Sharing About It...!

Words
189
Reading
1 min
Listen
Play
5y

Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
ဒီနေ့တော့ အပြင်သွားနေသဖြင့် အိမ်ပြန်ရောက်တာ နောက်ကျနေပါသည်။
သို့သော်လည်း မိမိလုပ်စရာရှိတာလုပ် ညစာ ထမင်းစားပြီး ခဏနေတာနဲ့ မိမိ၏ ပုံမှန်လုပ်နေကျအတိုင်း Hive-Myanmar Community သို့ post တင်ရန် စာရေးရပါမည်။

စာရေးမည်ဟု စဥ်းစားတိုင်း ခေါင်းစဥ်တစ်ခုအတွက် အကြောင်းအရာ ဟန်ချက်ညီအောင် ရေးနိုင်ရန် တွေးရပါသည်။
ထိုကြောင့် ကြိုတင်စဥ်းစားထားသော အကြောင်းအရာမရှိပါက အိုးနင်း ခွက်နင်း ဟိုရောက်ဒီရောက် ရေးချင်ရာရေးပြီး အချိတ်အဆက်မရှိ အစီအစဥ်မကျ သော စာများသာဖြစ်နေပါလိမ့်မည်။

ယနေ့တွင်လည်း မယ်မယ်ရရ စဥ်းစားထားတာ မရှိသဖြင့် မနေ့က ညဘက် တီဘီရှေ့ ခဏထိုင်ရင်း ကြည့်မိလိုက်သော Channel Me မှ Quest Million အစီအစဥ်လေးအား ပြန်လည်မျှဝေ ပေးခဲ့ပါအုံးမည်။
အားလုံးသိကြတဲ့အတိုင်း Quest To Million အစီအစဥ်မှာ မေးခွန်းတွေမေးပြီး Level အလိုက် ပိုက်ဆံဆု ချီးမြှင့်ပေးတာ ဖြစ်ပါသည်။
ကျွန်တော်ကြည့်သောအချိန်တွင် ကြားဖြတ် ကြည့်မိတာဖြစ်၍ level ဘယ်လောက်မှန်း မမှတ်မိတော့ပါ။
ထိုအစီအစဥ်တွင် မေးသွားခဲ့သော မေးခွန်းလေးနှစ်ခုကို ဗဟုသုတအဖြစ် ပြန်လည်ရေးသား မျှဝေပေးချင်သောကြောင့် စာသားများသာ အဓိကထား လိုက်မှတ်ထားလိုက်ပါသည်။

ပထမမေးခွန်း...???
(၁) ၂၀ ရာစုအထိ ကမ်ဘာပေါ်တွင် တုပ်ကွေးကပ်ရောဂါဘေး အကြိမ်အရေ မည်မျှ ကြုံတွေ့ခဲ့ရသနည်း။

အဖြေရွေးရန်...
(က) ၂ (ခ) ၃ (ဂ) ၄

ဒုတိယမေးခွန်း...???
(၂)အစာချေမှုအားကောင်းသည့် အင်ဇိုင်းပါဝင်မှုကို အားမပေးသော/အနည်းဆုံးဖြစ်သော အသီးဟာ မည်သည့်အသီး ဖြစ်သနည်း။

အဖြေရွေးရန်...
(က) Banana (ခ) Kiwi fruit (ဂ) Honeydew

စသည်ဖြင့် မေးခွန်းတစ်ခုခြင်းအတွက် အဖြေရွေးရန် သုံးခုစီ ပေးထားခဲ့ပါသည်။
သူငယ်ချင်တို့လည်း ဖတ်ရင်း ​စိတ်ထဲမှာ ဖြေကြည့်ကြပေါ့...
ထိုအစီအစဥ်တွင် ဖြေသွားသူမှာ ပထမတစ်ခုအတွက် မှန်သွားခဲ့ပြီး ဒုတိယမေးခွန်းကိုတော့ မှားသွားခဲ့ပါသည်။
tell_a_ripe_honeydew_melon.png

https://happyhappyvegan.com/honeydew-melon-ripe/
ပထမမေးခွန်းအတွက် အဖြေမှန်မှာ>>> (ခ) ၃ ကြိမ် ဖြစ်ပါသည်။
ပထမမေးခွန်းအတွက် ဖြေသွားသောသူသည် အတိအကျသိ၍ ဖြေရခြင်းမဟုတ်ပဲ အိုင်ဒီယာကောင်းပြီး အရွေးတော်ခြင်းကြောင့် အဖြေမှန်သွားခဲ့ပါသည်။
ဒုတိယ မေးခွန်း ဖြေရာမှာတော့ Banana ငှက်ပျောသီးကို အစာခံအောင် စားကြသည်ဟုမှတ်ယူပြီး အစာကြေနှေးသည့်အသီးဟု အထင်ရောက်သွားသောကြောင့် (က) Banana ကို ရွေးလိုက်ပါသည်။
အမှန်တကယ်တော့ Banana ငှက်ပျောသီးဟာ အမျှင်ဓာတ်များတဲ့အတွက် အစာချေရာမှာ အားကောင်းသော အသီးဖြစ်ပါသည်။
ဒုတိယ မေးခွန်း၏ အဖြေမှန်မှ>>> (ဂ) Honeydew ဖြစ်၍ မှားသွားခဲ့ပါကြောင်း ကျွန်တော်ကြည့်လိုက်ရသော Quest To Million မှ မေးခွန်းလေးနှစ်ခုအား ဗဟုသုတ အဖြစ် နားလည်လွယ်သလိုလေး ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
uthantzin@uthantzin
17.10.2021(20:00)pm

Sharing About It...! | Ecency