ပိုမိုကောင်းမွန်ကြပါစေ...!

Words
273
Reading
2 min
Listen
Play
8y

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ဒီနေ့တော့ ကျွန်တော်တို့သစ်လုပ်ငန်းစက်မှုဇုံအတွက် လျှပ်စစ်ဓါတ်အားပေးသော 33KV to 11KV High voltage sub station ဓါတ်အားခွဲရုံ လေးကိုကြည့်ပြီး လိုအပ်ချက်တွေများနေပါ၍ မိမိ စိတ်တွင်ဖြစ်ပေါ်လာသောအကြောင်းလေးများအား ပြန်လည်ရေးသားခဲ့ချင်ပါသည်။
20180904_150926-1.jpg
#photo credited by uthantzin@uthantzin
ဒီလျပ်စစ်ဓါတ်အားခွဲရုံဟာ လွန်ခဲ့တဲ့အနှစ်(၂၀)လောက်က ဆောက်လုပ်ခဲ့တာပါ။control pannel များအတွက် ခွဲရုံအဆောက်အဦးလေး ဆောက်ပြီး Transformer ထိုင်တဲ့နေရာမှာ ကွန်ကရစ်ခုံလေးနဲ့ပေါ့။အဆောက်အဦး ဆောက်တဲ့ level အမြင့်ကို ပြောချင်တာပါ။အဆောက်အဦးထဲမှာ စက်ရုံတစ်ခုချင်းစီ.. ရပ်ကွက်တစ်ခုချင်းစီအတွက် control pannel တွေထားရှိအသုံးပြုတာဆိုတော့ cable ကြိုးတွေအတွက် မြောင်းတွေဖောက်ထားပြီး တည်ဆောက်ရတာပေါ့။
အဆောက်အဦး၏ level ဟာ လမ်း၏ level ထက်နိမ့်နေသောကြောင့် မိုးရွာတဲ့အခါ ရေဝပ်နိုင်သောနေရာဖြစ်နေပါသည်။လမ်း၏ level ထက်နိမ့်နေသောကြောင့် မိုးရေများရောက်ရှိနေပါသည်။ဘယ်လောက်ပင်ရေစီးကောင်းကောင်း မိမိဆောက်မည့်အဆောက်အဦး အမျိုးအစားပေါ်လိုက်၍ လမ်း level ထက်နိမ့်ပြီး မပြုလုပ်သင့်သော အဆောက်အဦး ဖြစ်ပါသည်။လျှပ်စစ်ခွဲရုံဖြစ်တဲ့အတွက် လျပ်စစ်ပစ္စည်းများ ထားရှိအသုံးပြုမည့်နေရာ ဖြစ်တာကြောင့် ပိုပြီးသတိထားဆောင်ရွက်ရမှာပါ။
ဒါကြောင့် မိမိပြုလုပ်ဆောင်ရွက်တဲ့ ကိစ္စတွေမှာ လုပ်ဆောင်ရမည့်လုပ်ငန်းပုံစံ..အသုံးပြုမည့်သူများ၏လိုအပ်ချက်..ပြုလုပ်မည့်နေရာ၏အနေအထား..သတ်မှတ်ထားသောစံနှုန်း နှင့် safety အချက်အလက်များ..ရည်ရှည်အသုံးပြုနိုင်မှု..maintenance အတွက် ထည့်သွင်းတွက်ချက်ဆောင်ရွက်မှု စသော အကြောင်းအချက် ideas များ ပါဝင် တွက်ချက်ဆောင်ရွက်ကြရမှာပါ။
လျပ်စစ် wiring တပ်ဆင်ကြသော အဖွဲ့များတွင်လည်း တစ်ချို့သောအဖွဲ့များမှာ အားလုံးကောင်းမွန်အောင်ဆောင်ရွက်ကြသော်လည်း တစ်ချို့မှာ installation တပ်ဆင်ရေးသာလုပ်ဆောင်ကြပြီး maintenance အတွက်ထည့်သွင်းစဉ်းစားခြင်းမျိုး မပါရှိတာတွေ တွေ့ရပါတယ်။
good-vs-bad-electrical-panel_jpg.jpg
Crd-org-source
ဒါလေးအတွက် ဥပမာပေးရမယ်ဆိုရင်ဖြင့်... ကျွန်တော်တို့ လျပ်စစ်မီးပလပ်ပေါက် အတွက် မီးဆင်ပေးသောအခါ ခလုတ်နေရာမှာ tester နဲ့ထောက်ရင် မီးလင်းသော line ကြိုးကို ထည့်ပြီး တပ်ဆင်ပေးရမှာပါ။ဒီလိုမှမဟုတ်ဘဲ line ကြိုးတစ်ကြိုး.. neutral ကြိုးတစ်ကြိုး နှစ်ကြိုးပဲရှိတာ အဆင်ပြေသလိုထည့်ပြီး တပ်ဆင်ပေးလည်း မီးသုံးလို့ရနေတာပဲဆိုပြီး တပ်ဆင်ပေးတတ်ကြပါသည်။
ပုံမှန်အားဖြင့် သုံးစွဲသူများမှာ မီးသုံးလို့ရနေတဲ့အတွက် ဒါကိုမသိနိုင်ပါ။ သို့သော် safety အရ ဒါဟာ မလုပ်သင့်တဲ့ကိစ္စပါ။သုံးစွဲသူအတွက် မလိုလားအပ်သော ပြဿနာများကို မဖြစ်ပေါ်အောင် မိမိတပ်ဆင်ကတည်းက မှန်ကန်စွာ တပ်ဆင်ပေးခြင်းဖြင့် ဖြေရှင်းပေးပြီးသား ဖြစ်နေရမှာပါ။ဒါ့အပြင် နောက်တစ်ဆင့်အနေနဲ့ maintenance အတွက်ပါထည့်သွင်းစဉ်းစားပေးရမှာပါ။
