သစ်သားပုံးဥပမာ...

Words
103
Reading
1 min
Listen
Play
8y

အားလုံးပဲ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေလို့ဆန္ဒပြုရင်း ဒီနေ့အတွက်ရေးထားတာလေး ဖတ်ကြည့်ပါအုံးခင်ဗျာ...
image
သစ်ခုတ်သမား(၄)ယောက်ဟာ သစ်ပင်တစ်ပင်ဆီ ခုတ်လှဲပြီး သစ်သားပုံးတစ်ခုဆီ ပြုလုပ်ကြပါတယ်။
**ပထမ သစ်ခုတ်သမားက ဝက် မစင် သုံးဖို့ မစင်ပုံးလုပ်လိုက်တဲ့ အတွက် မစင်ပုံးလေးဖြစ်သွားပါတယ်။
**ဒုတိယသစ်ခုတ်သမားက ရေထည့်သုံးလိုက်တဲ့အတွက် ရေပုံးလေးဖြစ်သွားတယ်။လူတွေအသုံးပြုကြတယ်။
**တတိယ သစ်ခုတ်သမားက အရက်ထည့် ထားတဲ့ အတွက် အရက်ပုံးဖြစ်သွားတယ်။လူတွေနှစ်သက်ကြတယ်။
**စတုတ္ထ သစ်ခုတ်သမားက ရွှေထည့်ဖို့သုံးတဲ့အတွက် ရွှေပုံးလေးဖြစ်သွားတယ်။လူတွေ တန်ဖိုးထားအသုံးပြုကြတယ်။
image
ပုံးအားလုံးအတူတူပဲ ထည့်ထားတဲ့ ပစ္စည်းလေးမတူတာနဲ့ အခေါ်အဝ်ါရော တန်ဖိုးထားတာခြင်းရော မတူတော့ ပါ။
ဒါကြောင့် ကျွန်တော်တို့တွေ အားလုံးမှာလည်း ဒီအတိုင်းပါပဲ။ကျွန်တော်တို့ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ... ယုံကြည်ချက်ခိုင်မာပုံ... အတွေးအခေါ်... စသည်ဖြင့် ပုံစံအမျိုးမျိုး ကွဲပြားသွားကြတာပါ။ဒီလိုအချက်တွေကြောင့် တစ်ချို့ ချမ်းသာကြပြီး တစ်ချို့မှာဆင်းရဲကြတယ်။တစ်ချို့ မှာ တိုးတက်အောင်မြင်ကြပြီး တစ်ချို့မှာ မအောင်မြင်ကြတာပါ။လူချင်းတူသော်လည်း မိမိရဲ့ စိတ်ဓါတ်... ညဏ်ပညာ...ကြိုးစားအားထုတ်မှု... တွေပေါ် မူတည်ပြီး အခြေအနေ အဆင့်အတန်းကွဲပြားသွားပါကြောင်း... အားလုံးအနှစ်ချုပ်လိုက်ရင် အသုံးပြုမည့် ပစ္စည်းတူသော်လည်း မိမိရဲ့ စိတ်ဓါတ်နဲ့ ညဏ်ပညာပေါ်မူတည်ပြီး အသုံးပြုမှု မတူတဲ့အပြင် တန်ဖိုးထားတာခြင်းလည်းမတူတော့ တဲ့အတွက် နေထိုင်မှု ဘဝအခြေအနေအဆင့်အတန်းများလည်း အမျိုးမျိုး ကွဲပြားသွားခြင်းဖြစ်ပါကြောင်း...
သို့ဖြစ်ပါ၍မိမိဘဝတိုးတက်အောင်မြင်ရန်အတွက် စိတ်ဓါတ် နှင့် ပညာ အဓိက အရေးကြီးပါကြောင်း...ဒီနှစ်ခုကသာ ပို၍ပို၍ကောင်းမွန်သော ဘဝအခြေအနေကို ခေါ်ဆောင်ပေးနိုင်မှာဖြစ်ပါကြောင်း... ဒီစိတ်ဓါတ်စွမ်းအား...ပညာစွမ်းအားနှစ်ခု ပေါင်းစပ်ပြီးစနစ်တကျလုပ်ကိုင်ဆောင်ရွက်ပါက မိမိလိုချင်သော အောင်မြင်မှုဆီ ရောက်ရှိမည်ဖြစ်ပါကြောင်း ရေးသားတင်ဆက်လိုက်ရပါတော့သည်။
image
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝပိုင်ဆိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်
uthantzin@uthantzin
MSC-211
photos from facebook

သစ်သားပုံးဥပမာ... | Ecency