အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ်တော့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာလေး အနည်းငယ်မျှဝေပေးခဲ့ချင်ပါတယ်။
Crd-org-source
စိတ်ပိုင်းဆိုင်ရာလေး ပြောမယ်ဆိုတော့ ကျွန်တော်တို့ လူဆိုတဲ့ ပညတ်ထားတဲ့ ခန္ဓာကိုယ်ကြီးမှာ ရုပ် နဲ့ နာမ် ဆိုပြီး အဓိက အစိတ်အပိုင်းနှစ်ခုပဲ ရှိပါတယ်။ဒီနှစ်ခုမှာ နာမ်ဆိုတဲ့ စိတ်လေးဟာ ခန္ဓာကိုယ်ရုပ်ကြီးကို ဦးဆောင်လမ်းညွှန်ပေးတဲ့ အရာပဲဖြစ်ပါတယ်။
ကောင်းတာတွေလုပ်လျှင်လည်း ဒီစိတ်ပဲဖြစ်သလို မကောင်းတာတွေလုပ်လျှင်လည်း ဒီစိတ်ကြောင့်ပဲဖြစ်တာပါ။
Crd-org-source
(၁)လူ့ဘဝ၏တန်ဖိုး...!
ကျွန်တော်တို့ ကမ္ဘာလောကကြီးမှာ လူဆိုတဲ့ သတ္တဝါဟာ အသိညဏ်အရှိဆုံး အမြင့်မြတ်ဆုံးပဲ ဖြစ်ပါတယ်။နတ်ပြည်က အပ်တစ်စင်း နဲ့ လူ့ပြည်ကအပ်တစ်စင်း ထိပ်တိုက်တွေ့ဖို့ရာ ခဲယဉ်းသလို လူ့ဘဝရဖို့ အင်မတန်မှ ခဲယဉ်းလွန်းပါတယ်။ဒီလို ခဲယဉ်းလှတဲ့ လူ့ဘဝကို ရထားတာဟာ တန်ဖိုးရှိပါလားလို့ အရင်သိထားရမှာပါ။တန်ဖိုးသိမှ တန်ဖိုးရှိတာဖြစ်ပါတယ်။တန်ဖိုးသိမှသာ တန်ဖိုးသိတဲ့စိတ်ကလေးဖြစ်လာပြီး တန်ဖိုးရှိလာမှာပါ။တန်ဖိုးသိအောင် တန်ဖိုးသိတဲ့စိတ်ကလေးဖြစ်လာအောင် လေ့ကျင့်မွေးမြူကြရမှာပါ။ဒါကတော့ လူ့ဘဝရဲ့တန်ဖိုးလေးကိုသိပြီး တန်ဖိုးရှိအောင် မြင့်မြတ်တဲ့လူ ဖြစ်လာအောင် ထားရမည့်စိတ်ထားလေးကို ပြောပြပေးခြင်းဖြစ်ပါတယ်။
မည်သည့်အကြောင်းအရာ ကိစ္စမဆို စိတ်ပိုင်းဆိုင်ရာကသာ ဦးဆောင်လွှမ်းမိုးဖန်တီးနိုင်မှာဖြစ်တဲ့အတွက် စိတ်နေစိတ်ထားကို ထားတတ်ဖို့အရေးကြီးလှပါတယ်။
Crd-org-source
(၂)ပေါင်းသင်းဆက်ဆံရေး...!
လူတစ်ယောက်ဖြစ်လာပြီဆိုရင် လူ့လောကကြီးထဲမှာ တစ်ယောက်တည်းနေ၍မရဘဲ လူအများနဲ့ပေါင်းသင်းဆက်ဆံနေကြရမှာပါ။ဒီလိုပေါင်းသင်းဆက်ဆံတဲ့အခါ လေးစားတဲ့စိတ် ကိုယ်ချင်းစာတဲ့စိတ် အကောင်းမြင်တတ်တဲ့စိတ်တွေနဲ့ ပေါင်းသင်းဆက်ဆံကြရမှာပါ။တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံတဲ့အခါ တစ်ဦးအပေါ်တစ်ဦး လေးစားမှုမရှိဘဲ ပြောဆိုဆက်ဆံမည်ဆိုပါက ထိရောက်မှုမရှိဘဲ ဘယ်လောက်ကောင်းတဲ့အကြံညဏ်စကားတွေပဲဖြစ်ဖြစ် အချီးအနှီးဖြစ်ပြီး ရလဒ်ကောင်းသော အခြေအနေတွေဖြစ်မလာနိုင်ပါ။
ဥပမာ--- လူတစ်ဦးမှ မိမိအား အခြားသူတစ်ယောက်၏မကောင်းကြောင်းကို လာပြောနေရင်တောင်မှ မိမိမှနားထောင်ပြီး ဖြည့်တွေးပေးနိုင်သော အကြံညဏ်များပြောပေးခြင်းဖြင့် ထိုမကောင်းကြောင်းလာပြောသူကို အားမပေးရာရောက်စေပါတယ်။
နောက်တစ်ခုက--- မိမိကိုယ်တိုင် မခံချင်သော အပြုအမူ အပြောအဆို အလေ့အကျင့်များကို သူတစ်ပါးအပေါ် မပြုလုပ်မိစေရန်နှင့် သူတစ်ပါး၏မကောင်းတဲ့အပြုအမူကို တွေ့သော်ငြားလည်း ထိုနေရာ၌ မိမိသာဆိုရင်ဆိုတဲ့ အတွေးမျိုးနဲ့ သူနေရာကနေ ဝင်စဉ်းစာြး
ည့်သော ကိုယ်ချင်းစာစိတ်မျိုး လေ့ကျင့်မွေးမြူကြရမှာပါ။
ဒီလို လေးစားတဲ့စိတ် ကိုယ်ချင်းစာစိတ် အကောင်းမြင်တတ်တဲ့စိတ်များ၏ အခြေအနေကိုသိရှိပြီး တန်ဖိုးထားနိုင်မှ တန်ဖိုးရှိတဲ့စိတ်လေးတွေဖြစ်လာမှာပါ။
ဒီလို စိတ်လေးတွေကို ထားရှိပြီး ကြိုးစားမွေးမြူနိုင်ဖို့ အရေးကြီးမှာဖြစ်ပါတယ်။ဒါမှသာလျှင် လူအများချစ်ခင်သော လေးစားအားကျရသောသူတစ်ယောက်ဖြစ်လာပြီး ပိုမိုတိုးတက်အောင်မြင်သောသူတစ်ယောက် ဖြစ်လာနိုင်မှာဖြစ်ပါတယ်။
Crd-org-source
(၃)အောင်မြင်မည့်စိတ်..အောင်စိတ်...!
