အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
Crd-org-source
ကျွန်တော်တို့ လူသားအားလုံးဟာ မနက်မိုးလင်း အိပ်ရာထပြီဆိုတာနဲ့ မျက်နှာသစ် သွားတိုက်ကြပြီး မိမိတို့ လုပ်ဆောင်စရာ ကိစ္စအဝဝကို လုပ်ဆောင်ကြမှာပါ။ဒီလိုမျက်နှာသစ် သွားတိုက်လုပ်တဲ့အခါ သတိလေးကပ်ပြီး မိမိမျက်နှာသစ်မည့်ရေဖလားတစ်ခွက်အား ကိုင်ပြီး ပထမဦးဆုံး "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"...။"ဓမ္မံ သရဏံ ဂစ္ဆာမိ"...။"သံဃံ သရဏံ ဂစ္ဆာမိ"...။ဟုရွတ်ဆိုပြီး သရဏဂုံတည်လိုက်ပါ။
ဤရေစင်ရေချမ်းအား မြတ်စွာဘုရားအားလှူဒါန်းပြီး ဝေနေယျသတ္တဝါအားလုံး ကျန်းမာ ချမ်းသာ လိုအင်ဆန္ဒပြည့်ဝကြပါစေလို့ စိတ်ထဲမှ မေတ္တာပွားပြီး ရွတ်ဆိုလိုက်ပါ။
ဤရေစင် အေးချမ်းသလို မိမိသည်လည်း အေးချမ်းပါစေ ဖြူစင်သန့်ရှင်းပါစေဆိုပြီး မျက်နှာသစ်အသုံးပြုလိုက်ပါ။
ဒါကျွန်တော်က တစ်ခုချင်းရေးပြနေလို့သာ ဒီပုံစံဖြစ်နေတာပါ..အမှန်တကယ်တော့ မျက်နှာသစ်ရင်း တွဲပြီးလုပ်ဆောင်သွားတာဖြစ်တဲ့အတွက် ပုံမှန်မျက်နှာသစ်တဲ့ ဟန်ချက်လေးနဲ့ အတူတူပါပဲခင်ဗျာ။
Crd-org-source
ပြီးတဲ့အခါ ဘုရား တရားခွေဖွင့်ပြီး တရားသံများဖြင့် မနက်ခင်းလေးကို စတင်လိုက်ပါ။ထို့နောက် ဘုရားသောက်တော်ရေလဲ ဆီမီးထွန်း တာတို့ ဆက်လက်ပြုလုပ်ပါ။ပြီးလျှင် ဆွမ်း ဆွမ်းဟင်းများကပ်လှူပြီး ဘုရားရှစ်ခိုး ငါးပါးသီလခံယူလိုက်ပါ။
ထိုသို့ ဘုရားဝေယျာဝစ္စများပါ တွဲလုပ်ရင်း မနက်စာစားပြီးတဲ့အခါ လုပ်ငန်းခွင်သွားမည့်သူများ လုပ်ငန်းခွင်သွားရန် ပြင်ဆင်ဆောင်ရွက်ပါ။
ဒီလိုဟန်ချက်လေးကို ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်လေ ဘုရားဦးချပြီး မြန်မြန်ဆန်ဆန်သွားရတဲ့ နေ့တွေရှိပါတယ်။ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ကြိုးစားရတာပေါ့။
ဒီလိုမျိုးကောင်းမှုကုသိုလ်လေးများပါတွဲပြီးလုပ်ဆောင်ခြင်းအားဖြင့် မိမိ၏တစ်နေ့တာ ဆောင်ရွက်ရသော လုပ်ငန်းဆောင်တာများအတွက် အန္တရယ်များကင်းရှင်းပြီး ပိုမိုအဆင်ပြေချောမွေ့မည်ဖြစ်ပါသည်။
ဒီလိုကောင်းမှုကုသိုလ်လုပ်ခြင်းအားဖြင့် မိမိ၏စိတ်ဟာ အေးချမ်းတည်ငြိမ်ပြီး ကြည်လင်လန်းဆန်း နေမည်ဖြစ်ပါသည်။
