ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာ...! (ပထမပိုင်း)

Words
210
Reading
1 min
8y
Listen to this post
~1 min

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ်တော့ ဗုဒ္ဓဘာသာဝင်များအတွက် သိသင့်သော ဘာသာရေးအကြောင်းလေး အနည်းငယ်ပြောခဲ့ချင်ပါတယ်။
TeachingofBuddha.jpg
Crd-org-source
မိမိတို့၏ဗုဒ္ဓမြတ်စွာဘုရားမှ ဗုဒ္ဓဘာသာသည် နောင် အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုးကွဲပြားလာလိမ့်မည်ဟု မိန့်ဆို ဟောကြားခဲ့ပါသည်။ထိုဗုဒ္ဓဘာသာငါးမျိုးမှာ...
(၁)ကုလဗုဒ္ဓဘာသာ
(၂)လာဘဗုဒ္ဓဘာသာ
(၃)ဘယဗုဒ္ဓဘာသာ
(၄)သဒ္ဒါဓိကဗုဒ္ဓဘာသာ
(၅)ပညာဓိကဗုဒ္ဓဘာသာ တွေပဲဖြစ်ကြပါသည်။
a-man-asked-lord-buddha-i-want-happiness-lord-buddha-said-first-remove-i-thats-ego-then-remove-want-thats-desire-see-now-you-are-left-with-only-happiness.jpg
Crd-org-source
(၁)ကုလဗုဒ္ဓဘာသာဆိုတာဟာ ဘာမှမသိပဲ ရမ်းပြီးကိုးကွယ်တာကို ဆိုလိုခြင်းဖြစ်ပါသည်။မိရိုးဖလာအစဉ်အဆက် မိဘတွေကကိုးကွယ်လို့ သားသမီးက  လိုက်ကိုးကွယ်တာ တစ်ကယ်တန်းဘာမှမသိတာမျိုးကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာလို့ခေါ်ခြင်းဖြစ်တယ်။ထိုသူတို့ဟာ မိမိကိုယ်တိုင် ဘာသာရဲ့ သဘော..ဘာသာရဲ့နက်ရှိုင်းမှု.. ဘာသာ၏အနှစ်သာရတန်ဖိုးရှိမှု စသော အဓိပ္ပါယ်ကို သိရှိခြင်းမရှိပဲ ရမ်းပြီး ကိုးကွယ်တာကို ကုလဗုဒ္ဓဘာသာလို့ ခေါ်ခြင်းဖြစ်ပါတယ်။
ဗုဒ္ဓဘာသာကို ဘာကြောင့်ကိုးကွယ်တာလဲလို့ မေးရင် တိကျသောအဖြေမပေးနိုင်သောသူများသာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီအဖြေကို သိစေချင်ပါတယ်။
ဗုဒ္ဓဘာသာကို ဘာကြောင့် ကိုးကွယ်သလဲဆိုရင်...
(၁)သံသရာမှလွတ်ကြောင်းဖြစ်သော အေးငြိမ်းရာအမှန်မြတ်နိဗ္ဗါန်ကို ညွှန်ကြားပြသဆုံးမပေးနိုင်သော အတုမရှိသော ပုဂ္ဂိုလ် "မြတ်စွာဘုရား"ဖြစ်လို့...။
(၂)သံသရာမှလွတ်ကြောင်းဖြစ်သော အေးငြိမ်းရာအမှန် မြတ်နိဗ္ဗါန်ကို ပို့ဆောင်နိုင်သော "တရား"ဖြစ်လို့...။
(၃)သံသရာမှလွတ်ကြောင်းဖြစ်သော အေးငြိမ်းရာအမှန် မြတ်နိဗ္ဗါန်ကို ပို့ဆောင်ပေးနိုင်သော တရားတွေကို ဆောင်ထား..စောင့်ရှောင့်ထားတဲ့ "သံဃာ"တွေဖြစ်လို့ ... ယုံကြည်ကိုးကွယ်ရခြင်းဖြစ်ပါတယ်။
ဒီလို အကြောင်း အချက်အလက်တွေနဲ့ တိတိကျကျ သိရှိပြီး အမှားအမှန် ခွဲခြားနိုင်သော ဘာသာ၏သဘောအတိမ်အနက်ကို သိရှိသော ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်မှသာ ကုလ ဗုဒ္ဓဘာသာအဆင့်ကနေ ရုန်းထွက်ကျော်လွန်သွားနိုင်မှာပါ။ဒီလိုမှမဟုတ်ပဲ တိတိကျကျ သိရှိအောင် လေ့လာလိုက်စားခြင်းမရှိ ကျင့်ကြံခြင်းမရှိရင်တော့ ကုလဗုဒ္ဓဘာသာအဆင့်ပဲ ဖြစ်နေပါလိမ့်မည်။
နောက်ပြီး ကုလဗုဒ္ဓဘာသာဟာ အဆင့်နိမ်ကျသော ဗုဒ္ဓဘာသာပဲ ဖြစ်ပါတယ်။
