မီးခိုးရှူသောနေ့တစ်နေ့...!

Words
79
Reading
1 min
Listen
Play
8y

ဒီနေ့တော့ မနက်အိပ်ယာထ ပြင်ပရာသီဥတုလေးကြည့်တော့ မိုးအုပ်သလို မှိုင်းနေတယ်ပေါ့..သေသေချာချာလေးလေ့လာချင်တော့ အပြင်ထွက် လေကောင်းလေသန့်လေးရှူရင်း နှာခေါင်းထဲ မီးခိုးအနံ့လေးတွေ ပါလာတာသတိထားမိတယ်။
image#photo credited facebook
အော်...ဒါ အနီးအနားက မီးရှို့တာလား... နောက်ပြီး အနီးအနားက စက်ရုံမီးခိုးခေါင်းတိုင်တွေကလဲုဖြစ်နိုင်တာပဲလေဆိုပြီး နေလိုက်တာပေါ့။တစ်ချို့ကလည်း လိုင်သာယာ ထိန်ပင် အမှူိုက်ပုံမီးကနေ လေထဲ မီးခိုးငွေ့အနံ့တွေပါလာတာလို့တော့ ပြောနေကြတယ်။ကျွန်တော်ကတော့ လှိုင်သာယာနဲ့ ရွှေပြည်သာ နယ်ချင်းဆက်တယ်ဆိုပေမယ့် ကိုယ်ကသိပ်မထင်တာလေ။သို့သော် နေခင်း (၁၂း၀၀)နာရီကျော်လောက်အထိ မီးခိုးငွေ့အနံ့အသက်များ လေထုထဲတွင်ပါနေမြဲဖြစ်၏။ဒီလောက်အချိန်ကြာလာတော့ လှိုင်သာယာထိန်ပင် အမှိုက်ပုံက မီးလောင်ပြီးလေကြောင်းသင့်ရာ မြို့နယ်များဆီ မီးခိုးငွေ့ ရောက်လာတာဖြစ်နိုင်တဲ့ အခြေအနေဖြစ်သွားတာပေါ့။အဲဒါနဲ့ မကျေနပ်သေးဘူး facebook လေးဖွင့်ပြီးအခြေအနေ လေးစူးစမ်းကြည့်တော့...ဟုတ်တယ်ဗျာ ဧပြီလ (၂၁)ရက်နေ့ကစပြီး လောင်ကျွမ်းနေသော လိုင်သာယာ ထိန်ပင်သုဿန်အမှိုက်ပုံမီးကြောင့် အနီးအနားရပ်ကွက်တွေ မီးခိုးဒဏ်ခံနေရပြီး တစ်ခြားနီးစပ်သောမြို့နယ်များသို့ လေကြောင်းသင့်သလို မီးခိုးငွေ့အနံ့များ ရောက်ရှိမည်ဖြစ်ကြောင်းရေသားထားတာလေးတွေ့ပါလေရော...ကိုယ်ကလည်း ဒီလိုတွေ့မှကို ယုံကြည်လိုက်ရတော့၏။အခုတော့ရာသီဥတုကလည်းပူ အသက်ရှူတော့ မီးခိုးအငွေ့လေးကနှာခေါင်းထဲဝင်  ခေါင်းကလည်းစာရေးမယ်ဆိုတော့ ဘယ်လိုမှမကြည်လင် လွမ်းမရ...ဆွေးမရ... ဘာရေးရမှန်းမသိတော့ တဲ့ အခြေအနေ အဖြစ်အပျက်လေးကိုပဲ ရေးသားလိုက်ရပါတော့သည်။
image#photo credited facebook
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်
uthantzin@uthantzin
MSC-211

မီးခိုးရှူသောနေ့တစ်နေ့...! | Ecency