်း အုန်းလက်မဏ္ဍပ်လေးများဖြင့် ပျော်ရွှင်စွာရေကစားကြသည်ကိုလည်း နှစ်သက်ဖွယ်ရာတွေ့မြင်ကြရမှာပါ။ထို့အပြင် ရခိုင်တိုင်းရင်းသားများသင်္ကြန် ရှမ်းတိုင်းရင်းစားများသင်္ကြန်စသည်ဖြင့် တိုရင်းသားများအားလုံးလည်း သူ့ဒေသနဲ့သူ ရိုးရာသင်္ကြန်များဖြင့် နှစ်သစ်ကိုပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေကြပါသည်။
image
image
မုံရွာချင်းတွင်းသင်္ကြန်မှာလည်း သဲပန်းပုပညာရှင်များ၏သဲပန်းပုရုပ်ပုံများကိုလည်း တွေ့ရှိခံစားကြရအုံးမှာပါ။
မြန်မာပြည်တစ်ပြည်လုံးရှိ ပြည်သူပြည်သားအားလုံး တစ်ဦးနဲ့တစ်ဦး မေတ္တာရေစင်များ ပက်ဖျန်း၍ ပျော်ရွှင်စွာရေကစားကြရင်း မြန်မာ့ ရိုးရာနှစ်သစ်သင်္ကြန်အား အေးချမ်းပျော်ရွှင်ကြစေကြောင်းနှင့် ကျန်းမာ ချမ်းသာ ၍ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း အကြိုနေ့ ပျော်စရာမြင်းကွင်းများနှင့်တကွ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။
image
uthantzin@uthantzin
MSC-211
#photos credited facebook