ပလပ်ပေါက် မီးဆင်ပေးသောအခါ ခလုတ်တွင် neutral ကြိုးတပ်ဆင်ထားခြင်းဖြင့် သုံးစွဲသူဟာ လျှပ်စစ်ပစ္စည်းကို ခလုတ်ပိတ်ပြီး ပလပ်ခေါင်းမဖြုတ်ထားပါက မလိုအပ်ဘဲ line ကြိုးတစ်ချောင်း (power) သည် သုံးစွဲသော ပစ္စည်းထဲသို့ မလိုလားအပ်ဘဲ ရောက်ရှိနေမည်ဖြစ်ပါသည်။ထို့ကြောင့် သုံးစွဲသူများအတွက် ဒါဟာ safety မဖြစ်ပါဟု ယူဆခြင်းဖြစ်ပါသည်။
maintenance အတွက်ကတော့...
လျပ်စစ် wiring တပ်ဆင်ကြတဲ့အခါ  မျက်နှာကျက်အပေါ်တွင် ဝါယာကြိုးများကို စနစ်တကျ P.V.C ပိုက် (သို့)မိမိကြိုက်နှစ်သက်ရာ အသုံးပြုပြီး ဝါယာကြိုး color များကိုလည်း သူ့အရောင်နှင့်သူ.. လျပ်စစ်ပစ္စည်းများကိုလည်း သူ့အမြင့်နဲ့သူ သေသေချာချာ တပ်ဆင်ဆောင်ရွက်ကြရမှာပါ။ဒီလို ရည်ရှည်အသုံးပြုမည့်အရာများအတွက် maintenance အပိုင်းအထိပါ ထည့်သွင်းဆောင်ရွက်မှသာ  ကောင်းမွန်သောဆောင်ရွက်မှုတွေဖြစ်ပြီး ရလဒ်ပိုင်းတွေပိုမိုကောင်းမွန်လာကြမှာပါ။
ရေးရင်းနဲ့ ခွဲရုံအကြောင်း အဓိကမပြောရသေးဘူးဖြစ်နေတယ်။
20180904_150944-1-1-1-1.jpg
#photo credited by uthantzin@uthantzin
လျပ်စစ်ခွဲရုံဟာ level နိမ့်နေတဲ့အတွက် ကျွန်တော်တို့ သုံးစွဲသူများအဖို့ မိုးတွင်းအခါ ခွဲရုံ၏ OCB control pannel များသည် အောက်မှ ရေ၏အစိုဓါတ်ကြောင့် moisture များပြီး control pannel များမှာ High Voltage  line များဖြစ်၍ Auto ဖြတ်ချပြီး မီးပြတ်ပါတော့သည်။မီးပြတ်သွားတဲ့အခါ control pannel များကို moisture မရှိရန် မီးစက်မောင်း၍အပူပေးခြင်း..အောက်မှရေများအား ရေစုပ်စက်အင်ဂျင် နှင့်ရေစုပ်ထုတ်ခြင်း များဖြင့် မီးပြန်လည်ရရှိရေးဆောင်ရွက်ကြရပါသည်။
တစ်ခါတစ်ရံ မီးစက်အင်ဂျင်ဖြင့်အပူပေးရာတွင် pannel box နေရာအားလုံး လုံလောက်အောင် ခြောက်သွေ့မှုမရှိသဖြင့် မီးသွေးဖိုများပါသုံးပြီး ပိုမိုခြောက်သွေ့အောင်လုပ်ဆောင်ရပါသည်။
ဒါကြောင့် မိမိတို့၏စတင်ပြုလုပ်စဉ်အချိန်က လိုအပ်သောအချက်အလက်များအား ထည့်သွင်းမတွက်ချက်ခဲ့တာသော်လည်းကောင်း..ငွေကြေးအခက်အခဲကြောင့်သော်လည်းကောင်း..အကြောင်းအမျိုးမျိုးတွေဟာ သုံးစွဲသူများအတွက် အလုပ်များပိုမိုလုပ်ဆောင်ရပြီး အဆင်မပြေမှုများ ဖြစ်ပေါ်နေမည်ဖြစ်ပါသည်။
better-future.jpg
Crd-org-source
ထို့ကြောင့် မိမိတို့အားလုံးဟာ မိမိတို့ ပြုလုပ်ဆောင်ရွက်ရသော ကိစ္စရပ်များတွင် ကိစ္စရပ်အပေါ်မူတည်ပြီး လိုအပ်သောအခြေအနေအကြောင်းအချက်များထည့်သွင်းတွက်ချက်ခြင်း..သုံးစွဲသူ နှင့် maintenance အပိုင်းအတွက်ပါ ထည့်သွင်းစဉ်းစားပြီး အတတ်နိုင်ဆုံး အကောင်းဆုံးအခြေအနေအထိ ဆောင်ရွက်နိုင်မှသာ ပိုမိုကောင်းမွန်သော.. ပိုမိုတိုးတက်သော..ပိုမိုပြည့်စုံအေးချမ်းသော..အနာဂတ်များပိုင်ဆိုင်လာနိုင်မှာဖြစ်ပါကြောင်း ရေးသားတိုက်တွန်းလိုက်ရပါတော့သည်။
မြန်မာစတီးမစ် မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
uthantzin@uthantzin
MSC-211

ပိုမိုကောင်းမွန်ကြပါစေ...! | Ecency