ကျွန်တော်တို့အားလုံး လူရယ်လို့ဖြစ်လာရင် ချမ်းသာချင်ကြတယ်.. အောင်မြင်ချင်ကြတယ်။ဒါကျွန်တော်တို့ရဲ့ စိတ်ကဖြစ်တဲ့ သဘာဝတရားပါ။ဒါကြောင့် ဒီလိုဖြစ်ချင်တဲ့အရာ..ဖြစ်ချင်တဲ့စိတ်တွေကို တစ်ကယ့်လက်တွေ့ဘဝမှာ အောင်မြင်ရရှိအောင် ဘယ်လိုစတင်လုပ်ဆောင်ရမည်.. ဘယ်လိုအကောင်အထည်ဖော်ရမည်ဆိုတာ တိတိကျကျသိမြင်နိုင်ရပါမယ်။တိတိကျကျ ပိုင်ပိုင်နိုင်နိုင် မသိမမြင်သေးဘူးဆိုရင်တော့ မိမိဖြစ်ချင်တဲ့စိတ်ဟာ မပီပြင်သေးဘဲ အလှမ်းဝေးနေအုံးမှာပါ။
မိမိလိုချင်တဲ့အကြောင်းအရာဟာ မိမိနဲ့လောကသဘာဝအတွက် ဖြစ်တန်စွမ်းသောအရာ ဖြစ်နေရပါမည်။
ဒါကြောင့် ပထမဦးဆုံးအနေဖြင့် မိမိဖြစ်ချင်သောစိတ်မှ မိမိလိုချင်သောဘဝရည်မှန်းချက် ပန်းတိုင်ကို သိရှိပြီး တိတိကျကျထားရှိရမှာဖြစ်ပါတယ်။ထိုရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင်ကြိုးစားမည်ဆိုသော ခိုင်မာသည့်ယုံကြည်ချက်စိတ်ဓါတ်လည်း ထားရှိရမှာဖြစ်ပါတယ်။
မိမိတို့၏ရည်မှန်းချက်ပန်းတိုင်အတွက် မည်သို့မည်ပုံလုပ်ဆောင်ရမည်ကို နည်းလမ်းရှာပြီး အမြဲကြိုးစားလုပ်ဆောင်ဖို့လည်း လိုအပ်နေပါအုံးမည်။ဒီလိုအခြေအနေတွေဟာ ယုံကြည်ချက်ခိုင်မာတဲ့ စိတ်ဓါတ်အရင်ဖြစ်မှသာလျှင် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ယုံကြည်ချက်ခိုင်မာတဲ့စိတ်ဓါတ်ကြောင့် စိတ်အားထက်သန်မှုတိုးပွားလာပြီး ထိုစိတ်အားထက်သန်မှုနှင့်အတူ ဇွဲ လုံ့လ ဝီရိယများပါ ပိုမိုရရှိလာမှာဖြစ်ပါတယ်။ထိုပိုမိုရရှိလာသောစိတ်များအားလုံးနှင့်အတူ ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို ရရှိပိုင်ဆိုင်နိုင်ကြမှာဖြစ်တယ်လို့ သိရှိထားရမှာဖြစ်တယ်။ဒီလိုသိရှိမှသာလျှင် အောင်မြင်မည့်စိတ်..အောင်စိတ်ကို အတိအကျရရှိလာပြီး အောင်မြင်မှုကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။
Crd-org-source
အချုပ်အားဖြင့်ဆိုသော် လူတို့၏စိတ်ကသာ မည်သည့်အရာကိုမဆို စိုးမိုးထားတာ ဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာကို အရင်ဦးဆုံးသိအောင်လုပ်ပြီး လိုအပ်သလို လေ့ကျင့်မွေးမြူနိုင်မှသာ မိမိလိုချင်သော.. မိမိဖြစ်ချင်သောဘဝ ရည်မှန်းချက်ပန်းတိုင် အောင်မြင်မှုများရရှိနိုင်မှာဖြစ်ပါကြောင်း...
ကောင်းတာလုပ်တာလည်း ဒီစိတ်ဖြစ်သလို မကောင်းတာလုပ်တာလည်း ဒီစိတ်ပဲဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာကို ပိုမိုကောင်းမွန်လာအောင် အမြဲကြိုးစားမွေးမြူကြရမှာ ဖြစ်ပါကြောင်း...
ကမ္ဘာလောကကြီးမှာ လူသည်တန်ဖိုးအရှိဆုံးနဲ့ အမြင့်မြတ်ဆုံးဖြစ်သလို လူတွေမှာလည်း စိတ်သည် တန်ခိုးအကြီးဆုံးဖြစ်ပါကြောင်း...စိတ်ကူးပုံဖော်ရေးသားမျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211