ထိုသို့ စိတ်အာရုံကြည်လင်လန်းဆန်းနေသောကြောင့် အာရုံစူးစိုက်မှုအားကောင်းပြီး မိမိလုပ်ကိုင်သော လုပ်ငန်းဆောင်တာများကိုလည်း ပိုမိုပီပြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။လုပ်ငန်းဆောင်တာများကို ပီပြင်စွာ ဆောင်ရွက်နိုင်တဲ့အတွက် မိမိကိုယ်ကို အားရကျေနပ်ပီတိဖြစ်လာပါမည်။
ထိုအားရကျေနပ်ပီတိဖြစ်လာသောစိတ်ကြောင့် တဖြည်းဖြည်း မိမိကိုယ်ကို ယုံကြည်မှုပိုရှိလာမှာဖြစ်ပါတယ်။
ဒါကြောင့် မိမိမနက်အိပ်ရာထပြီးကတည်းက ဒီလိုကောင်းတဲ့အကျင့်လေးတွေနဲ့ စတင်ကြရမှာဖြစ်ပါတယ်။
Crd-org-source
မိမိသည် ကိုယ်ပိုင်လုပ်ငန်းလုပ်သည်ဖြစ်စေ ဝန်းထမ်းလုပ်သည်ဖြစ်စေ လုပ်ငန်းခွင်မှာလည်း ဒီကောင်းသောအကျင့်လေးတွေဟာ အထောက်အပံ့ဖြစ်စေမှာပဲ ဖြစ်ပါတယ်။
ကြည်လင်အေးချမ်းသောစိတ်ကြောင့် အမှားအမှန်ကို ခွဲခြားနိုင်စွမ်းပိုမိုမြင့်တက်လာပြီး
မိမိ၏တစ်နေ့တာ လုပ်ငန်းခွင်တွင်လည်း လုပ်ငန်းဆောင်တာများကို စေတနာထားပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်လာမည်။ထိုအကောင်းမြင်တတ်သောစိတ်ကြောင့် လုပ်ဖော်ကိုင်ဖက်များအပေါ်တွင်လည်း ရာထူး အနိမ့်အမြင့် ကြီးသည်ဖြစ်စေ.. ငယ်သည်ဖြစ်စေ သာတူညီမျှဆက်ဆံပြီး ပိုမိုရင်းနှီးချစ်ခင်မှု ရရှိလာမည်။လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပြောဆိုဆက်ဆံရာတွင်လည်း တစ်ဦးအပေါ်တစ်ဦး လေးစားမှုပိုရှိလာပြီး ညီညွတ်မှုပိုမို ရရှိလာမည်ဖြစ်ပါသည်။ထို့ကြောင့် မိမိတို့၏လုပ်ငန်းများသည်လည်း ပိုမိုတိုးတက်အောင်မြင်လာမှာ အသေအချာပဲဖြစ်ပါသည်။
Crd-org-source
အချုပ်အားဖြင့်ဆိုသော် မိမိ၏ကောင်းသောအလေ့အကျင့်များမှ မိမိအတွက်နေ့စဉ်ကုသိုလ်ရနေသည့်အပြင် ထိုအကျိုးဆက်ဟာ မိမိ၏လုပ်ငန်းဆောင်တာများအထိပါ ကောင်းကျိုးများ ဆက်လက်ရရှိခံစားကြရမှာဖြစ်ပါကြောင်း...
နေ့တစ်နေ့အားကောင်းသောအလေ့အထများနှင့် နိုးထလုပ်ဆောင်သွားသင့်ပါကြောင်း ရေးသားတိုက်တွန်းလိုက်ရပါတော့သည်။
Crd-org-source
မြန်မာစတီးမစ် မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211