အသိညဏ်နဲ့ဆုံးဖြတ်ထားခြင်းမရှိပဲ အသိညဏ်မပါပဲ ရမ်းပြီး သူများကိုးကွယ်လို့ လိုက်ကိုးကွယ်တဲ့ ဘာသာဝင်များကို ကုလဗုဒ္ဓဘာသာဝင်များဟု ခေါ်ဆိုခြင်းပဲ ဖြစ်ပါတော့တယ်။
8-fold.jpg
Crd-org-source
(၂)လာဘဗုဒ္ဓဘာသာကတော့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ဒီဘဝ စီးပွားရေးလေး တိုးတက်မလားဆိုပြီး ကိုးကွယ်တာပါ။ဟိုဘုရားကိုးကွယ်ရင် စီးပွားတက်မယ်..ဒီဘုရားကိုးကွယ်ရင် စီးပွားတက်မယ် စသည်ဖြင့် စီးပွားတက်ချင်လို့ ရွေးကိုးကွယ်တာပါ။လာဘ်လာဘလိုချင်၍ ကိုးကွယ်တာဖြစ်တဲ့အတွက် တစ်ကယ်စစ်မှန်သော ဘာသာ၏အဓိပ္ပါယ်လေးနက်မှုကို မသိတော့ဘဲ  အိမ်ဝယ်မယ်..ကားဝယ်မယ်.. စတိုးဆိုင်ဖွင့်မယ် စသည်ဖြင့် ပြုလုပ်ကြတဲ့အခါ ဗေဒင်ဆရာမေးတယ်..အကြားအမြင်မေးတယ်..နတ်ကတော်မေးတယ်..ဘိုးတော်မေးတယ် ယတြာတွေ ချေကြတယ်။အလုပ်တွေကို ရှုပ်နေကြတာပါ။လွဲပြီးရင် လွဲနေကြတော့တာပေါ့ဗျာ။
ဒါတွေဟာလည်း လာဘ်လာဘလိုချင်လို့ကိုးကွယ်ကြတဲ့ လာဘဗုဒ္ဓဘာသာတွေဖြစ်လာပြီး မှားလား.. မှန်လား မခွဲခြားနိုင်တော့တာပါ။
ဒါကြောင့် လာဘဗုဒ္ဓဘာသာဟာ အဆင့်နိမ့်ကျသော ဗုဒ္ဓဘာသာပဲဟု သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။
တစ်ကယ်တန်း စီးပွားတိုးတက်ချင်ရင် မိမိတို့၏ ကံlညဏ်lဝီရိယ ဖြင့် ယုံကြည်ချက်ခိုင်မာစွာ ကြိုးစားအားထုတ်ဆောင်ရွက်ကြရမှာပါ။
wpn-dhamma-talks-cover.jpg
Crd-org-source
(၃)ဘယဗုဒ္ဓဘာသာ ဆိုသည်မှာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်တာပါ။
ဘေးအန္တရာယ်ကို ကြောက်လို့ ဘေးအန္တရာယ်ကင်းဖို့..အသက်ရှည်ဖို့ အတွက်သာကြည့်ပြီး ဘာသာ၏သဘောအဓိပ္ပါယ်ကို သေသေချာချာသိရှိလိုခြင်းမရှိဘဲ ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာ လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ဒီလိုအသက်ရှည်ချင်လို့ ကိုးကွယ်တာဆိုရင် အခြားဘာသာကိုးကွယ်တဲ့သူတွေထဲမှာလည်း အသက်ရှည်တဲ့သူတွေ အများကြီးရှိနေမှာပါ။ဒါကြောင့် ဘာသာ၏လေးနက်သော အဓိပ္ပါယ်ကိုသိရှိအောင်မလုပ်ဘဲ ဘေးအန္တရာယ်ကိုကြောက်လိုသာ ကိုးကွယ်တာဟာ ဘယဗုဒ္ဓဘာသာပဲ ဖြစ်နေပါလိမ့်မည်။ဒီဘယဗုဒ္ဓဘာသာသည်လည်း အဆင့်နိမ့်ကျသော ဗုဒ္ဓဘာသာတစ်ခုပဲ ဖြစ်ပါတော့တယ်။
Enlightenment-Quotes-Wallpaper-10579.jpg
Crd-org-source
ထိုကြောင့် ကုလဗုဒ္ဓဘာသာ l လာဘဗုဒ္ဓဘာသာ l ဘယဗုဒ္ဓဘာသာ စသည့် ဘာသာ(၃)မျိုးအား အဆင့်နိမ့်ဗုဒ္ဓဘာသာဟု မိန့်ဆိုဟောကြားခဲ့ခြင်းဖြစ်ပါသည်။ကျန်သော ဗုဒ္ဓဘာသာ(၂)မျိုးမှာ အထက်တန်းကျသော ဗုဒ္ဓဘာသာများဖြစ်ပြီး နောက်အပိုင်းတွင် ဆက်လက်ဖော်ပြပေးမည်ဖြစ်ပါ၍ စောင့်မျှော်အားပေးကြပါအုံးပြောရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့ ...
ဆုမွန်ကောင်းတောင်းလျက်
uthantzin@uthantzin
MSC-211

ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာ...! (ပထမပိုင်း) | Ecency